Things To Do

ပြည်သူ့ရင်ပြင်မှာ (၄) ရက် ကျင်းပမယ့် သီတင်းကျွတ် ဈေးရောင်းပွဲတော်

Thadingyut Events 2023

စက်မှုထုတ်ကုန်နဲ့ ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်နေ့ကနေ အောက်တိုဘာလ (၃၀) ရက်နေ့ထိ မနက် (၈) နာရီကနေ ည (၁၀) နာရီအထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

သီတင်းကျွတ် ဈေးရောင်းပွဲတော်မှာ ဆိုင်ခန်းပေါင်း (၅၀၀) ခန့် ပါဝင်မှာ ဖြစ်ပြီး…

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုဇုန် (၂၉) ဇုန်က ထုတ်လုပ်တဲ့ ပစ္စည်းများ၊ 

MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ 

သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များ

စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ 

တိုင်းနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ပြသ ရောင်းချသွားမှာပါ။ 




Advertisement

Click Here > Ye' Optical



ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာ ကျွေးမွေးမှုများအပြင် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆက်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

 

ဒီသီတင်းကျွတ် ဈေးရောင်းပွဲတော်မှာ ဆန်၊ ဆီ၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက် စတဲ့ အခြေခံစားကုန်တွေကိုလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတော်ကို လာရောက်ကြမယ့်သူတွေအတွက် သွားလာရေး အဆင်ပြေ လွယ်ကူစေဖို့အတွက် အကြို/အပို့ ကားတွေကိုလည်း စီစဉ် ထားရှိမယ်လို့ သိရပါတယ်။ 

 

သီတင်းကျွတ်လပြည့်နေ့နဲ့ အဖိတ်နေ့တွေမှာလည်း မီးရှူး၊ မီးပန်းများ ပစ်ဖောက်မှာ ဖြစ်တာကြောင့် မည်သူမဆို ပျော်ရွှင်စွာဖြင့် လာရောက် ဆင်နွှဲနိုင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက အသိပေး ကြေညာထားပါတယ်။

Next

Read 724 times