Shopping & Promos

Shopping လုပ်လို့ကောင်းတဲ့ Local Brand ဖက်ရှင်ဆိုင် (၅) ဆိုင်

Made In Myanmar Local Clothing Brand Stores In Yangon

လူငယ်တွေအနေနဲ့ Local Brand ထဲက ချုပ်ရိုးချုပ်သားကောင်းတဲ့ ချည်ထည်လေးတွေကို Handmade Accessories လေးတွေနဲ့ တွဲဝတ်ပြီး ဖက်ရှင်လုပ်လာကြတာကို အခုတလော တော်တော်တွေ့လာရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ဖက်ရှင်နဲ့ ပတ်သတ်လို့ ကွာလတီကောင်းပြီး ဒီဇိုင်းဆန်းတဲ့ Local Brand တွေ အများကြီး ရှိလာပါပြီ။ နိုင်ငံခြားကထုတ်တဲ့ Brand တွေကမှ အထာကျတာ မဟုတ်တော့ပါဘူး။ ရှာဖွေလေ တွေ့ရှိလေဖြစ်တာကြောင့် Myanmar Made လေးတွေကိုလည်း ရှာဖွေဝတ်ဆင်သင့်ပါတယ်။ 

အဝတ်အစားကို အွန်လိုင်းက မဝယ်ဘဲ ကိုယ်တိုင်သွားရွေးချင်တာဖြစ်ဖြစ်၊ Local Brand ထဲကနေမှ ဒီဇိုင်းဆန်းဆန်းလေးတွေ ၀ယ်ချင်တာဖြစ်ဖြစ်၊ Export အထည်တွေထက် Local Brand ကို ပိုကြိုက်လို့ဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်လေးတွေ၊ Handmade ပစ္စည်းလေးတွေကို အားပေးချင်တာဖြစ်ဖြစ် Shopping လုပ်လို့ အဆင်ပြေမယ့် ရန်ကုန်မြို့က Local Brand အထည်ဆိုင်လေး (၅) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။

photo_2023-02-03_17-37-23.jpg

Click Here > Urban  

Winnie'S ဖက်ရှင်ဆိုင်

Cutting ကောင်းကောင်းနဲ့ Expensive Look မျိုး လိုချင်သူတွေ Shopping လုပ်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ သူ့ဆိုင်မှာက ပိတ်ဖောက်ဇာ ဂါဝန်လေးတွေ၊ Croptop လေးတွေ၊ Tweed အသားနဲ့ လုပ်ထားပြီး စမတ်ကျတဲ့ Blazer Coat တွေ၊ မီနီစကတ်လှလှလေးတွေ၊ ဖဲသားကိုမှ Floral Printed ဝမ်းဆက်လေးတွေ၊ သိုးမွှေးအပေါ်ထပ်ဝတ်လေးတွေ စသဖြင့် ရွေးချယ်စရာများပါတယ်။ အဝတ်အစားတွေအပြင် တခြား Accessories ပစ္စည်းလေးတွေကိုလည်း Try ခဲ့ကြည့်လို့ ရပါသေးတယ်။

အမှတ် ၁၅၊ ဦးဝိစာရအိမ်ရာ (မင်းမနိုင်) ဒဂုံမြို့နယ်။  

09 695 196893

Local Branded Collection

ဒီဆိုင်က ဆိုင်နာမည်လေးအတိုင်း Local Brand ဖက်ရှင်ဆိုင်တွေရဲ့ ကောင်တာတွေ အစုံရှိပါတယ်။ Local Brand တွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူချင်သူတွေအတွက် သွားရမယ့် ဆိုင်လေးပါ။ သူ့ဆိုင်မှာ လူငယ်ဆန်တဲ့ မြန်မာဝတ်စုံလေးတွေ ရွေးမလား? ထသွားထလာ Casual Outfit တွေ ဝယ်မလား? ရုံးတက်ဖို့ အဆင်ပြေမယ့် အဝတ်အစားလား? ပွဲတိုးမယ့် ဒီဇိုင်းမျိုးလား? ကြိုက်တာ ရွေးဝယ်လို့ရပါတယ်။ ဒီဆိုင်မှာက ပြည်တွင်းဖြစ် အဝတ်အစားတွေတင် မဟုတ်ဘဲ Handmade အိတ်လေးတွေ၊ ဦးထုတ်တွေ၊ ဖိနပ်တွေ၊ စားသောက်ကုန်တွေ၊ Accessories လေးတွေ အပြင် အမျိုးသားဝတ်တိုက်ပုံတွေလည်း ရှိပါတယ်။

