Shopping & Promos

အမိုက်စား နိုင်ငံခြား Brand တွေအလား အထင်မှားသွားနိုင်တဲ့ ပြည်တွင်းဖြစ် Local Brand (၇)ခု

(7) Local Brand for Myanmar

“ ပြည်တွင်းဖြစ်ကို အားပေးပါ “ ဆိုတဲ့ စကားအတိုင်းပါပဲ။ အရင်က နိုင်ငံခြား Brand တွေကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့ရပေမယ့် အခု မြန်မာပြည်တွင်းမှာပဲ ဖက်ရှင်ကျကျနဲ့ လှနိုင်ဖို့ ပြည်တွင်းဖြစ် Local Brand များစွာက ဒီဇိုင်းဆန်းဆန်း၊ အိုင်ဒီယာအလန်းတွေနဲ့ အလျှိလျှိ ပေါ်ထွက်လာကြပါတယ်။ 

 

မြန်မာနိုင်ငံရဲ့ (၂၁)ရာစု ဖက်ရှင်ဒီဇိုင်နာတွေဟာလည်း ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းပြီး ဒီဇိုင်းအဆန်း Local Brand တွေကို ထုတ်လုပ်လာနိုင်ကြပါပြီ။ ဒါကြောင့် ဒီကနေ့မှာတော့ Quality လည်းကောင်း၊ ဒီဇိုင်းလည်း ဆန်းတဲ့အပြင် ဈေးနှုန်းလည်း အထူးချိုသာတဲ့ မြန်မာပြည်တွင်းထုတ် Local အင်္ကျီနဲ့ Pajama Brand လေးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ BBG Lingerie and Nightwear 

 

 

ဒီ Brand ကတော့ ပြည်တွင်းဖြစ် ညဝတ်အင်္ကျီ Brand တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ Quality ကောင်းတဲ့ ညဝတ်အင်္ကျီတွေကို Customized Size တွေနဲ့ မှာယူရရှိနိုင်တဲ့အပြင် အင်္ကျီမှာလည်း ကိုယ့်စိတ်ကြိုက် နာမည် (သို့) စာလုံးလှလှလေးတွေ ထိုးပေးတာပါပဲ။ 

 

 

ထုတ်ပိုးမှု အနေနဲ့လည်း စိတ်ကျေနပ်စရာပါပဲ။ BBG တံဆိပ်နဲ့ ပန်းရောင်ဖျော့ဖျော့ စက္ကူဗူးလှလှလေးအပြင် အတွင်းသားမှာလည်း ရေမွှေးစက္ကူအဖြူ ခပ်ပါးပါးလေး ခံထားပေးတာကြောင့် လုံးဝ Classic ဆန်တဲ့ ထုတ်ပိုးမှုကို ခံစားရစေမှာပါ။

 

 

Price Range - 9,500 to 13,000 MMK 

Page Link - https://bit.ly/3cdFfw2 

 

၂။ M Face-Myanmar Face Clothing 

 

 

ဒီBrand လေးကတော့ မြန်မာပြည်ရဲ့ No Plastic Campaign ကို လုပ်ဆောင်နေတဲ့ Brand တွေထဲကတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးဝတ်နဲ့ အမျိုးသားဝတ် ရှပ်အင်္ကျီတွေကို မြန်မာ့အနုပညာ လက်ရာတွေဖြစ်တဲ့ ကနုတ်ပန်းအလှအပြင် မြန်မာတိုင်းရင်းသားတွေရဲ့ ရုပ်ပုံတွေ၊ ရှေးခေတ်မြန်မာ့ ယဉ်ကျေးမှုတွေနဲ့ တောဓလေ့တွေကို အင်္ကျီတစ်ထည်ထဲမှာပဲ စုံစုံလင်လင် ထည့်သွင်းဖော်ပြထားတဲ့ Local Shirt Brand တစ်ခုပါ။ 

 

 

ဒီ Brand ရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ ထုတ်ပိုးမှုပုံစံပါပဲ။ လက်ရှိမှာ Limited Collection အနေနဲ့ ထုတ်ပိုးမှု ဒီဇိုင်း (၃)မျိုး ထွက်ရှိထားတာ ဖြစ်ပါတယ်။ ပထမတစ်မျိုးကတော့ မြန်မာတိုင်းရင်းသားတွေနဲ့ မစိမ်းတဲ့ ထန်းခေါက်ဖာလေးနဲ့ အင်္ကျီကို ထုတ်ပိုးပေးတဲ့အပြင် ထူးထူးခြားခြား ကိုယ့်နာမည်နဲ့ Name Tag လေးတွေကိုပါ ပြုလုပ်ပေးတာပါ။

 

 

ဒုတိယ ထုတ်ပိုးမှု ဒီဇိုင်းကတော့ ရှေးခေတ် ဘုရင်တွေ နန်းတွင်းမှာ အသုံးပြုတဲ့ စက္ကူပေလိပ်ကလေးတွေကို ထုတ်ပိုးမှုအတွက် အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒုတိယ Collection ကိုတော့ တီရှပ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး အင်္ကျီရဲ့ ဒီဇိုင်းကအစ အများကြီး ဆန်းသစ်ထားတာပဲ ဖြစ်ပါတယ်။

 

 

တတိယအနေနဲ့ကတော့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ ကြိမ်ခြင်းလေးနဲ့ ထုတ်ပိုးပေးတာပါ။ ထုတ်ပိုးမှု (၂)ခုလုံးက ထပ်တလဲလဲ ပြန်လည် အသုံးပြုနိုင်တဲ့အပြင် ကမ္ဘာကြီးကို အကျိုးယုတ်စေတဲ့ ပလက်စတစ်လည်း လုံးဝ ရှောင်ထားတာကြောင့် တစ်ကယ့်ကို တန်ဖိုးရှိတဲ့၊ တန်ဖိုးထားသင့်တဲ့ Local Brand တစ်ခုပါပဲ။

