Shopping & Promos

Thrift တစ်ထည်လည်း ရမယ် ကမ္ဘာကြီးကိုလည်း အလှဆင်နိုင်မယ်ဆို စိတ်ဝင်စားလား?

Thrift Fashion Truck of RecyGlo Myanmar

သင်က ဖက်ရှင်ကို ချစ်မြတ်နိုးသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ပူပန်တတ်တဲ့သူတစ်ယောက်ဆို RecyGlo Myanmar ရဲ့ "၂ ထည်ပေး ၁ ထည်ယူ" အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီအစီအစဉ်ကတော့ RecyGlo Myanmar ရဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုတွေထဲက "2 ထည်ပေးပြီး 1 ထည်ယူ RecyGlo နှင့်အတူတူလှူ" လို့ အမည်ရတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ၂၀၂၃ ခုနှစ်၊ မေလကနေ စတင် အကောင်အထည်ဖော်ခဲ့တာ အခုဆို (၆) လလောက် ရှိနေပါပြီ။ လူစိတ်ဝင်စားမှု အထိုက်အလျောက် ရရှိခဲ့ပြီး မသိသေးတဲ့ သူတွေလည်း ရှိနေသေးတာမို့  ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ 

"၂ ထည်ပေး ၁ ထည်ယူ" အစီအစဉ်က ဘယ်လိုမျိူးလဲ?

ကိုယ်မကြိုက်တော့တဲ့ ဖက်ရှင်တွေ၊ ကိုယ့်မှာ ပိုလျှံနေတဲ့ အဝတ်အစားတွေ၊ ကိုယ်နဲ့ မတော်တော့တဲ့ အဝတ်အထည်တွေကို RecyGlo ရဲ့ Thrift Fashion Truck မှာ (၂) ထည်ပေးပြီး ကိုယ်ကြိုက်တဲ့ Thrift အထည် (၁) ထည်နဲ့ လဲလှယ်ရယူနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုပါ။

Thrift အထည်ကို ပိုက်ဆံပေးပြီး ဝတ်ရတာထက် ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အဝတ်အထည် (၂) ထည်နဲ့ လဲလှယ်ရမှာက နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။ ကိုယ့်အတွက် အသုံးမဝင်တဲ့အရာက တစ်ဖက်မှာ တန်ဖိုးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။‌ တချို့ဆို Thrift အထည် မယူတော့ဘဲ ကိုယ့်ရဲ့ အဝတ်အစားကို သီးသန့်ကြီး လှူဒါန်းပေးတဲ့ သူတွေလည်း ရှိကြပါတယ်။ 

ရည်ရွယ်ချက်

ဒီကန်ပိမ်းရဲ့ ရည်ရွယ်ချက်က ကိုယ်ပေးလိုက်တဲ့ အဝတ်အထည်တွေကို လိုအပ်တဲ့ နေရာတွေမှာ ပြန်လည် လှူဒါန်းပေးဖို့ဖြစ်ပြီး သဘာ၀ပတ်ဝန်းကျင်မှာ မလိုအပ်တဲ့ အဝတ်အထည် စွန့်ပစ်အမှိုက်တွေ လျော့နည်းသွားအောင်နဲ့ အဝတ်အထည်အသစ် ထုတ်လုပ်မှုတွေ လျော့ကျသွားအောင် လက်ဆင့်ကမ်း မျှဝေသုံးစွဲခြင်းဖြစ်ပါတယ်။‌ 

     Advertisement

Click Here > Mahmood & Sons

ဖက်ရှင်အမြင်

ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင် Trend တွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ။ Thrift ဖက်ရှင်တွေ ကတော့ ခေတ်တိုင်းရဲ့ ရွေးချယ်မှုမှာ ဂေါ်နေဆဲပါ။ အခုခေတ် လူငယ်တွေဆို Brand တွေထက်ကို Thrit အပုံမှာ ကြိုက်ရာ ရွေးပြီး ဖက်ရှင်အတွဲအစပ် လုပ်ရတာကို ခုံမင်လာကြပါတယ်။

အကျိုးကျေးဇူး

အဝတ်အစားအသစ် ဝယ်ပြီး ဝတ်တာထက် Thrift အထည်တွေကို ရွေးချယ်ဝတ်ဆင်ခြင်းက အဝတ်အထည်အသစ် ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ သဘာဝအရင်းမြစ် သုံးစွဲမှုကို လျော့ပါးသွားစေနိုင်ပါတယ်။ ဒါ့အပြင် Thrift အထည်တွေ ဝတ်ဆင်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ သိချင်ရင် အောက်ကလင့်ခ်မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။ 

>>  https://myyangon.com.mm/mm/article/benefits-of-buying-thrift

RecyGlo ရဲ့ Thrift Fashion Truck ကားလေးက ဘယ်အချိန်၊ ဘယ်နေရာမှာရှိလဲ?

အပတ်စဥ် အင်္ဂါနေ့တိုင်း ဗဟိုစည်အိမ်ရာဝန်း၊ လမ်းသစ်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာ မနက် ၉နာရီမှ နေ့ခင်း ၁၂ နာရီအတွင်း ရှိနေပါတယ်။ 

ကိုယ့်အိမ်က အသုံးမလိုတဲ့ အင်္ကျီတွေကို ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ အဝတ်အထည်တွေနဲ့ လဲလှယ်ချင်တယ်၊ ကိုယ့်ရဲ့ အဝတ်အစားတွေကို လိုအပ်နေတဲ့ နေရာတွေမှာ လှုဒါန်းချင်တယ်ဆိုရင်တော့ Thrift Fashion Track ကားလေးဆီကို သွားရောက် လဲလှယ်လှူဒါန်းနိုင်ပါတယ်။ 

ဒီလိုမျိုး ပတ်ဝန်းကျင်နဲ့ လူသားတွေကို အကျိုးပြုဖို့ အစီအစဉ်ကောင်းတွေ သိပြီဆိုရင် ကိုယ်အနီးအနားက လူတွေကို ပြန်လည်မျှဝေ လက်ဆင့်ကမ်းခြင်းဖြင့် ကမ္ဘာကြီးကို အတူတူအလှဆင်ကြပါစို့နော်။

Photo Source - Duwun

⇐ Previous Next

Read 874 times