Things To Do

နှစ်ကာလများစာပေရဲ့ စာအုပ်ဈေးရောင်းပွဲ

The Eras Literature's Book Fair

ကဗျာ၊ ဝတ္ထု၊ အက်ဆေး အရေးအသားစာအုပ်ပေါင်း ၃၀၀ နီးပါးကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဝယ်ယူနိုင်မဲ့ နှစ်ကာလများစာပေရဲ့ စာအုပ်ဈေးရောင်းပွဲ။ 

 

ရသစာပေချစ်သူများ၊ အထူးသဖြင့် ကဗျာချစ်သူများအတွက် သတင်းကောင်းလေးတစ်ခုကို MY Yangon က ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မြသန်းတင့်၊ ဒဂုန်တာရာ၊ ဇော်ဇော်အောင်၊ ပါရဂူ၊ အောင်ချိမ့်၊ မောင်သာနိုး၊ ဒေါက်တာသန်းထွန်း၊ မြင့်သန်း၊ သစ္စာနီ၊ K ဇော်၊ မြင့်မိုးအောင်၊ အောင်ခင်မြင့်၊ မြကျေး နှင့်တကွ အခြားသော နာမည်ကျော်စာရေးဆရာ၊ ကဗျာဆရာများ၊ ခေတ်ပြိုင်စာရေးဆရာ၊ ကဗျာဆရာတို့ရဲ့  ကဗျာ၊ ဝတ္ထု၊ အက်ဆေးအရေးအသားစာအုပ်ပေါင်းများစွာကို ၁၅.၁၂.၂၀၂၅ မှ ၂၁.၁၂.၂၀၂၅ အထိ၊ အမှတ် ၂၁၇၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်ရှိ နှစ်ကာလများစာအုပ်တိုက်တွင်ဖြစ်စေ၊ Online မှ ဖြစ်စေ၊ ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို နှစ်ကာလများစာအုပ်တိုက် တယ်လီဖုန်း 018255948, 09740979393 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

 

MY Yangon ရဲ့ စာအုပ်မိတ်ဆွေတို့ ပိတ်ရက်လေးတွေမှာ ရသစာအုပ်လေးတွေကို လျှော့ဈေးနဲ့ ဝယ်ယူပြီး အေးဆေးဖတ်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါပြီနော် … 

 

1

2

3

4

5

6

7

8

9

10

⇐ Previous Next

Read 78 times