Things To Do

အဝတ်အစားနှင့် အထည်အလိပ်ပွဲတော် ( MTG ) ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်

The Clothing and Garment Festival (MTG) will be held next December

အဝတ်အစားနှင့် အထည်အလိပ်ပွဲတော် Myanmar Int'l Textile & Garment Industry Exhibition (MTG 2020) ကို လာမည့် ဒီဇင်ဘာလ (၁၈) ရက်မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) ခန်းမတွင် ကျင်းပသွားမည် ဖြစ်သည်။ 

MTG ပွဲတော်ကို Yorkers Exhibition Services ( Myanmar ) Co.ltd မှ စီစဉ် ပြုလုပ်ခြင်းဖြစ်ပြီး အရောင်အသွေးစုံလင်သည့် အဝတ်အစားများနှင့် အထည်အလိပ်များကို တစ်နေရာထဲတွင် တစ်စုတစ်စည်း မြင်တွေ့နိုင်မည့်အပြင် မြန်မာ့ဈေးကွက်တွင် ပေါက်ရောက်နေသည့် နိုင်ငံတကာ Brand များကိုပါ တွေ့နိုင်မည် ဖြစ်သည်။

အဆိုပါပြပွဲတွင် နိုင်ငံ (၁၃) နိုင်ငံမှ နာမည်ကြီးအမှတ်တံဆိပ် Brand (၁၃၅) ခု ပါဝင်မည်ဖြစ်သည့်အတွက် အထည်အလိပ်လုပ်ငန်းကို စိတ်ဝင်စားသည့်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက်သင့်သည့် ပွဲတစ်ခု ဖြစ်သည်။

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို အဓိကထားမည်ဖြစ်သည့်အတွက် ပွဲကျင်းပသည့် YCC ခန်းမအတွင်းသို့ အသက် (၁၆) နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာ၍ မရကြောင်း၊ Mask တပ်ဆင်၍ လာရောက်ရမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

ပြပွဲ ပထမရက်နှင့် ဒုတိယရက်ကို မနက် (၁၀) နာရီမှ ညနေ (၅) နာရီခွဲထိ ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးရက်ကို ညနေ (၄) နာရီခွဲတွင် ပိတ်သိမ်းသွားမည် ဖြစ်သည်။

YCC တွင် အထည်အလိပ်ပွဲတော်အပြင် မြန်မာ့ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်လုပ်ငန်း နှင့် ထုတ်ပိုးမှု ပြပွဲ ( Myanmar Int’l Plastic, Rubber, Printing & Packaging Industry Exhibition) ၊ မြန်မာ့စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပြပွဲ (Myanmar Int’l Agriculture & Food Industry Exhibition) များကိုပါ တစ်ချိန်တည်း ကျင်းပသွားမည်ဟုလည်း သိရှိရသည်။

ယခင်က အဆိုပါပြပွဲများကို နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း COVID-19 ကူးစက် ပြန့်ပွားမှုများကြောင့် ပွဲကျင်းပမည့် ရက်များကို ဒီဇင်ဘာလသို့ နောက်ဆုတ်လိုက်ရခြင်း ဖြစ်သည်။

⇐ Previous Next

Read 1414 times