Things To Do

Yangon Water Bus တွင် တစ်ရက်တာ အခမဲ့စီးနင်းခွင့်ရမယ့် အစီအစဥ်

Yangon water Bus Resumes 0n 6 October

Yangon Water Bus ကို  ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် ပြန်လည်စတင်ရန် စီစဥ်ထားပါတယ်။

Yangon Water Bus ကို  ၂၀၁၇ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့တွင် စတင်ခဲ့တာဖြစ်လို့ (၅) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လာမယ့် အောက်တိုဘာ (၆) ရက်နေ့မှာ စတင်ပြေးဆွဲဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

Yangon Water Bus ဟာ  ၂၀၁၇ ခုနှစ်တုန်းကဆိုရင် ရန်ကုန်မြစ်တစ်လျှောက်က ဗိုလ်တထောင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်းနှင့် အင်းစိန်ဆိပ်ကမ်းအစရှိတဲ့ ဆိပ်ကမ်းမှတ်တိုင် (၇)  ခုကို Water Bus  ၅  စီးဖြင့်သာ ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ 

ပြန်လည်ပြေးဆွဲမယ့်  ဖွင့်ပွဲနှင့် (၅) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို မနက် (၇) နာရီတွင် လမ်းသစ်ဆိပ်ကမ်းမှာ  အကျဉ်းရုံး ကျင်းပသွားမှာဖြစ်ပါတယ်။ အလှူအတန်းအနေနဲ့ ဘယ်သူမဆို အလှူမနက်စာ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ 

(၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ (၆) ရက်နေ့ တစ်ရက်မှာ အခမဲ့စီးနင်းခွင့် ရရှိမှာဖြစ်ပြီး ရေယာဉ်ပေါ်တွင် အမှတ်တရ လက်ဆောင်များလည်း ဦးရာလူ ယူစနစ်ဖြင့် ပေးဝေသွားဖို့လည်းရှိပါတယ်။

K Pay၊ CB Pay၊ AYA Pay၊ A Plus Pay၊ UAB Pay တစ်မျိုးမျိုး သုံးစွဲသူဆိုရင် ဖုန်းထဲက Application ကို ပြသပြီး Sunset Ticket တစ်ကြိမ်စာကို လက်ဆောင်ရယူနိုင်ပါသေးတယ်။

 

⇐ Previous Next

Read 849 times