Things To Do

ဒစ်ဂျစ်တယ်အတွေ့အကြုံများဆိုင်ရာ လူငယ်စကားဝိုင်း

Youth Workshop Digital Experiences

ဒီတစ်ပတ် ပိတ်ရက်မှာ အိမ်က သားသား မီးမီး တို့ကို ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများကို ထိတွေ့လေ့လာစေချင်တဲ့ မေမေ ဖေဖေတို့အတွက် Event လေးတစ်ခုကို MY Yangon က ပြန်လည်မျှဝေပေးလိုက်ချင်ပါတယ်။ 

လူငယ်စကားဝိုင်း

Youth Workshop - Digital Experiences (ဒစ်ဂျစ်တယ်အတွေ့အကြုံများဆိုင်ရာ လူငယ်စကားဝိုင်း) လို့ အမည်ပေးထားတဲ့ ဒီ Event လေးကို ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်‌ကျေးမှုဌာန (IFB) မှာ စနေ၊ ၂၂ နိုဝင်ဘာ ၂၀၂၅ 11:00 a.m. မှ 1:00 p.m. အထိ ကျင်းပသွားမှာဖြစ်ပြီး အခမဲ့ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ 

လူငယ်စကားဝိုင်း

ဗဟုသုတရဖွယ် စကားဝိုင်း အစီအစဉ်ကို မြန်မာ၊ ပြင်သစ်၊ အင်္ဂလိပ် ဘာသာစကားတို့ဖြင့် ပြုလုပ်သွားမှာဖြစ်ပြီး ဖော်ပြထားသော ပြင်သစ်ယဉ်ကျေးမှုဌာန၏ ဧည့်ကြိုဌာန (+95) 9 406 596 611 နှင့် (+95) 17 - 537 122 သို့ တယ်လီဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်ပါတယ်။

⇐ Previous

Read 35 times