Food & Drink

ရန်ကုန်က လူငယ်တွေကြား နာမည်ကြီးနေတဲ့ မာလာမောက်ချိုက်ဆိုင် (၆) ဆိုင်

6 Best Mala Mao Chai Restaurants In Yangon

လကုန်ရက်လည်း ရောက်တော့မှာဆိုတော့ လစာထုတ်ပြီး လက်ထဲ ငွေရွှင်တုန်းလေး ဗိုက်ထဲမှာပဲ ငွေစုမယ်ဆိုတဲ့ အစားတလိုင်းလေးတွေအတွက် ဒီတစ်ပတ်မှာတော့ လူငယ်တွေကြား နာမည်ကြီးနေတဲ့ ရန်ကုန်မြို့က မာလာရှမ်းကော၊ မာလာမောက်ချိုက်ဆိုင် (၆) ဆိုင်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Po Tay Toe Mao Cai

ဒီဆိုင်လေးကတော့ ဖွင့်ထားတာ သိပ်မကြာသေးဘူးဆိုပေမဲ့ အရသာနဲ့ ဝန်ဆောင်မှုကောင်းတာတွေကြောင့် လူငယ်တွေကြား နာမည်ရနေတဲ့ဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်မှာ အရည်ကို Spicy Level 1 နဲ့ 2 နှစ်မျိုး ရွေးလို့ရတဲ့ မာလာမောက်ချိုက်၊ မီးသွေးနဲ့ ကင်တဲ့ မန္တလေးစတိုင်အရသာစစ်စစ် အကင်မျိုးစုံ၊ အထောင်းနဲ့ အသုပ်တွေ၊ သစ်သီးဖျော်ရည်တွေ ရပါတယ်။ 

အကင်နဲ့ အရမ်းကို လိုက်ဖက်တဲ့ ဘီယာကတော့ ဒီဆိုင်မှာ လုံး၀ မရောင်းပါဘူး။ ဒါပေမဲ့ အပြင်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်လာရင်တော့ ရပါတယ်။ ဘီယာသောက်ဖို့အတွက် ရေခဲ free ပေးပြီး Bottle Charge လည်း ထပ်ပေးစရာ မလိုတဲ့ ဆိုင်ပါ။

မီးပျက်တဲ့ အချိန်ဆိုလည်း မီးစက်မောင်းပေးတော့ အေးစိမ့်နေတဲ့ အဲယားကွန်းခန်းထဲမှာ ပူပူစပ်စပ် မောက်ချိုက်တို့၊ အကင်တို့ကို အေးဆေးစားလို့ရတာပေါ့။

လိပ်စာ - အမှတ် (T9)၊ သံသုမာလမ်းမကြီး၊ သစ်စက်မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်။

ဖုန်း  - 09 757 586 337

၂။ Haw BBQ & Beer 

ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ Camping Vibe လေးကို ဆိုင်လာတဲ့သူတိုင်း ခံစားလို့ရအောင် မြက်ခင်းစိမ်းပေါ်မှာ Camping ခုံလေးတွေ၊ Tent လေးတွေ၊ မီးသီးလေးတွေရယ်နဲ့ ပြင်ဆင်ထားပါတယ်။ တမူထူးခြားတဲ့ အပြင်အဆင်ရှိတဲ့ ဒီဆိုင်မှာက BBQ အကင်၊ ဘီယာ​တွေအပြင် မာလာရှမ်းကော၊ မောက်ချိုက်နဲ့ မာလာထန်တွေပါ အစုံရပါတယ်။

ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ရင်း Board Game တွေ ​ဆော့ပြီးလည်း ​အေး​ဆေး Chill လို့ ရပါ​သေးတယ်။ ဒီဆိုင်လေးက အထပ် ၃ ထပ် ရှိပြီး အောက်ဆုံးထပ်ကတော့ ရိုးရိုးဝိုင်းလေးတွေ ဖြစ်ပြီး အပေါ်နှစ်ထပ်ကတော့ Indoor Camping ပုံစံလေး ပြင်ဆင်ထားတာပါ။ Tent ဝိုင်းလေးတွေမှာ ထိုင်ချင်တယ်ဆိုရင်တော့ ကြိုပြီး ဘိုကင်လုပ်သွားဖို့ လိုပါလိမ့်မယ်။

