Shopping & Promos

Branded Export အထည်တွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် ဆိုင် (၈) ဆိုင်

8 Export Fashion Shops in Yangon

Export အထည်ဆိုတာ Zara၊ H&M၊ Mango၊ New Look၊ PRIMARK၊ Bershka စတဲ့ နိုင်ငံခြား Brand တွေက မြန်မာနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ သူတို့ Quality အတိုင်း ချုပ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့အထည်တွေက ချုပ်လုပ်တဲ့အချိန်မှာ Error တက်ပြီး ချုပ်ရိုးချုပ်သားပိုင်းမှာ လိုအပ်ချက်ရှိနေတာကြောင့် ဖြစ်ဖြစ်၊ Shipping ပိုင်း လွဲချော်မှုတွေကြောင့် နိုင်ငံခြားကို အချိန်မီ မတင်ပို့နိုင်တဲ့အခါ ဖြစ်ဖြစ် Local ထဲမှာပဲ တင်သွင်းရောင်းချကြတာမျိုးပါ။ (Brand ဖြစ်တဲ့အတွက် နည်းနည်းမှ အမှားမခံတာကြောင့်ပါ၊ မကောင်းလို့ ပြည်တွင်းမှာ ပြန်ရောင်းတာ မဟုတ်ပါ)

Export အထည်တွေက အသစ်ဖြစ်တဲ့အပြင် နိုင်ငံတကာအဆင့်မီတာကြောင့် စိတ်ချလက်ချ ဝယ်ယူအားပေးလို့ရပါတယ်။ Export အထည်နဲ့ Brand တူ၊ ဒီဇိုင်းတူ တစ်ထည်ကို နိုင်ငံခြားက ဝယ်ယူမယ်ဆိုရင် ကွာခြားချက်က ဘာမှထူးထူးခြားခြား မရှိလောက်ပါဘူး။ ဈေးကြီးတဲ့အတွက် ငွေတော့ ပိုကုန်မှာပါ။ ဒါကြောင့် Export အထည်လေးတွေနဲ့ အလှဆုံးနေ့ရက်တွေကို ဖြတ်သန်းချင်တယ်ဆိုရင် ရန်ကုန်မြို့မှာ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် ဆိုင် (၈) ဆိုင်ကို မျှဝေပေးချင်ပါတယ်။  

၁။ Branded Export Garments, Wholesale & Retail

Quality သန့်တဲ့ ယောက်ျားဝတ်၊ မိန်းမဝတ် Branded Export ထည်တွေကို လက်လီ/လက္ကား ရောင်းချပေးပါတယ်။

>> https://bit.ly/3ihu5uA

၂။ Sweety Export Fashion

ယောက်ျားလေးအတွက်ရော မိန်ကလေးအတွက်ရော Quality ကောင်းတဲ့ Export ထည်တွေ ဝယ်ယူနိုင်ပါတယ်။ 

>> https://bit.ly/2S2qwhs

၃။ Limited Collections

ဒီဆိုင်လေးက ဈေးနှုန်းအသင့်အတင့်ရှိပြီး သင်ကြိုက်နှစ်သက်တဲ့ Export ထည်တွေကို စိတ်ကြိုက်ရွေးဝယ်နိုင်ပါတယ်။ 

>> https://bit.ly/2Sa2AZh

၄။ BC Men's Clothing Store

ကန်တော်လေးမှာရှိတဲ့ ဒီဆိုင်လေးက ယောက်ျားလေးဝတ် Export ထည်တွေကို သီးသန့်ရောင်းချပေးတာဖြစ်ပါတယ်။ 

>> https://shorturl.at/vyzL0

၅။ FactoryOutlet

ယောက်ျားဝတ်၊ မိန်းကလေးဝတ်တွေကို ရနိုင်ပြီး အွန်လိုင်းကနေတဆင့် အော်ဒါမှာယူနိုင်ပါတယ်။

>> https://bit.ly/3uNbOrF

၆။ Burmanian Like Export Fashion

Export ထည်တွေကို လက်လီ/လက္ကား ဝယ်ယူနိုင်မယ့်အပြင် အိတ်အလှတွေကိုလည်း အားပေးနိုင်ပါတယ်။ 

>> https://bit.ly/3uSJOD4

၇။ K & Y Export Fashion Shop

ကျားဝတ်၊ မဝတ် Branded Export အထည်အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Export bag နဲ့ luggage အမျိုးအစား စုံလင်စွာ ရှိပါတယ်။ 

>> https://bit.ly/34LSnoK

၈။ KM Export Fashion 

Exprt အထည်တွေကိုမှ Brand ရွေးချယ်စရာများပြီး ယောကျာ်းဝတ်၊ မိန်းမဝတ် အစုံရှိပါတယ်။

>> https://shorturl.at/ckwJY

Branded Export Fashion ဆိုင်တွေ သိသွားပြီဆိုရင် ဝယ်လို့ကောင်းတဲ့ Local Brand ဆိုင်တွေလည်း သိထားသင့်တာပေါ့။

Local Brand ဆိုင် (၅) ဆိုင် >> https://shorturl.at/kuzHV

⇐ Previous Next

Read 1942 times