Things To Do

ရာသီခွင် (၁၂) ခုရဲ့ နှလုံးသားတံခါးကို ဖွင့်နိုင်မယ့် အဓိက သော့ချက်များ

The Key To Each Zodiac Sign's Heart

ရာသီခွင် (၁၂) ခုမှာ ကိုယ့်ရာသီခွင်အလိုက် သဘောကျနှစ်သက်တဲ့ ရုပ်ရည်ပုံစံ၊ ဝတ်စားဆင်ယင်မှု၊ အမူအကျင့်၊ စိတ်နေစိတ်ထားတွေက တစ်ခုနဲ့ တစ်ခုမတူနိုင်ပါဘူး။ ကိုယ်သဘောကျနေတဲ့ ရာသီခွင်ဖွား မိန်းကလေး/ယောကျ်ားလေးကို လိုက်တော့မယ်ဆိုရင် အဲဒီရာသီဖွားရဲ့ အကြိုက်တွေကို သိထားတော့ သူတို့ရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ပိုများတာပေါ့။ ဒါကြောင့် ရာသီခွင် (၁၂) ခုရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်မယ့် အဓိက သော့ချက်တွေကို မျှဝေပေးလိုက်ပါတယ်။   

၁။ Aquarius (January 21 - February 18)

Aquarius တွေက ဉာဏ်ရည်ထက်မြက်ကြတဲ့သူတွေဖြစ်တဲ့အတွက် သူတို့လိုမျိုး ထက်ထက်မြက်မြက်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေကို သဘောကျပါတယ်။ နောက်ပြီး သူတို့ရဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးနိုင်တဲ့ သူမျိုးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ 

ဆက်ဆံရေးကောင်းမွန်ပြီး စိတ်ထားနူးညံ့တာကလည်း Aquarius ဖွားတွေရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်မယ့် အချက်တွေထဲက တစ်ခုပါ။ သတိထားရမှာက Aquarius တွေရဲ့ နှလုံးသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လွတ်လပ်တာကို ကြိုက်တဲ့သူတွေမို့ သဝန်တိုတာတွေ၊ ချုပ်ချယ်တာတွေ၊ အနားမှာ အမြဲကပ်တွယ်နေတာမျိုး၊ အီစီကလီလုပ်တာမျိုးတွေ မလုပ်မိဖို့ ရှောင်ရပါမယ်။

၂။ Pisces (February 19 - March 20) 

Pisces တွေက စိတ်ထိခိုက်လွယ်ပြီး စိတ်နုတဲ့သူတွေဖြစ်လို့ အချစ်ရေးမှာ သစ္စာဖောက်ခံရမှာကို အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် သူတို့အပေါ်မှာ စိတ်ရင်းအမှန်နဲ့ ချစ်ပေးမယ့်သူ၊ ဂရုစိုက်ပေးမယ့်သူ၊ သစ္စာရှိတဲ့သူတွေကို လိုလားကြပါတယ်။ 

အပြောချိုချိုလေးတွေ ပြောတတ်တာမျိုး၊ သူတို့ လိုအပ်တဲ့ အချိန်တိုင်း အပြေးရောက်လာပေးတတ်တာမျိုးနဲ့ အသေးအမွှားလေးတွေအစ လိုက်ပြီး ဂရုစိုက်ပေးတာမျိုးတွေက Pisces တွေရဲ့ နှလုံးသားကို အရည်ပျော်စေတဲ့ အချက်တွေပါ။ အနုပညာနဲ့ သမိုင်းကြောင်းတွေကို  စိတ်ဝင်စားနှစ်သက်တဲ့သူတွေ ဖြစ်တာမို့ ဝါသနာတူဆိုရင် သူတို့ရဲ့ နှလုံးသားမှာ နေရာပိုရနိုင်ပါတယ်။

၃။ Aries (March 21 - April 19)

Aries လေးတွေက သူတို့ဘက်က ထိန်းချုပ်ချင်တာကို လက်ခံနိုင်မယ့်သူတွေဆို အရမ်းသဘောကျပါတယ်။ သူတို့ကို တကယ်ချစ်ရင် သူတို့ပြောတာကို လက်ခံနိုင်ရမယ်ဆိုတဲ့ သဘောမျိုးရှိပါတယ်။ 

