Things To Do

၁၂ ရာသီခွင်ထဲမှာမှ အစွန်းရောက် ထူးခြားချက်တွေ ရှိနေတဲ့ ရာသီခွင်များ

12 Astrology Zodiac Signs And Their Character

ရာသီခွင် (၁၂) ခု ရှိတဲ့ထဲက ဘယ်ရာသီခွင်မှာ မွေးဖွားတဲ့သူဖြစ်ဖြစ် ထူးခြားချက်လေးတွေ၊ အားနည်းချက်လေးတွေ ရှိတတ်ပါတယ်။ ဒီထဲကမှ တခြားရာသီခွင်တွေထက် အလုပ်လုပ်ပြီး ငွေရှာရတာကို စွဲလန်းကြတဲ့ ရာသီခွင် (၅) ခုရယ်၊ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ရာသီခွင် (၃) ခုရယ်၊ လိမ်ညာတာကို သည်းခံခွင့်လွှတ်မပေးနိုင်တဲ့ ရာသီခွင် (၄) ခုရယ်နဲ့ အချစ်ကြီးတဲ့ ရာသီခွင် (၃) ခုရယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အလုပ်ကို ဦးစားပေးလွန်းတဲ့ ရာသီခွင် (၅) ခု

၁။ Capricorn (Dec 22 - Jan 19)

အလုပ်သရဲလို့ ဆိုလိုက်တာနဲ့ ဒီရာသီဖွားတွေကို ပြေးမြင်လိုက်ပါ။ သူတို့က အလုပ်ကြိုးစားသလို ငွေကြေးကို အမှီအခိုကင်းကင်းနဲ့ သုံးစွဲကြသူတွေဖြစ်ပါတယ်။ ဒီရာသီဖွားတွေက မိသားစုအတွက် အမြဲတစေ ဖြည့်ဆည်းပေးချင်ကြသူတွေ ဖြစ်ပါတယ်။

၂။ Scorpio (Oct 23 - Nov 21)

ဒီရာသီဖွားတွေကတော့ တစ်စုံတစ်ခုကို အာရုံစိုက်လိုက်တာနဲ့ ပြီးမြောက်တဲ့အထိ မရပ်တန့်တော့ပါဘူး။ အလုပ်လုပ်ပြီဆိုရင် ထမင်းမေ့ဟင်းမေ့ လုပ်နေတတ်ပြီး အလုပ်ပြီးမြောက်ဖို့ကိုသာ အာရုံစိုက်လေ့ရှိသူတွေ ဖြစ်ပါတယ်။

၃။ Taurus (Apr 20 - May 20)

ဒီရာသီဖွားတွေက လုပ်ဖော်ကိုင်ဖက်တွေ အိမ်ပြန်သွားတဲ့အထိ အလုပ်စားပွဲမှာ အလုပ်လုပ်ပြီး ကျန်ခဲ့သူတွေ ဖြစ်ပါတယ်။ တန်ဖိုးကြီးပြီး ငွေများများရှိမှ ဝယ်နိုင်မယ့် အဖိုးတန် ဇိမ်ခံပစ္စည်းတွေကို နှစ်သက်လို့ သူတို့ဟာ ငွေကို အမြဲတမ်း ပိုရှာချင်ကြတာပါ။ 

၄။ Virgo (August 23 – September 22)

သူတို့လုပ်တဲ့ အလုပ်တိုင်းကို ပြီးပြည့်စုံမှ ကျေနပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ လုပ်တဲ့ အလုပ်တိုင်းအတွက်လည်း တန်ရာတန်ကြေးကောင်းကောင်း ရချင်သူတွေပါ။

၅။ Gemini (May 21 - June 20)

သူတို့က အလုပ်ချိန်မဟုတ်တဲ့တိုင်အောင် အလုပ်အကြောင်းကို အမြဲမပြတ် တွေးနေတတ်သူတွေဖြစ်ပါတယ်။ သူတို့ဘ၀ကို ပြောင်းလဲစေတာကလည်း အလုပ်တွေလို့ပဲ သတ်မှတ်ထားသူတွေဖြစ်ပါတယ်။

ဆွဲဆောင်မှုအရှိဆုံး ရာသီခွင် (၃) ခု

၁။ Leo (July 23 - August 22)

သူတို့က တစ်ဖက်လူကို ဆွဲဆောင်နိုင်မယ့် ကိုယ်ရည်ကိုယ်သွေး အပြည့်ရှိကြပါတယ်။ သူတို့ရဲ့ အပြောအဆိုတွေက နက်နဲပြီး နှလုံးသားက တိုက်ရိုက်လာတဲ့ စကားတွေလည်းဖြစ်ပါတယ်။ ဒီအချက်ကပဲ လီယိုတွေအနားမှာ လူတွေဝိုင်းနေရတဲ့ အဓိကဖြစ်စေပါတယ်။ 

၂။ Scorpio (Oct 23 to Nov 21)

