Things To Do

လူတွေကို အရူးလုပ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် (၁၅) မျိုး

15 Simply Psychological Tricks That Actually Work

လူ့စိတ်ဆိုတာ နားလည်ရ အခက်အခဲဆုံးဖြစ်ပေမယ့် သင်လိုချင်တာကို အားစိုက်ထုတ်စရာမလိုဘဲ ဒီလို စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တွေသုံးပြီး အလွယ်တကူ ရယူနိုင်ပါတယ်။ ဒါ‌ကြောင့် မိသားစုတွေ၊ သူငယ်ချင်းတွေကို အရူးလုပ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် (၁၅) မျိုးကို မျှဝေပေးချင်ပါတယ်။ အတွေ့အကြုံရှိသူတွေ မျှဝေထားတာဖြစ်လို့ ဒီလှည့်ကွက်တွေက တကယ်အလုပ်ဖြစ်ပါတယ်။

(၁) တစ်စုံတစ်ယောက်နဲ့ ငြင်းခုံနေချိန်မှာ သူတို့ထက်ပိုပြီး တည်ငြိမ်နေလိုက်ပါ။ တည်ငြိမ်နေတဲ့ သင့်ကို ကြည့်ပြီး စိတ်လှုပ်ရှားကာ ယုတ္တိမရှိတဲ့ စကားတွေ ပြောထွက်လာစေပါတယ်။ ဒါက သင့်ကို စကားရည်လုပွဲတွေမှာ အနိုင်ရစေမယ့် နည်းလမ်းလည်းဖြစ်ပါတယ်။

(၂) လိမ်နေတဲ့ သူရဲ့ မျက်လုံးကို တည့်တည့် စိုက်ကြည့်ပါ။ လူတစ်ယောက်ရဲ့ မျက်လုံးကို ကြည့်ပြီး လိမ်ဖို့ ခဲယဉ်းပါတယ်။ မျက်လုံးကို စိုက်ကြည့်နေခြင်းက တစ်ဖက်သူကို တွန်းအားပေးရာရောက်ပြီး အမှန်ကို ပြောထွက်လာစေပါတယ်။

(၃) သင့်ခေါင်းထဲမှာ အမြဲတမ်း စွဲနေတဲ့ သီချင်းကို ခေါင်းထဲက ထုတ်လို့မရရင် သီချင်းရဲ့ အဆုံးကို စဉ်းစားလိုက်ပါ။

(၅) အကယ်လို့ လူတစ်ယောက်ကို သင်လိမ်ပြောတာ ယုံစေချင်တယ်ဆိုရင် အဆင်မပြေမှုတစ်ခုအကြောင်း အသေးစိတ်ကို ထည့်ပြောလိုက်ပါ။

ဥပမာ - “ငါ သူ့အိမ်ကို အဲ့နေ့က မသွားဘူး။ တခြားသူတွေနဲ့ပဲ တစ်ချိန်လုံး ရှိနေတာ” လို့ ပြောမယ့်အစား “အခုတလော သူ့ဆီကို ငါမသွားဖြစ်ဘူး၊ သူနဲ့ ရန်ဖြစ်ထားလို့ သူ့မျက်နှာကိုတောင် မမြင်ချင်ဘူး၊ အဲ့တာကြောင့် တခြားသူတွေနဲ့ပဲ တွေ့နေတာ” လို့သာ ပြောကြည့်ပါ။

(၆) သင် ပဋိပက္ခကို ရှောင်ချင်တယ်ဆိုရင် ရန်ပိုလိုလိမ့်မယ်လို့ သင်ထင်တဲ့ သူရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပါ။ သင့်ဘေးမှာ ထိုင်နေတဲ့ သူဟာ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူထက် ရန်လိုဖို့ ပိုခက်ခဲပါတယ်။

(၇) အကယ်လို့ သင့်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ Game ကစားနေချိန် သူ့ကို စိတ်ရှုပ်သွားအောင် လုပ်ချင်ရင် မင်းကစားတာ အရမ်းကောင်းလိုက်တာ၊ မင်းဘယ်လို ကစားတာလဲလို့ ပြောလိုက်ပါ။ သူတို့ အဲ့အကြောင်း တွေးပြီး Game အပေါ်မှာ အာရုံစိုက်မှု လျော့နည်းသွားပါလိမ့်မယ်။