နောက်တစ်ချက်က ဆွဲဆောင်မှုရှိတဲ့ စကားမျိုးတွေ ပြောတတ်ရပါမယ်။ ဆိုလိုချင်တာကတော့ Flirting စကေးကောင်းဖို့ လိုပါတယ်။ သူတို့ကို ဘယ်လောက်ထိ တွယ်ငြိနေမိကြောင်းကို ဖော်ပြဖို့ မရှက်ပါနဲ့။ Aries ဖွားတွေက သူတို့ချစ်တဲ့သူဆီက သူတို့ကို ဘယ်လောက်ချစ်ကြောင်း စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ ဖော်ပြပေးနေတာကို လိုချင်နေကြသူတွေ ဖြစ်ပါတယ်။ ဒီလောက်ဆို Aries လေးတွေရဲ့ နှလုံးသားတံခါးကို ဖွင့်နိုင်လောက်ပါပြီ။

၄။ Taurus ( April 20 - May 21)

Taurus ဖွားတွေရဲ့ နှလုံးသားထဲ ဝင်ဖို့ ခြေလှမ်း စလှမ်းမယ်လို့ တွေးထားတယ်ဆိုရင် အရာ၀တ္ထုပစ္စည်းသေးသေးလေးတစ်ခုကလည်း သင့်အတွက် အသုံးဝင်မှာပါ။ ဘာလို့လဲဆိုရင် Taurus တွေက လက်ဆောင်ပစ္စည်းရရင်ဖြစ်ဖြစ်၊ စပရိုက်တိုက်ခံရရင်ဖြစ်ဖြစ် အရမ်းပျော်တတ်ကြလို့ပါ။ 

Taurus တွေကို ဘာလက်ဆောင်ပေးရမလဲဆိုရင်တော့ သူတို့တွေက စျေးကြီးဘရန်းဒက်ပစ္စည်းတွေကို သဘောကျတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စျေးကြီးတဲ့ပစ္စည်းတွေမဟုတ်လည်း သူတို့အတွက် ရည်ရွယ်ပြီး ပေးတဲ့ ပစ္စည်းသေးသေးလေးတစ်ခုကိုတောင် တန်ဖိုးထားတတ်ကြပါတယ်။ အဓိကက ပေးတဲ့သူက သူတို့အပေါ် ဘယ်လောက် တန်ဖိုးထားပြီး ဂရုစိုက်လဲဆိုတာကိုပဲ Taurus တွေက စိတ်ဝင်စားတာပါ။

၅။ Gemini (May 22 - June 21)

Gemini တွေက စိတ်အပြောင်းအလဲမြန်တဲ့သူတွေဖြစ်သလို ရည်းစားလည်း များပါတယ်။ ဒါကြောင့် သူတို့ရဲ့ နှလုံးသားကို ရဖို့ဆို နည်းနည်းခက်ပါလိမ့်မယ်။ Gemini တွေရဲ့ နှလုံးသားကို ပိုင်ဆိုင်ဖို့က တကူးတက လုပ်ယူစရာတော့ မလိုပါဘူး။ 

အရှိကိုအရှိအတိုင်းနေပြီး ကိုယ့်ရဲ့ ပုံစံအမှန်ကို ပြထားမယ်ဆိုရင် သူတို့က သူတို့အဆင်ပြေတဲ့သူလို့ ယူဆရင်တော့ တွဲလိုက်မှာပါ။ အချစ်ရေးနဲ့ ပက်သက်လာရင် စိတ်လှုပ်ရှားမှု အများကြီးပေးနိုင်တဲ့သူမျိုးကို သဘောကျတာမို့ စိတ်လှုပ်ရှားမှုတွေ များများဖန်တီးပေးနိုင်လေ သူတို့အနားမှာ နေခွင့်ရဖို့ သင့်အတွက် အခွင့်အရေးပိုများလေလေပါ။

၆။ Cancer (June 22 - July 22)

Cancer ရာသီဖွားတွေကတော့ နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို ရရှိခံစားချင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့အတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့သူ၊ ပြောစရာမလိုဘဲ အလိုက်သိတဲ့သူတွေအတွက် သူတို့ရဲ့ နှလုံးသားတံခါးကို ဖွင့်ပေးတတ်ကြပါတယ်။ 