ဒီရာသီဖွားတွေကတော့ အပြင်ပန်းသာမက အတွင်းဘက် စိတ်နေစိတ်ထားပါ လှပသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ညှို့ဓာတ်က ဟာသဉာဏ်ရွှင်တာဖြစ်ပြီး အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ကြပါတယ်။ ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်ဖို့ဆိုလည်း အများကြီး ကြိုးစားအားထုတ်ဖို့ မလိုအပ်တဲ့သူတွေ ဖြစ်ပါတယ်။ 

၃။ Libra (September 23 - October 22)

ဒီရာသီခွင်ကတော့ အချောအလှလေးတွေ ဖြစ်ကြပြီး သူတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးက မျက်လုံးဖြစ်ပါတယ်။ အကြည့်တစ်ချက်နဲ့တင် လိုချင်တာ မှန်သမျှကို အရယူနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီရာသီခွင်ဖွားတွေဟာ စိတ်ထားကောင်းပြီး သစ္စာရှိကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

     Advertisement

Click Here > Shwe Lamain

လိမ်ညာတာကို မုန်းတီးကြတဲ့ ရာသီခွင် (၄) ခု

၁။ Aries (March 21 - April 19)

လူတိုင်းအပေါ် စစ်မှန်စွာ ပေါင်းသင်းတတ်တာကြောင့် အတုအယောင်လူတွေကို သည်းမခံနိုင်ပါဘူး။ မတတ်သာလို့ လိမ်ညာရကြောင်း ဝန်ခံမယ်ဆိုရင်တောင်မှ သင့်ကို လူကောင်းအဖြစ် သတ်မှတ်တော့မှာ မဟုတ်တော့တဲ့ ရာသီခွင်ဖြစ်ပါတယ်။

၂။ Gemini (May 21 - June 20)

လိမ်ညာခံရတဲ့ ခံစားချက်ကို ကောင်းစွာ နားလည်ထားတာကြောင့် ကိုယ်တိုင်လိမ်ညာခြင်း မရှိသလို လိမ်ညာဖို့ ကြိုးစားသူတွေကိုလည်း အသိအမှတ် မပြုပါဘူး။ ဘယ်လောက်ခင်တဲ့၊ ချစ်တဲ့သူဖြစ်ဖြစ် ယုံကြည်မှုကို သစ္စာဖောက်လာသူအပေါ် အရင်ဆုံး လွှတ်ချတတ်သူတွေ ဖြစ်ပါတယ်။ 

၃။ Scorpio (October 23 - November 21)

ဒီရာသီဖွားအတွက် လိမ်ညာခြင်းက သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ရိုးဂုဏ်ကို ထိန်းထားပြီး တစ်ဖက်သား ခံစားချက်ကို ထိခိုက်စေမယ့် အမှန်တရားမျိုးကို ပြောဖို့တောင် မတွန့်ဆုတ်သူတွေ ဖြစ်ပါတယ်။ 

၄။ Aquarius (January 20 - February 18) 

လိမ်ညာသူတွေအတွက် အချိန်မရှိသလို အလိမ်အညာကို သည်းခံနိုင်စွမ်း မရှိတဲ့သူတွေဖြစ်ပါတယ်။ လိမ်ညာပြီး အခွင့်အရေးယူသူတွေကို ဘဝထဲမှ အလွယ်တကူ ထုတ်ပစ်တတ်ပါတယ်။ 

အချစ်ကြီးတဲ့ ရာသီခွင် (၃) ခု

၁။ Cancer (June 22 - July 22)

Cancer လေးတွေက အချစ်ကို ဆုံးရှုံးရမှာ ကြောက်တတ်ကြပြီး ကတိတည်တဲ့၊ လုံခြုံစိတ်ချရတဲ့ အချစ်ရေးကို ပေးစွမ်းနိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ စချစ်မိပြီဆိုတာနဲ့ သူတို့က အဲ့ဒီလူနဲ့ပဲ ထာ၀ရအတူနေဖို့၊ မိသားစုဘ၀ တည်ဆောက်ဖို့၊ သစ္စာရှိရှိချစ်ခင် စုံမက်သွားဖို့ တွေးထားပြီးသားသူတွေလည်း ဖြစ်ပါတယ်။

၂။ Pisces (February 19 - March 20)

Pisces လေးတွေက ချစ်သူအပေါ် အရမ်းဂရုစိုက်ပေးတတ်ပြီး ရိုမန်တစ်ဆန်တဲ့သူတွေပါ။ သူတို့ကိုယ်တိုင်က ပြီးပြည့်စုံတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ အရမ်းကြိုးစားကြသူတွေလည်း ဖြစ်ပါတယ်။

၃။ Scorpio (October 23 - November 21)

Scorpio လေးတွေက စိတ်ခံစားချက် အရမ်းပြင်ထန်ပြီး အချစ်လည်းကြီးပါတယ်။ သူတို့ကို ဂရုမစိုက်ရင် မကြိုက်သလို ချစ်သူအပေါ်မှာလည်း သစ္စာရှိသူတွေ ဖြစ်ပါတယ်။ ချစ်သူရဲ့ အာရုံစူးစိုက်မှုကို ရရှိဖို့ ကြိုးစားကြသူတွေ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 6593 times