Things To Do

ရန်ကုန်မြို့ရဲ့ ပထမဆုံး ရေပေါ်ညဈေး

The Fist Yangon Water Night Bazaar

ရန်ကုန်မြို့ရဲ့ ပထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ် (၅) Love Boat Bridge မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်မယ့် ရေပေါ်ညစျေးက ရန်ကုန်မြို့ရဲ့ ပထမဆုံးသော ရေပေါ်ဈေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့   ရိုးရာအစားအစာတွေကို ဖော်ထုတ်ချင်တဲ့ ဆန္ဒရယ်၊ ရန်ကုန်မြစ်ရဲ့ အလှအပတွေကိုလည်း အများပြည်သူတွေ လေ့လာလို့ရအောင် ရည်ရွယ်ပြီးတော့ ဒီစျေးပွဲတော်ကို စီစဉ်တာလို့ သိရပါတယ်။  

ရေပေါ်ညဈေးကို အောက်တိုဘာ (၃၁) ရက်မှ နိုဝင်ဘာ (၈) ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး အင်းလေးရေပေါ်စျေးလိုမျိုး လှေတွေနဲ့ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ရေပေါ်ဈေးမှာ (၅) ပေ ကျယ်ဝန်းသည့် ဆိုင်ခန်းပေါင်း (၃၀) ပါဝင်ပြသ ရောင်းချသွားဖို့ရှိပြီး  ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပါတယ်။ အစားအသောက်များ တည်ခင်းရောင်းချနိုင်မယ့် လှည်းပုံစံ လုပ်ပေးမှာဖြစ်ပြီး လှည်းရဲ့ နေရာထားခကိုတော့ တစ်ရက်လျှင် ငွေကျပ်သုံးသောင်း ကောက်ခံမှာဖြစ်ကြောင်း သိရပါတယ်။ ရေ၊ မီးနှင့် စားသုံးသူများအတွက် နေရာထိုင်ခင်းတို့ကိုလည်း ညဈေးစီစဉ်တဲ့ တော်ဝင်ချမ်းသာ ကုမ္ပဏီမှ စီစဉ်ပေးမှာဖြစ်ပါတယ်။

လာရောက် ရောင်းချမယ့်သူတွေအနေနဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ပြီးမှ ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။ သူတို့ရောင်းချမယ့် ရိုးရာအစားအစာမှာ အနည်းဆုံး (၄) မျိုး၊ အများဆုံး (၁၀) မျိုးထိပဲ ရှိရပါမယ်။

ရေပေါ်ညဈေးမှာ ဈေးရောင်းချလိုသူများ အနေဖြင့် ဖုန်း - ၀၉-၆၈၈၂၃၇၇၉၉ ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

⇐ Previous Next ⇒

Read 3780 times