Cancer လေးတွေက ကြည်နူးစရာကောင်းတဲ့ ရိုမန့်တစ်စကားတွေထက် နူးညံ့တဲ့ ပေါ့ပေါ့ပါပါး စကားမျိုးတွေကိုသာ နှစ်သက်သူတွေဖြစ်ပါတယ်။ တခါတလေ အတွေးလွန်နေတတ်လို့ သူတို့ကို နှစ်သိမ့်ပေးနိုင်မယ့်သူ၊ လမ်းမှန်ပြပေးမယ့်သူကို အလိုရှိကြပါတယ်။ 

Advertisement

Click Here > Aquamarine Moon

၇။ Leo (July 23 - August 22)

Leo လေးတွေက စကားများများပြောရတာ ကြိုက်သလို ခေါင်းစဉ်တစ်ခုအောက်မှာ အပြန်အလှန်ဆွေးနွေးရတာကိုလည်း နှစ်သက်ပါတယ်။ ဒီတော့ သူတို့နဲ့အတူ စကားအပြန်အလှန်ပြောပေးနိုင်မယ့်သူ၊ သူတို့ပြောတာကို နားထောင်ပေးမယ့်သူဆို သဘောကျပါတယ်။ 

နောက်ပြီးတော့ ရိုမန့်တစ်ဆန်တဲ့ စကားတွေ များများပြောပြီး နွေးထွေးပေးနိုင်ရင်တော့ Leo တွေရဲ့ နှလုံးသားက ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Leo တွေက သူတို့နဲ့ ရင်ဘောင်တန်းနိုင်မယ့် အနေအထားမှာရှိတဲ့ သူတွေကို ပိုရွေးချယ်တတ်ကြပါတယ်။ 

၈။ Virgo ( August 23 - September 22)

Virgo တွေအတွက် အေးဆေးတည်ငြိမ်ပြီး ကတိတည်တဲ့ ပုံစံမျိုးလေးတွေက သူတို့ရဲ့ အကြိုက်ဖြစ်ပါတယ်။ သင်က ပေးထားပြီးသား ကတိကို လွယ်လွယ်နဲ့ ဖျက်တတ်တဲ့သူဆိုရင် Virgo တွေနဲ့ ဘယ်တော့မှ မနီးစပ်နိုင်ပါဘူး။

နောက်တစ်ချက်က Virgo တွေက အတွေးများတတ်သူတွေဖြစ်လို့ သူတို့ရဲ့ နှလုံးသားကို ပိုင်ဆိုင်ချင်ရင် သူတို့ ဝေခွဲမရနိုင်တဲ့အရာတွေကို အကြံဉာဏ်ပေးပြီး ဆုံးဖြတ်‌ပေးနိုင်တဲ့သူမျိုးဖြစ်ဖို့ လိုပါမယ်။ Virgo လေးတွေက စမတ်ဖြစ်တော့ သူတို့ကို လိုက်ရတာ မလွယ်ကူဘူးဆိုပေမဲ့ သင်က သူတို့အတွက် မှီခိုအားထားရတယ်လို့ သတ်မှတ်ထားခံရတဲ့သူဆိုရင် သူတို့နှလုံးသားကို အပိုင်ရပါပြီ။

၉။ Libra ( September 23 - October 22)

Libra ဖွားတွေက ရုပ်ရည်ချောမောလှပမှုကို စိတ်ဝင်စားပါတယ်။ သူတို့နဲ့ တွဲချင်တယ်ဆိုရင် ရုပ်ချောမှ ရပါမယ်။ သူတို့ရဲ့ အာရုံစိုက်တာကို ခံချင်ရင် မျက်လုံးချင်းမဆုံဆုံအောင် လိုက်ကြည့်ပါ။ အဝတ်အစားအရောင် ‌ရွေးဝတ်တဲ့နေရာမှာလည်း အရောင်အငြိမ်၊ အနုလေးတွေကို ဝတ်တာ ပိုသဘောကျပါတယ်။ Libra တွေအတွက် မျက်စိရှုပ်စေတဲ့ အရောင်တွေကို မရွေးမိဖို့ သတိထားပါ။   

အမူအကျင့်ပုံစံကတော့ ဖော်ရွေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူမျိုး၊ ဆိုရှယ်ကျပြီး လူဝင်ဆံ့တဲ့သူမျိုးဆို သဘောကျပါတယ်။ Libra တွေက စိတ်ကူးယဉ်ဆန်တဲ့သူတွေဖြစ်လို့ သူတို့အတွက် ကြည်နူးစရာကောင်းတဲ့ ချစ်သူနှစ်ဦးရဲ့ ရိုမန့်တစ်အခိုက်အတန့်တွေကို ဖန်တီးတတ်ဖို့လည်း လိုပါမယ်။

