Things To Do

Creative သမားတစ်ယောက်ဖြစ်ဖို့ ဘာတွေအဓိက လိုအပ်လဲ။

What are the key requirements to be a creative person?

ကမ္ဘာ့လူဦးရေ 7.5 Billion ရှိတဲ့ထဲကမှ (၄) ယောက်မှာ (၁) ယောက်နှုန်းက သူတို့ရဲ့အနာဂတ်မှာ တီထွင်ဖန်တီးမှုအတွက် အမြော်အမြင်နဲ့ အလားအလာကောင်းတွေရှိတယ်လို့ ယုံကြည်ရပါတယ်။

နောက်ပြီး လူတစ်ယောက်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအရှိဆုံး အချိန်ဟာ အသက် (၅) နှစ်အရွယ်မှာဖြစ်ပြီး Rate သတ်မှတ်မယ်ဆိုရင် (98%) အထိရှိပါတယ်။ အဲ့ဒီဖန်တီးနိုင်စွမ်းဟာ (၁၀) နှစ်အရွယ်မှာ (၃၀%) အထိလျော့ကျသွားပြီး အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်းလျော့ကျလာပြီး (၁၅) နှစ်မှာ (၁၂%) နဲ့ အရွယ်ရောက်ပြီးသားလူသားတွေမှာတော့ (၂%) အထိပဲရှိပါတယ်။

နောက်ပြီး လူ (၈) ယောက်မှာ (၁) ယောက်သာ Creativity ကအရေးကြီးတယ်လို့လက်ခံထားပြီး ကမ္ဘာပေါ်မှာ ရှိသမျှ CEO တွေထဲက (၆၀%) ဟာ creativity က အရေးအကြီးဆုံးခေါင်းဆောင်မှုစွမ်းရည်လို့ လက်ခံယုံကြည်ထားတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ဒါဆို ကိုယ့်ရဲ့ Creativity ကိုဘယ်လို ထိန်းသိမ်းမြှင့်တင်မလဲဆိုတာ သိထားဖို့က အရေးကြီးပါတယ်။ ထိန်းသိမ်းမြှင့်တင်နည်းတွေကတော့ ...

10 Everyday Things Creative People Do That Lead to Success | Inc.com

၁။ ပေါ်လာသမျှ အကြံသေးသေးလေးတွေကို ချမှတ်ထားပါ

တစ်ခါတစ်လေ ကျနော်တို့ဟာ လမ်းလျှောက်နေရင်းပဲဖြစ်ဖြစ် စကားပြောနေရင်းပဲဖြစ်ဖြစ် လက်ကနဲ အကြံဉာဏ်လေးတွေ ပေါ်လာတတ်ကြတယ်။ အဲဒီအကြံဉာဏ်လေးတွေဟာ ဆက်စပ်လို့မရတဲ့ အပိုင်းအစလေးတွေဖြစ်နေတတ်ပေမယ့် တစ်ချိန်ကျရင် ကျနော်တို့အတွက် အကောင်းဆုံးသော Big Idea ဖြစ်လာတတ်ပါတယ်။ 

အဲဒီအတွက် စာအုပ်လေးတစ်အုပ်ဖြစ်ဖြစ် မှတ်စရာတစ်ခုခုဖြစ်ဖြစ် ဆောင်ထားပြီး အဲလိုပေါ်လာတတ်တဲ့ Raw Idea အကြမ်းလေးတွေကို ရေးမှတ်ထားတဲ့ အကျင့်လုပ်ရပါမယ်။

၂။ ဖြစ်နိုင်သမျှ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားပါ

"ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်" ဆိုတဲ့စကားနဲ့ ဘယ်အကြံမှ မမှားဘူး ဆိုတဲ့စကားဟာ ကျနော်တို့ Creative Industry မှာအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ပြဿနာတစ်ခုခုပဲဖြစ်ဖြစ် Creative work တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါမှာ လူပေါင်းများစွာရဲ့ မတူတဲ့ရှုထောင့်ပေါင်းစုံက ပေါ်လာသမျှ အမြင်တွေကို လေ့လာစီစစ်ပြီး အကောင်းဆုံးအဖြေကိုရှာထုတ်ရတာအရမ်းအရေးအကြီးပါတယ်။ 

ဒါကြောင့် တစ်ခုခုဆို ဖြစ်နိုင်သမျှ ရှုထောင့်ပေါင်းစုံကို မြင်တတ်တွေးတတ်ဖို့ လေ့ကျင့်ထားရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် ပြဿနာကို ပြောင်းပြန် ပြန်စဉ်းစားတာမျိုးတို့ လုံးဝမဖြစ်နိုင်ဘူးလို့ထင်တဲ့အချက်တွေကိုပါ ထည့်စဉ်းစားတာမျိုးတို့လုပ်ရပါမယ်။

5 Important Things To Remember About Creative People | MissMalini

၃။ ကန့်သတ်ချက် တစ်ခုခု သတ်မှတ်ပါ

ပြောရရင် Creative Work တစ်ခုခု လုပ်တဲ့အခါ သူနဲ့ဆိုင်တဲ့ ကိုယ်အဆုံးသတ်မယ့် အချိန်၊ နေရာ၊ ဝိသေသ စတဲ့ သတ်မှတ်ချက်တစ်ခုခုထားပြီးလုပ်တာဟာ မကြာခဏဆိုသလို Creativity ကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ ဥပမာ - စာသားကို (၁၀) လုံးပဲပါစေရမယ်တို့... ၁ နာရီအတွင်းမှာအပြီးလုပ်မယ်တို့ စတဲ့သတ်မှတ်ချက်လေးတွေနဲ့ လုပ်တာမျိုးပါ။