လိပ်စာ - အမှတ် ၄၆၊ လမ်းသစ်လမ်း၊ အောက်ဘလောက်၊ လမ်းမတော်မြို့နယ်။

ဖုန်း - 09 965077115, 09 964480822

Advertisement

Click Here > Shwe Byain Phyu

၃။ Foodie's Beat

မောက်ချိုက်လည်း စားချင်တယ်၊ ဘတ်ဂျက်လည်း ချွေတာချင်တယ်ဆို ဈေးတန်တန်နဲ့ များများစားလို့ရတဲ့ မြောက်ဒဂုံက ဒီဆိုင်လေးကို ညွှန်းပေးပါမယ်။ သူ့ဆီမှာ မောက်ချိုက်အပြင် မာလာရှမ်းကော၊ မာလာဟော့ပေါ့နဲ့ မာလာဟင်းပွဲတွေပါ ရပါတယ်။ တစ်ခု ၁၀၀ ကနေစပြီး ကိုယ်တိုင်ရွေးထည့်လို့ရသလို ၃၅၀၀ တန်ကနေ စတဲ့ Set Menu လေးတွေလည်း ရှိပါတယ်။

ပင်လယ်စာထဲမှာဆို ရှူးရှူးရှဲရှဲ အရသာနဲ့ ပုစွန်အစိမ်းသုပ်တို့၊ ရေဘဝဲသုပ်တို့၊ ရေဘဝဲပေါင်းတို့ပါ ရပါတယ်။ ထုံထုံစပ်စပ်တွေ စားပြီးရင် အစပ်ပြေလေး Dessert နဲ့ Drinks တွေ မှာလို့ရပါသေးတယ်။ နွေရာသီမှာ အေးမြစေမယ့် ကိုရီးယားဆန်ဆန် ဆန်ချိုအေးလေး မှာသောက်လို့လည်း ရပါတယ်။ ဒီဆိုင်လေးက အင်္ဂါနေ့တိုင်း ပိတ်ပါတယ်။

လိပ်စာ ၁ - ဒုတိယအထပ်၊ Lighting food court၊ တော်ဝင်စင်တာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်။

ဖုန်း - 09767257148

လိပ်စာ ၂ - အမှတ် ၁၃၂၊ အေးရိပ်သာလမ်း၊ ၄၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

ဖုန်း - 09 268526140

၄။ Mr Chef

အရသာရှိတဲ့ Asian Fusion အစားအစာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ရတော့ မကြိုက်မတူတဲ့ သူငယ်ချင်းတွေ ဒိတ်ရင် ခေါင်းစားစရာမလိုတော့ပါဘူး။ ဒီဆိုင်မှာ ရနိုင်တဲ့ မီနူးတွေကတော့ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ Appetizer တွေ၊ ထမင်းနဲ့ ဟင်းအတွဲ တစ်ယောက်စာ One Portion တွေ၊ ထိုင်းစာ ချဉ်ချဉ်စပ်စပ် အသုပ်လေးတွေ၊ ကိုရီးယား Army Stew၊ ဟော့ပေါ့၊ မာလာမောက်ချိုက်၊ မာလာရှမ်းကောတို့ ဖြစ်ပါတယ်။ 

ဒီဆိုင်မှာက ဝက်အူစုံမြေအိုးထမင်းနဲ့ ထိုင်းမှာ စားရတဲ့ အရသာမျိုး အုန်းနို့နံ့ သင်းသင်းမွှေးမွှေးလေးနဲ့ ပတ္တရားကြက်ကင်တို့က အရသာထူးကဲလို့ နာမည်ကြီးပါတယ်။ သောက်စရာအနေနဲ့ ကော်ဖီ အပူ၊ အအေးနဲ့ ဖျော်ရည် အစုံ ရပါတယ်။ ရန်ကုန်မြို့မှာတင် ဆိုင်ခွဲက (၇) ဆိုင်လောက်ရှိတော့ ဗိုက်ဆာတာနဲ့ ကိုယ်နဲ့ နီးစပ်ရာဆိုင်မှာ ပြေးစားလိုက်ရုံပါပဲ။ 

