Things To Do

Digital Marketing ကနေ သင့် Brand ကို ပိုမိုသိရှိစေဖို့ အကောင်းဆုံးနည်းလမ်း (၆) ချက်

6 Great Ways to Get to Know Your Brand Through Digital Marketing

Digital Marketing ကို သေချာတွေးကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူတိုင်းလိုလိုက Social Media တွေထဲမှာတောင် Facebook ကို ပိုပြီးသုံးစွဲကြတဲ့ လူဦးရေက ပိုများပါတယ်။ Digital Marketing မှာ ကြော်ငြာမယ်ဆိုပါတော့ အရေးကြီးဆုံးအရာက Content Writing ပါ။ ဒါပေမယ့် သင့် Brand ကို Social Media အခု Promote လုပ် အခုအောင်မြင်မှာတော့မဟုတ်ပါဘူး။

သင့် Product က မကောင်းဘူးဆိုရင် သင့်အနေနဲ့ ဘယ်လိုပဲ ကြော်ငြာနေနေ လူတွေက သုံးကြည့်မယ် ယုံကြည်မှုမရဘူးဆိုရင် ကြော်ငြာပေးသူတွေကို အပြစ်တင်လို့ မရပါဘူး သင့်အနေနဲ့ သင့် Product ရဲ့ Quality ကို ထိန်းရမှာ သင့်တာဝန်ပါ။ Digital Marketing ရဲ့ အနှစ်သာရက ကြော်ငြာ Content ရေးတဲ့ Digital Marketer ပေါ်မှာ များစွာလေးနက်မှုရှိပါတယ်။ ပေါ့ပေါ့တန်တန် လုပ်ရင်ဖြစ်လာမယ့် ဆိုးကျိုးက များပါတယ်။

ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုတွေကို အင်တာနက်ပေါ်မှာ မြှင့်တင်ကြော်ငြာတဲ့ ကုမ္ပဏီတိုင်းက လူမှုရေး၀န်ဆောင်မှုများ(social networking services)မှ အကျိုးအမြတ်များကို ပြန်လည်ရရှိကြပါတယ်။ Social media ကို ကမ္ဘာအနှံ့မှာ လူဦးရေတော်တော်များများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဒါမယ့် စီးပွားရေးလုပ်ငန်းတွေက Social mediaအသုံးပြုသူတွေရဲ့ ဦးတည်မှု အချို့ကို လျစ်လျူရှုသင့်ပါတယ်။

Putting people at the heart of digital marketing - Information Age

Social media platform အားလုံးမှာ သင်ရဲ့ အမှတ်တံဆိပ်ကို နာမည်ပိုကြီးလာအောင်နဲ့ ကြော်ငြာတွေ ပိုတိုးမြှင့်နိုင်ရန်အတွက် သင်က နည်းဗျူဟာတွေရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ၀န်ဆောင်မှုကို အဓိကထားသော စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေက contentကို ကြော်ငြာပုံစံတစ်ခုအဖြစ် ဦးစားပေးဆဲဖြစ်ပြီး၊ စျေးကွက် ကျွမ်းကျင်သူတွေက social media အပြင် ၎င်းပုံစံကို ဆက်လက် အသုံးပြုကြပါတယ်။

သို့သော် ၂၀၂၀ ခုနှစ် စစ်တမ်းအရ အမေရိကန်က မေးခွန်းဖြေဆိုသူ ၇၆ ရာခိုင်နှုန်းက COVIDအတွင်း Lockdownမှာ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး ၀န်ဆောင်မှုများကို အသုံးပြုခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ လူများစွာက အွန်လိုင်းမှာ social media ကို အသုံးပြုနေကြတာကြောင့် သင်ရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ social media ကို အသုံးချနိုင်ပါတယ်။ လူမှုမီဒီယာများမှတစ်ဆင့် သင်ရဲ့ အမှတ်တံဆိပ်ကို ပိုသိရှိလာစေရန် လုပ်ဆောင်သင့်တဲ့အချက်(၆)ချက်ကို ဖော်ပြထားပါတယ်။

How to Set Strategic Goals for Social Media in 2022 - Keap

၁) သင်ရဲ့ စျေးကွက်ကိုသတ်မှတ်ပါ။ သင်ရဲ့ ပရိသတ်တွေက ဘယ်social networksတွေကို အများဆုံးအသုံးပြုလဲဆိုတာကို သင်ခန့်မှန်းသင့်ပါတယ်။အဲ့တာက မှန်နိုင်သလို မှားကောင်းမှားနိုင်ပါတယ်။ သို့သော် social mediaဝက်ဘ်ဆိုက်အားလုံးက ဖောက်သည်တွေ လိုအပ်တာကို ရှာဖွေနိုင်တဲ့ ရှာဖွေရေးအင်ဂျင်များဖြစ်တဲ့အတွက် သင်ရဲ့ ကုန်ပစ္စည်းများ သို့မဟုတ် ၀န်ဆောင်မှုများနဲ့ပတ်သက်တဲ့ ရှာဖွေမှုတွေကို လွယ်ကူချောမွေ့စွာ တွေ့စေနိုင်ပါတယ်။ ဘယ်ဝက်ဘ်ဆိုဒ်တွေမှာ ဘယ်သူတွေက သင်ရဲ့ အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ ဘယ်အကြောင်းအရာတွေကို ရှာဖွေနေတယ်ဆိုတာကို အမြဲသုတေသနပြုပါ။