၄။ အိပ်ရေးဝအောင် အိပ်ပါ

Creative work တွေလုပ်တဲ့အခါမှာ Research တွေ reference တွေစတာတွေကို အရင်ဆုံးလုပ်ဆောင်ရပါတယ်။ အဲလိုကနဦးလုပ်ဆောင်မှုတွေပြီးတဲ့အခါမှာ ဘောလုံးကန်လို့ ပထမပိုင်းနားသလို အနားယူတာ အိပ်တာတွေ လုပ်ဆောင်သင့်ပါတယ်။ အဲလိုအိပ်စက်လိုက်ခြင်းဟာ Creativity ကို ၃၀% အထိမြှင့်တင်ပေးနိုင်တယ်ဆိုတာ အံ့သြသင့်ဖွယ်တွေ့ရပါတယ်။

၅။ လမ်းလျှောက်ပေးပါ

Writer တွေ Artist တွေဟာ သူတို့ရဲ့အကောင်းဆုံးသောအတွေးတွေကို လမ်းလျှောက်ရင်း ရခဲ့ကြတယ်လို့ ထောင်စုနှစ်များစွာ ကြာတဲ့အထိထောက်ခံကြတုန်းပါပဲ။ နောက်ဆုံးသုသေတနပြုချက်တွေအရ လမ်းလျှောက်ခြင်းဟာ New Idea Generation ကို သိသာထင်ရှားစွာတိုးတက်စေတယ်ဆိုတယ်လို့ ဆိုထားပါတယ်။ လမ်းလျှောက်ခြင်းအားဖြင့် ဦးနှောက်ကိုသွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေပြီး တစ်နည်းအားဖြင့် စိတ်ထွက်ပေါက်ကိုလည်းရစေတာက Creativity အတွက် တစ်ကယ်ကိုအကျိုးရှိစေပါတယ်။

၆။ သေသေချာချာ ကြိုးစားဖို့လိုအပ်ပါတယ်

ဒီအချက်ဟာ အောင်မြင်မှုတိုင်းရဲ့အဓိကအချက်ဖြစ်သလို Creativity အတွက်လည်း အရမ်းကိုအရေးကြီးတဲ့အချက်ပါ။ မှတ်တမ်းအချက်အလက်တွေကို လေ့လာကြည့်လိုက်တော့ သိပ္ပံနည်းပညာအရပြောထားတာက စုစုပေါင်းဖြစ်ထွန်းမှု နဲ့ အခြေခံကျသောအခက်အခဲထိုးဖောက်မှုဟာ အပြန်အလှန်ဆက်နွယ်နေတယ်လို့ဆိုထားပါတယ်။

Where's Waldo? Eight Ways to Identify Creative People -

၇။ အပန်းဖြေ အနားယူပါ

စိတ်တွေဟာ သောကကင်းဝေးနေမယ်ဆိုရင် ဆက်သွယ်မှုတွေက အတွင်းစိတ်ရည်ရွယ်ချက်တွေဆီကို ပိုမိုပေါက်ရောက်နိုင်ပါတယ်။ နောက်ပြီး အပန်းဖြေအနားယူခြင်းဟာ မသိစိတ်ထဲက ဝေဝါးပျံ့လွှင့်နေတဲ့ အတွေးတွေကို ပြန်လည်စုစည်းပေးနိုင်ပါတယ်။ 

ဆေးပညာအရ ကျနော်တို့ခန္ဓာကိုယ်ထဲမှာ ထုတ်လွှတ် Dopamine လို့ခေါ်တဲ့ဓါတ်တစ်မျိုးဟာ Creativity ကိုပိုမိုမြှင့်တင်ပေးနိုင်တယ်လို့လည်းသိရပါတယ်။ နောက်ပြီး (၇၂%) သောလူတွေဟာ ရေချိုးရင်းနဲ့ အိုင်ဒီယာတွေရကြတယ်လို့ဆိုထားပါတယ်။

၈။ ဖြန့်ကျက်တွေးတောပါ

ဒါလည်းတော်တော် အရေးကြီးတဲ့အချက်ပါ။ Steal like an Artist ဆိုတဲ့အတိုင်း Creative Work အားလုံးဟာတစ်ခုနဲ့တစ်ခု ပတ်သတ်ဆက်နွယ်နေတတ်ကြပါတယ်။ သဘာဝကျခြင် ၊ အလျင်းသင့်သလိုပေါင်းစပ်ခြင်းနဲ့ ကံကောင်းခြင်းဆိုတာတွေဟာ Creativity ရဲ့ နှလုံးသားတွေပါပဲ။ 

Creative work တွေမှာ အောင်မြင်တိုးတက်ချင်တယ်၊ Creative perspective အသစ်တွေဖန်တီးချင်တယ်ဆိုရင်တော့ အဆက်မပြတ် မင်းကိုယ်မင်း အသစ်အသစ်သော အတွေအကြုံတွေ၊ အကြံဉာဏ်တွေ၊ စဉ်းစားပုံ/စဉ်းစားနည်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေရမှာပဲဖြစ်ပါတယ်။

⇐ Previous Next

Read 1065 times