ဖုန်း - 09 7777 18253

၅။ Bangkok Thai Food

လှည်းတန်း အမြဲရောက်ဖြစ်တဲ့ လူဆိုရင်တော့ ဒီဘတ်ဂျတ်ဆိုင်လေးကို သိကြမှာပါ။ ဇေယျာသီရိလမ်းထဲ ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းမှာပဲ ရှိပါတယ်။ ဒီဆိုင်မှာက မောက်ချိုက်နဲ့ မာလာရှမ်းကောအပြင် ထိုင်းအထောင်း၊ အကင်၊ တရုတ်အစားစာ၊ အကြော်၊ အနှစ်ချက် ပင်လယ်စာ ဟင်းပွဲ အစုံလည်း ရပါသေးတယ်။ 

ငွေ ၈,၀၀၀ ကျပ်လောက်ကနေ စတဲ့ မာလာရှမ်းကော၊ မာလာမောက်ချိုက် Set တွေလည်း ရှိပါတယ်။ ၃,၀၀၀ ဝန်းကျင်လောက်နဲ့ One Portion Set တွေ၊ ဒါ့အပြင် အထောင်းတွေ၊ အသုပ်တွေဆိုလည်း ၂,၀၀၀ ကျော်လာက်လေးနဲ့ စားလို့ရပါတယ်။ ဒီဆိုင်လေးမှာ ထူးခြားတာက တရုတ်ကားထဲကလို ခွက်ပိစိလေးတွေနဲ့ သောက်ရတဲ့ နာဂခေါင်ရည်ကိုလည်း မြည်းစမ်းကြည့်လို့ရပါတယ်။

လိပ်စာ - အမှတ် (3/A)၊ ဇေယျာသီရိလမ်း၊ ၁ ရပ်ကွက် (လှည်းတန်း)၊ ကမာရွတ်မြို့နယ်။

ဖုန်း - 09 250 051 114 ,09 791 965 848

၆။  ဝိုက်
နောက်ဆုံးညွှန်းပေးချင်တာကတော့ သံသုမာလမ်း၊ တောင်ဥက္ကလာမှာရှိတဲ့ “ဝိုက်” ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုင်ရင် မာလာမောက်ချိုက်အပြင် မာလာရှမ်းကောလည်း ရပါတယ်။ အသားလုံးနဲ့ အသီးအရွက်တွေက ၂၀၀ ကျပ်လောက်ကနေစပြီး အသားချောင်းနဲ့ အသားပြားတွေကတော့ ၈၀၀ ကနေ ၁,၀၀၀ ဝန်းကျင်လေးတွေ ရှိပါတယ်။ 

စျေးနှုန်းတွေ ကပ်ထားပေးပြီး ရွေးချယ်စရာတွေလည်း အများကြီးဆိုတော့ ကိုယ့်ဘတ်ဂျတ်နဲ့ တွက်ချက်ပြီး စားလို့ရပါတယ်။ ဒီဆိုင်လေးရဲ့ အားသာချက်ကတော့ ဂရမ်နဲ့ ချိန်ရောင်းတာ မဟုတ်ဘဲ တုတ်ချောင်းအရေအတွက်လေးနဲ့ ပေးရတာဆိုတော့ ပိုအဆင်ပြေတာပေါ့။ သူ့မှာက မာလာရှမ်းကော၊ မောက်ချိုက်အပြင် လူကြိုက်များပြီး ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ Side Dish တွေလည်း စုံပါတယ်။

လိပ်စာ - အမှတ် (၂၉၈)၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်။
ဖုန်း - 09 254 200 020

⇐ Previous Next

Read 1447 times