၂) လူမှုကွန်ယက်တိုင်းမှာ သင်အကောင့်တွေ လိုက်ဖွင့်နေဖို့မလိုပါဘူး။ Facebook, Twitter, Instagram နဲ့ အခြားကွန်ယက်တွေပေါ်မှာ သင်ရဲ့ ပရိုဖိုင်းကို အဆက်မပြတ်မွမ်းမံနေဖို့လဲ မလိုအပ်ပါဘူး။ သင်ကိုယ်တိုင်စိတ်ကြိုက် ပလက်ဖောင်း အချို့ကို ရွေးချယ်ပြီး ၎င်းပလက်ဖောင်းမှာ သင်ရဲ့ လုပ်ဆောင်မှုအရည်အသွေးနှင့် ဈေးကွက်မြှင့်တင်ခြင်းတွေကို သေချာအာရုံစိုက် လုပ်ဆောင်ပါ။

၃) နှစ်သက်ဖွယ်အကြောင်းအရာ content တွေကိုဖန်တီးပါ။ လူမှုကွန်ယက်တွေမှာ လူကြိုက်များရန်၊ သင့်အမှတ်တံဆိပ်ကို သတိထားမိအောင် စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို သေချာပြောပြဖို့ လိုအပ်ပါတယ်။ သင်ရဲ့ပို့စ်တွေမှာ အမြင်အာရုံဆွဲဆောင်မှု ဖြစ်စေမယ့် အရာများ(ဥပမာ-မော်ဒယ်ပုံများ)ကို ထည့်သွင်းခြင်းအားဖြင့် သင့်ပရိသတ်တွေကို ဆွဲဆောင်ပါ။ ဓာတ်ပုံများ (သို့) ဗွီဒီယိုများပါတဲ့ ပို့စ်တွေက လူအများကို စိတ်ဝင်စားမှု အချိတ်အဆက်တစ်ခုဖြစ်စေပြီး အမှတ်တံဆိပ်ကို ပိုသတိထားမိလာမှာ ဖြစ်ပါတယ်။

၄) လူမှုကွန်ယက်တွေမှာ ပုံစံတွေကိုကွဲပြားစွာ ပြုလုပ်ပါ။ ပလက်ဖောင်းတစ်ခုမှာရှိတဲ့ သုံးစွဲသူတွေက အခြားပလက်ဖောင်းတစ်ခုမှာ ရှိတဲ့သူနဲ့ကွဲပြားပါတယ်။ မတူတဲ့ ဝက်ဘ်ဆိုဒ်တွေပေါ်မှာ သင်ရဲ့ ရေးသားချက်များ သို့မဟုတ် ပို့စ်တွေကို copyယူခြင်းများ မပြုလုပ်ပါနှင့်။ ပရိသတ်တစ်ဦးချင်းစီက siteတစ်ခုစီတိုင်းမှာ ထူးခြားတဲ့ အရာတွေကို အမြဲမှတ်ထားတတ်တာကြောင့် ဝက်ဘ်ဆိုက်နှင့် တခြား ပလက်ဖောင်းတွေအတွက် မတူညီသော စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို အမြဲဖန်တီးသင့်ပါတယ်။

Digital marketers kick against social media regulation, demand  representation on APCON, AAAN Awards | Marketing Edge Magazine

၅) စကားပြောပါ။ သင်ရဲ့ အသုံးပြုသူ ဖောက်သည်တွေနဲ့ ထိတွေ့ဆက်ဆံမှုကို အမြဲပြုလုပ်ပေးပါ။ ဒါမှ ဖောက်သည်တွေရဲ့ လိုအပ်ချက်နှင့် မတူညီသော သုံးစွဲသူတွေရဲ့ စိတ်သဘောထားကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ၎င်းသိမြင်မှုက သင့်အမှတ်တံဆိပ်ကို ပိုကောင်းမွန်အောင်ခေါ်ဆောင်ပေးသွားမယ့် အဓိက ကဏ္ဍတစ်ခုဖြစ်ပါတယ်။

၆) စျေးကွက် influencer တွေနှင့်ဆက်သွယ်ပါ။ influencer တွေက များသောအားဖြင့် ပရိသတ် အများအပြားရှိပါတယ်။ သင်ရဲ့ Target စျေးကွက်အတွက် သက်ဆိုင်ရာ influencer တွေက အမှတ်တံဆိပ်ကို မြှင့်တင်ရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ influencer တွေ သုံးစွဲခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ သင်က အော်ဂဲနစ် အစားအစာကို မြှင့်တင်ဖို့ ကြိုးစားနေတယ်ဆိုပါစို့ ချက်ပြုတ်တဲ့ Blogတွေ တင်လေ့ရှိပြီး ပရိသတ်အားပေးမှု အများအပြားရှိတဲ့ influencer တွေကို ရှာဖွေသင့်ပါတယ်။

လူမှုကွန်ယက်တွေကို အသုံးပြုပြီး သင်ရဲ့အမှတ်တံဆိပ်ကို ပိုအောင်မြင်စေဖို့ လမ်းကြောင်းတွေက သေချာပေါက်ရှိနေပါတယ်။ သင်ရဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်းစစ်ဆေးနေဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကတော့ သုံးစွဲသူ ဖောက်သည်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုရှိနေဖို့ လိုအပ်ပါတယ်။

⇐ Previous Next

Read 1309 times