Shopping & Promos

၂၀% လျှော့စျေးနဲ့ ရောင်းချမယ့်အပြင် အခမဲ့ပါ ပို့ဆောင်ပေးသွားမယ့် စာအုပ်ရောင်းပွဲ

Yangon Book Plaza Book Sales Up To 20%

သင်္ကြန်အားလပ်ရက်မှာ အိမ်တွင်းအောင်းပြီး စာအုပ်တွေ ဖတ်ရင်း အပန်းဖြေမယ့်သူတွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ စာအုပ်လျှော့စျေးအချိန်ကို စောင့်နေကြသူတွေအတွက် Yangon Book Plaza က (၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သင်္ကြန်အကြို စာအုပ်စျေးရောင်းပွဲကို ဧပြီလ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ ကျင်းပသွားဖို့ ရှိပါတယ်။

ဒီပွဲမှာဆိုရင် စာအုပ်တိုက် (၃၀) က စာအုပ်တွေကို ၁၅%၊ ၂၀% အထိ လျှော့စျေးတွေနဲ့ ရောင်းချသွားမယ့်အပြင် ကျန်စာအုပ်တွေကိုလည်း မူရင်းစျေးနဲ့ မရောင်းဘဲ ၁၀% အထိ လျှော့စျေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

တိုက်လုံးကျွတ် ရာခိုင်နှုန်းလျှော့မယ့် စာအုပ်တိုက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ စိတ်ကူးချိုချို (20%)

၂။ နှစ်ကာလများ (20%)

၃။ တကောင်း စာပေ (20%)

၄။ ဆုပြည့်စုံထွန်း (20%)

၅။ စိန်မိုးယံ စာပေ (20%)

၆။ ငါတို့စာပေ (20%)

၇။ Myanmar Knowledge Society  (20%)

၈။ ယဉ်မျိုး စာပေ (20%)

၉။ လှိုင်းသစ် စာပေ (20%)

၁၀။ အိမ်သူရွှေမ (20%)

၁၁။ ဂလိုဘယ်အလင်း (20%)

၁၂။ ပန်းဆက်လမ်း (20%)

၁၃။ Phoenix Kingdom (20%)

၁၄။ Smart စာပေ (20%)

၁၅။ ရုပ်ပြောင် စာပေ (20%)

၁၆။ ကျော်မွှေးစာပေ (20%)

၁၇။ သားငယ် စာပေ (20%)

၁၈။ လမ်းပြကြယ် (20%)

၁၉။ နန်းဒေဝီ (20%)

၂၀။ အိပ်မက်အသစ် (20%)

၂၁။ ရွှေပိတောက် စာပေ (20%)

၂၂။ ရတနာစာပေ (20%)

၂၃။ ရွှေအိမ်သူ စာပေ (20%)

၂၄။ Yoke Pya (20%)

၂၅။ ဘ၀တက္ကသိုလ် စာပေ (15%)

၂၆။ ဝိုင်းမော်စာပေ (15%)

၂၇။ လင်္ကာဒီပစာပေ (15%)

၂၈။ ဇွန်ပွင့်စာပေ (15%)

၂၉။ Third Story Project (15%)

၃၀။ ကံကော်ဝတ်ရည်(15%)

Advertisement

Click Here > Winpex Blind

ဒီလိုလျှော့စျေးတွေနဲ့ ရောင်းချသွားမယ့်အပြင် စျေးရောင်းပွဲ ကာလ (၃) ရက်စလုံးအတွက် Yangon Book Plaza မှာ Ninja Van ရဲ့ ကောင်တာတစ်ခု ရှိပါလိမ့်မယ်။ နယ်က သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ လူကြုံစာအုပ်အမှာတွေပဲဖြစ်ဖြစ်၊ ရန်ကုန်က သူငယ်ချင်းတွေဆီ လက်ဆောင်ပို့ပေးချင်ရင်ပဲဖြစ်ဖြစ်၊  စာအုပ်တွေ အများကြီးဝယ်ပြီး အိမ်ကို အလေးကြီး ပြန်မသယ်ချင်ရင်ပဲဖြစ်ဖြစ်၊ စာကြည့်တိုက်တွေအတွက် ဝယ်လှုဖို့ပဲဖြစ်ဖြစ် စာအုပ်တွေ မွှေနှောက်ဝယ်ပြီးရင် စာအုပ်တွေကို ထားခဲ့လို့ ရပါတယ်။ Ninja Van က စာအုပ် ၁ အုပ်ပဲဖြစ်ဖြစ်၊ အုပ် ၁၀၀ ပဲဖြစ်ဖြစ် မြန်မာပြည်အနှံ့ ပို့ခ အခမဲ့နဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းကနေတဆင့် မှာယူနိုင်တဲ့ အခွင့်အရေးမျိုးတော့ မရှိတာမို့ အလုပ်တစ်ဖက်နဲ့ မအားလပ်သူတွေ၊ မြို့နယ်ဝေးလို့ မလာနိုင်သူတွေ၊ နယ်ဝေးဘက်ကသူတွေကတော့ Yangon Book Plaza ကို လူကြုံလွှတ်ပြီး စာအုပ်အမှာပါးလို့ပဲ ရပါတယ်။ လူကိုယ်တိုင်လာဝယ်တော့ စာအုပ်တစ်အုပ်ချင်းစီကို ကိုယ်တိုင် အမြည်းဖတ်ပြီး စိတ်ကြိုက်ရွေးယူလို့ရတဲ့ အားသာချက်တော့ ရှိပါတယ်။ 

Yangon Book Plaza မှာ လျှော့စျေးနဲ့ ရောင်းချပေးမယ့် စာအုပ်လေးတွေကို ဘယ်မြို့ကပဲဖြစ်ဖြစ် ထိုင်ရမထ မှာချင်တယ်ဆိုရင်တော့ The Art ရဲ့ Page Messenger (https://bit.ly/3KkrsWC) မှာ ဧပြီ (၁) ရက်မတိုင်ခင် သွားပြီ ကြိုမှာထားလို့ရပါတယ်။ 

စာအုပ်ကို လျှော့စျေးတွေအတိုင်း ဝယ်ပေးမှာဖြစ်ပြီး ပို့ခကလည်း ၁၀၀% အခမဲ့ပါ။ ဒါပေမဲ့ ကိုယ်စားသွားဝယ်ပေးရမယ့် ဝန်ဆောင်ခအနေနနဲ့ တစ်အုပ်ဆို (၅၀၀) ကျပ်၊ နှစ်အုပ်နဲ့ အထက်ဆို (၁,၀၀၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

အခုလို စာအုပ်တွေ စျေးတက်နေတဲ့အချိန်မှာ စာဖတ်ဝါသနာရှင်တွေအတွက် စျေးသက်သက်သာသာနဲ့ လိုချင်တဲ့ စာအုပ်တွေ အကြိုက်ဝယ်ဖတ်နိုင်အောင် လျှော့စျေးတွေနဲ့ စီစဉ်ပေးထားတဲ့အတွက် စာပေချစ်သူတွေ လုံး၀လက်လွှတ်မခံသင့်တဲ့ စာအုပ်စျေးရောင်းပွဲ ဖြစ်ပါတယ်။

Yangon Book Plaza 

=============

လိပ်စာ - ငါးလွှာ၊ သံစျေး၊ လမ်းမတော်၊ ရန်ကုန်။

ဖုန်း - 09 767 019926

⇐ Previous Next

Read 1377 times