Advertisement

Click Here > Myan Express Logistics

(၈) တစ်ခုခုရေတွက်နေတဲ့ သင့်သူငယ်ချင်းကို ရှုပ်သွားအောင် လုပ်ချင်ရင် နံပါတ်တွေ လျှောက်အော်မယ့်အစား နံပါတ်အစဉ်လိုက်သာ အော်နေလိုက်ပါ။ သူတို့ရဲ့ ဦးနှောက်က နံပါတ်စဉ် Pattern အတိုင်း လိုက်ရေတွက်မိနေပါလိမ့်မယ်။

(၉) သင်က သင်မကိုင်ချင်တဲ့ အထုပ်တစ်ခုခု ကိုင်လာရပြီ ဆိုပါစို့။ အထုပ်ကို သင့်သူငယ်ချင်းကို ခဏ ကိုင်ခိုင်းလိုက်ပါ။ ပြီးတော့ အိမ်မရောက်မချင်း တစ်လမ်းလုံး စကားပြောလာပါ။ များသောအားဖြင့် လူတွေက အထုပ်တွေကို သိပ်မစဉ်းစားဘဲ ကိုင်လာတာ များပါတယ်။

(၁၀) ကတ်ကြေး၊ ကျောက်တုံး၊ စက္ကူ Game ကစားတဲ့အခါ အနိုင်ရချင်ရင် Game မစခင်မှာ တစ်ဖက်သူကို ကြုံရာ Personal မေးခွန်းတစ်ခု မေးလိုက်ပါ။ အဲ့လို မေးလိုက်ခြင်းက တစ်ဖက်သူကို စိတ်ရှုပ်သွားစေပြီး ကတ်ကြေးကိုပဲ သူရွေးချယ်တော့မှာ ဖြစ်ပါတယ်။ ကတ်ကြေးက အလိုအလျောက် ခုခံရေး ပုံစံမျိုး ဖြစ်နေလို့ပါ။ 

(၁၁) တခြားသူ ဝှက်ထားတဲ့ ပစ္စည်းတစ်ခုခုကို ရှာနေတယ်ဆိုရင် ငါတွေ့ပြီလို့သာ အော်လိုက်ပါ။ ပုံမှန်အားဖြင့် သူတို့က သူတို့ ဖွက်ထားတဲ့ နေရာကို အလန့်တကြား တန်းကြည့်ပါလိမ့်မယ်။

(၁၂) လူတစ်ယောက်ကို လွမ်းတဲ့အခါ စာရေးဖို့ (သို့) ဖုန်းခေါ်ဖို့ အကြောင်းပြချက်မရှိတဲ့အခါ သူတို့ဆီ "မင်းကို အိမ်မက်မက်တယ်၊ မင်းနေကောင်းလားဆိုတာ သိချင်လို့" ဆိုတဲ့ မက်‌ဆေ့ချ်လေး တစ်ဆောင် ပို့လိုက်ပါ။ လူတိုင်းက အိမ်မက်ထဲမှာ ဘာဖြစ်လဲဆိုတာကို သိချင်ကြတာမို့ သင့်ကို စကားပြန်ပြောပါလိမ့်မယ်။ 

(၁၃) သင့်ကလေး ဘာတွေပေါက်ကရ လုပ်နေလဲဆိုတာ သိချင်ပေမယ့် သူတို့က ဖွင့်မပြာဘူးဆိုရင် သူတို့ နှစ်သက်တဲ့ အရာတစ်ခုခု လုပ်နေတဲ့အခါမှာ မေးကြည့်ပါ။ အာရုံပျံ့လွင့်နေတဲ့အခါ လိမ်ဖို့ သေချာမစဉ်းစားနိုင်တာကြောင့် အမှန်အတိုင်း ဖြေမိပါလိမ့်မယ်။

(၁၄) တစ်စုံတစ်ယောက်ကို သင်ပြောတဲ့အတိုင်း သဘောတူစေချင်ရင် ပြောနေရင်း ခေါင်းညိတ်ပါ။ သူတို့ အမှတ်တမဲ့ ပြန်ပြီး ခေါင်းညိတ်ပါလိမ့်မယ်။ 

(၁၅) တစ်ယောက်ယောက်က သင် မဖြေချင်တဲ့ မေးခွန်းမျိုးမေးလာတဲ့အခါမှာ "မင်းဘာလို့မေးတာလဲ" လို့ ပြန်မေးကြည့်ပါ။

⇐ Previous Next

Read 1243 times