တိုက် A1၊ အခန်း (001)၊ ရွှေကမ္ဘာအိမ်ယာ၊ မင်းဓမ္မလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်။ 

09 40550 8040 

Jing Myanmar

Bohemian ဖက်ရှင်စတိုင်ကို သဘောကျသူတွေ၊ ရိုးရာအဆင်တွေ ဝတ်ကြည့်ချင်သူတွေအတွက် ဆိုင်လေးတစ်ဆိုင် ရွေးပေးထားပါတယ်။ ဆိုင်နာမည်က Jing Myanmar ပါ။ ဒီဆိုင်လေးမှာ ရိုးရာအဆင် အဝတ်အစားတွေ၊ ချည်ထိုး၊ ပန်းထိုး အထည်လေးတွေအပြင် ဘိုဟိုဖက်ရှင်ဒီဇိုင်းတွေကို စိတ်ကြိုက် အချိန်ပေးပြီး ရွေးနိုင်ပါတယ်။ ထသွားထလာ Casual Style အတွက်ကနေစပြီး ပွဲတက်အထိ ဒီဇိုင်အစုံ ရှိပါတယ်။ Handmade အိတ်တွေနဲ့ Accessories ပိစိလေးတွေ တော်တော်စုံတဲ့ ဆိုင်လေးလို့ ပြောလို့ရပါတယ်။ 

အမှတ် ၇၇၆-A1၊ ဂန္ဓမာလမ်း ၊ ၈ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်။

09 693 091645

Studio 93

လူငယ်ဆန်ပြီး Trendy ဖြစ်တဲ့ ယောကျ်ားဝတ်၊ မိန်းမဝတ် ဒီဇိုင်းလေးတွေ လိုချင်ရင် Studio 93 သာ သွားလိုက်ပါ။ ပျိုမေတွေအတွက်ဆို Girly ဆန်တဲ့ ဂါဝန်လေးတွေ၊ စကတ်လေးတွေ၊ အပေါ်အောက် ဝမ်းဆက်လေးတွေ၊ Blazer Coat တွေ၊ ကိုကိုတွေအတွက်ဆိုလည်း ပေါ့ပေါ့ပါးပါး Graphic Tee တွေ၊ Printed တီရှပ်တွေ၊ Pop Art တီရှပ်တွေ၊ ဟူဒီတွေ အပြင် Buttoned Shirt တွေအထိ ရွေးလို့ရပါတယ်။ တီရှပ်တွေ၊ ဟူဒီတွေကလည်း Unisex ဒီဇိုင်းဖြစ်လို့ မိန်းကလေးတွေ ဝတ်လို့လည်း ရပါတယ်နော်။ ဒီဆိုင်ကတော့ အွန်လိုင်းကနေပဲ မှာလို့ရမယ့် ဆိုင်ပါ။  

 https://www.facebook.com/studio93s93

So Clothing

နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို နောက်ဆုံးပေါ် BKK ဒီဇိုင်းတွေရော၊ Local Brand RouX ရဲ့ Collection တွေကိုပါ တစ်နေရာတည်း ဝယ်ယူနိုင်မယ့် So Clothing ဆိုတဲ့ ဆိုင်လေးကို မျှဝေချင်ပါတယ်။ BKK Export အထည်လေးတွေလည်း ရွေးချင်တယ်၊ Local Brand ထဲက ကွာလတီကောင်းတာလေးလည်း ဝယ်ချင်တယ်ဆို ဒီဆိုင်က ရွေးချယ်ရမယ့် ဆိုင်လေးပါ။ သူ့ဆိုင်မှာလည်း ဂါဝန်၊ အင်္ကျီ၊ ဘောင်းဘီ၊ စကတ် စသဖြင့် အဝတ်အစား ဒီဇိုင်းအစုံ ရှိပါတယ်။ 

အမှတ် ၂၁ (A)၊ သီရိလမ်း၊ Pizza Maru ဘေးလမ်း၊ စမ်းချောင်းမြို့နယ်။

09 40802 5127

Authentic Export အထည်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် ဆိုင် (၈) ဆိုင်အကြောင်း ဖတ်ရှုချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

>> https://shorturl.at/qAINU

⇐ Previous Next

Read 1399 times