 

 

Price Range - 15,000 to 18,500 MMK 

Page Link - https://bit.ly/30t5SaA 


၃။ Clozy 

 

 

ဒီ Brand လေးကလည်း မြန်မာပြည်တွင်းထုတ် ညဝတ်အင်္ကျီ Brand တစ်ခုပါပဲ။ သူ့ရဲ့ ထူးခြားချက်ကလည်း ထုတ်ပိုးမှု ပုံစံပါပဲ။ အဖြူရောင် စက္ကူဗူးလှလှလေးကိုမှ ဖဲကြိုးလှလှလေးနဲ့ Classic ဆန်ဆန် ထုတ်ပိုးပေးထားတာပဲ ဖြစ်ပါတယ်။

 

 

 

ပြည်တွင်းဖြစ် Quality ကောင်းကောင်း Pajama တွေကို ဒီဇိုင်းဆန်းဆန်း၊ Customized Size တွေနဲ့ ထုတ်ရောင်းချပေးနေတဲ့အပြင် 100% Cotton အသားဖြစ်တာမို့လို့ ဝတ်ရတာလည်း  သက်သောင့်သက်သာ ရှိစေတဲ့ အင်္ကျီလေးတွေပဲ ဖြစ်ပါတယ်။ 

 

 

Price Range - 9,000 to 12,000 MMK 

Page Link - https://bit.ly/2OipEmT 

 

၄။ Bunny Collection Store 

 

 

ဒီ Page လေးကတော့ ကိုယ်တိုင်ချုပ်လုပ်ထားတဲ့ စကပ်ဒီဇိုင်းအဆန်းလေးအပြင် လူကြီး၊ လူငယ်မရွေး ဝတ်လို့ရတဲ့ ညဝတ်အင်္ကျီလေးတွေကို ရောင်းချပေးနေတဲ့ Local Brand တစ်ခုပဲ ဖြစ်ပါတယ်။

 

 

Quality ကောင်းမွန်တဲ့ အမျိုးသမီးဝတ် စကပ်တွေနဲ့ အိမ်နေရင်း ဝတ်လို့ရတဲ့ Pajama လေးတွေကို ထုတ်ပိုးမှုဒီဇိုင်း ဆန်းဆန်း၊ ဈေးနှုန်း ချိုသာစွာနဲ့ ရရှိနိုင်တဲ့ Page လေးတစ်ခုပါပဲ။

 

 

Price Range - 5,000 to 15,000 MMK 

Page Link - https://bit.ly/38mcZpI 

 

၅။ Mu Ran Collection 

 

 

ဒီPageလေးကတော့ အမျိုးသမီးဝတ် သီးသန့် Dress တွေကို စိတ်ကြိုက်ဒီဇိုင်းလေးတွေနဲ့ ချုပ်လုပ်ရောင်းချပေးနေတဲ့ ပြည်တွင်းဖြစ် Local Dress Brand တစ်ခု ဖြစ်ပါတယ်။

 

 

ဒီBrand ရဲ့ ထူးခြားချက်က သာမန်အင်္ကျီဆိုဒ်တွေအပြင် Plus Size Fashion တွေပါ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ 

 

 

Price Range - 16,000 to 35,000 MMK 

Page Link - https://bit.ly/38poIUt 

 

၆။ Les Pinko - ပင်ကိုယ် 

 

 

ဒီ Brand လေးကလည်း Local Dress Only Brand တစ်ခု ဖြစ်တဲ့အပြင် ထူးခြားချက်ကတော့ Plus Size သီးသန့် ဖက်ရှင်တွေကိုပဲ ရောင်းချပေးနေတဲ့ Brand လေးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို Collection တစ်မျိုးစီပဲ ထုတ်လုပ်‌ ရောင်းချနေပြီးတော့ Collection တစ်ခုစီမှာ အင်္ကျီဒီဇိုင်းပေါင်း (၈)မျိုးနီးပါး ပါဝင်တယ်လို့ သိရပါတယ်။ ဆိုဒ်တွေကတော့ XL ကနေ 5XL အထိ ရရှိနိုင်ပါတယ်နော်။

 

 

Price Range - 16,000 to 35,000 MMK 

Page Link - https://bit.ly/3sXwUDa 

 

၇။ Judy’s Fabric 

 

 

ဒီဆိုင်လေးကတော့ အမျိုးသမီးဝတ် ရုံးသုံး၊ ကျောင်းသုံး အင်္ကျီဝမ်းဆက်တွေကို ကိုယ်တိုင်ကိုယ်ကျ Customize Size တွေနဲ့ ချုပ်လုပ်ရောင်းချ‌ ပေးနေတဲ့ Brand တစ်ခုပါ။

 

 

ရုံးတက်နေရတဲ့ ပျိုမေတို့အတွက် တကူးတက ဆိုင်ကို ကိုယ်တိုင်း သွားပေးစရာမလိုဘဲ Online ကနေတစ်ဆင့် ကိုယ်တိုင်းယူပြီး ချုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာတော့ ရုံးဝတ် ရှပ်နဲ့ စကပ်တွေအပြင် Dress တွေကိုပါ အစုံအလင် ရရှိနိုင်ပါတယ်။ 

 

 

Price Range - 10,000 to 15,000 MMK 

Page Link - https://bit.ly/3v5KnuF

⇐ Previous Next

Read 4492 times