၁၀။ Scorpio (October 23 - November 22)

Scorpio တွေက လူတစ်ယောက်ကို ချစ်ဖို့ ရုပ်ရည်ကို မကြည့်ပါဘူး။ သူတို့အတွက် အရေးကြီးတာက သူတို့ရဲ့ နှလုံးသားကို အပ်နှင်းလိုက်ရမယ့် တစ်ဖက်လူရဲ့ အရည်အချင်းနဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ Scorpio တွေက အချစ်ရေးမှာ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးတတ်ကြသူတွေဖြစ်တော့ သူတို့ရဲ့ နှလုံးသားကို လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး။

သူတို့ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်တယ်ဆိုရင် ကိုယ်က သူများတွေထက် အစစအရာရာမှာ တော်နေ၊ ထက်နေမှ ဖြစ်မှာပါ။ Perfect ဖြစ်နေစရာတော့ မလိုပေမဲ့ ကိုယ်ရောက်နေတဲ့ နယ်ပယ်တစ်ခုမှာတော့ တကယ်အရည်အချင်းရှိသူဖြစ်ဖို့ လိုပါမယ်။ Scorpio တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ဖို့ဆိုရင် ရုပ်ရှည်က အရမ်းကြီး ချောမောနေစရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး ဆွဲဆောင်မှုရှိနေရင် အဆင်ပြေပါတယ်။ 

၁၁။ Sagittarius ( November 23 - December 21)

Sagittarius တွေရဲ့ နှလုံးသားတံခါးကို ဖွင့်နိုင်ဖို့ဆို ဟာသဉာဏ်ရွှင်ဖို့ လိုပါတယ်။ သူတို့တွေက ပျော်ပျော်နေတတ်ပြီး အပြုံးတွေကို သဘောကျပါတယ်။ သူတို့အနားမှာနေတဲ့အခါ ရင်ထဲကလာတဲ့ နှစ်နှစ်ကာကာ အပြုံးမျိုး များများ ပြုံးပြပေးပါ။  

Sagittarius တွေက သူငယ်ချင်းကနေမှ ဖြစ်လာတဲ့ ချစ်သူဆက်ဆံရေးမျိုးကို ပိုသဘောကျပါတယ်။ ဒါကြောင့် သူတို့အနား ချဉ်းကပ်တော့မယ်ဆိုရင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ဖို့ အရင် ကြိုးစားပါ။ သူတို့က လွတ်လွတ်လပ်လပ်နေရတာကို သဘောကျပေမဲ့ ဘ၀မှာ ရည်မှန်းချက်ပန်းတိုင်မရှိဘဲ လမ်းပျောက်နေတဲ့သူတွေကိုတော့ ရွေးချယ်မှာ မဟုတ်ပါဘူး။

၁၂။ Capricorn (December 22 - January 20) 

Capricorn တွေက သူတို့ရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အောင်မြင်မှုတွေအတွက် ချီးကျူးပေးတဲ့သူမျိုးကို နှလုံးသားထဲမှာ နေရာပေးတတ်ကြပါတယ်။ သူတို့တွေကို နောက်ထပ်ဆွဲဆောင်နိုင်မယ့်အချက်က ဝတ်စားဆင်ယင်မှုပုံစံပါ။ 

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ခေတ်ဆန်တဲ့ အသွင်အပြင်မျိုးရအောင် ဝတ်စားတတ်တဲ့သူမျိုးကို  Capricorn တွေက သဘောကျပါတယ်။ တက်တက်ကြွကြွနဲ့ အလုပ်တစ်ခုမှာ စိတ်နှစ်ပြီး အာရုံစူးစိုက်နေတတ်တဲ့သူမျိုး၊ စိတ်အားထက်သန်တဲ့သူမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြပါတယ်။ 

ရာသီခွင် (၁၂) ခုအတွက် အချစ်ရေးမှာ အလိုက်ဖက်ဆုံး ရာသီခွင်များ

>>  https://bit.ly/42Cy6hx

⇐ Previous Next

Read 2346 times