Things To Do

အောင်မြင်တိုးတက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ Life Hack (၈) ချက်

8 Life Hacks You Should Do To Success

လူတိုင်းက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ကြိုးစားဖို့တော့ ဝန်လေးနေတတ်ပြီး အတွေးလွန်နေတာကြောင့် ကြိုးစားချင်စိတ်တွေ ပျောက်ဆုံးနေတတ်တာက ရင့်ကျက်တဲ့အရွယ်မှာ လုံးဝမကောင်းတဲ့ အချက်ပါ။ တိုးတက်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်ဘဝကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို အမြဲတမ်းရှာဖွေသင့်ပါတယ်။

စိတ်ရဲ့အစာက စာပေဆိုပေမယ့် အလေ့အထကောင်းတွေလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ လွတ်လပ်မှုကို လိုလားတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ဒူးကိုယ်ချွန်ဖို့အတွက် ကိစ္စအဝဝတိုင်းမှာ တိုးတက်ပေါက်ရောက်နေရပါမယ်။

10 Life Hacks From a Millennial Millionaire

၁)အချိန်မဆွဲပါနှင့်

မိမိနေ့စဉ်ဆောင်ရွက်နေတဲ့ အရာများကို အချိန်ဆွဲလုပ်ဆောင်ခြင်းမှ ရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးအရာကို သင့်ရဲ့ မနက်ခင်းတိုင်းမှာ ဆောင်ရွက်ပါ။ အားလပ်ချိန်ရှိမှသာ မိုဘိုင်းဖုန်းကို အသုံးပြုပြီး မိမိအချိန်များကို ကြန့်ကြာစေတဲ့ အရာများကို သိရှိအောင်ရှာဖွေပါ။

၂)ခင်ခင်မင်မင် နေတတ်ပါစေ

မိမိနှင့် နေ့စဉ်ပြောဆိုဆက်ဆံ ရသူများနှင့် ခင်ခင်မင်မင် နေတတ်ဖို့ လိုအပ်ပါတယ်။ မိမိရောက်ရာနေရာ မှာ မိတ်ဆွေသစ်များဆုံတွေ့ခဲ့လျှင်လည်း ရင်းနှီးစွာ မိတ်ဖွဲ့တတ်ပါစေ။ ခင်ခင်မင်မင်နေတတ်ခြင်းဟာ ရေရှည်ပေါင်းသင်းဆက်ဆံရေးကို တည်မြဲစေပါတယ်။

၃)ပျော်ရွှင်စွာနေပါ

မိမိစိတ်ကို ပျော်ရွှင်စေမည့် နည်းလမ်းများကို ရှာဖွေတတ်ပါစေ။ လူတစ်ဖက်သားကို ကူညီပေးတာ လည်း မိမိစိတ်ကို ကြည်နူးပျော်ရွှင်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်ခြင်း ဟာလည်း စိတ်ဖိစီးမှုများကို လျော့နည်းစေပါတယ်။

20 Life-changing 'fun at work' hacks - leisurehacker.com

၄)အလည်အပတ်သွားပေးပါ

အလည်အပတ်သွားခြင်းဟာ မိမိစိတ်ကို လွတ်လပ်ပေါ့ပါးစေပါတယ်။ ဒါကြောင့် မိမိအားလပ်ချိန်ကို ကိုယ်ပိုင်အချိန်အဖြစ် အတိအကျသတ်မှတ်ထားကာ အကျိုးရှိရှိအသုံးချပါ။

၅)ပိုက်ဆံစုပါ

မိမိရရှိသောဝင်ငွေထဲမှ စုပြီး ပိုလျှံသော ငွေကို သုံးစွဲပါ။ သေးမွှားတဲ့ ကုန်ကျစရိတ်များကို လျှော့ချပါ။ ဥပမာ-ဖုန်းဘေလ်၊ တက္ကဆီခ၊ အဝတ်စားဖိုး စတဲ့ အသုံးစိတ်များကို လျှော့ဖို့ ကြိုးစားပါ။

15 productivity hacks for working from home -

၆)စာများများဖတ်ပါ

ညအိပ်ယာမဝင်ခင် စာဖတ်ပါ။ အားလပ်ချိန်များတွင်လည်း ဘဝအသိမြင်များ တိုးပွားစေဖို့ စာအုပ်စာပေများ ဖတ်ရှုဖို့ လိုအပ်ပါတယ်။

၇)မှတ်စုရေးပါ

မနက်ဖြန် ဆောင်ရွက်ရမယ့် တစ်နေ့တာ အစီအစဉ်များကို မှတ်စုရေးထားပါ။ အစီအစဉ်ချမှတ်ထားခြင်းဟာ အောင်မြင်သူတို့ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။

၈)လေ့ကျင့်မှုရှိပါ

မည်သည့် အရာမဆို သင်ကြားလေ့လာထားမှုများ ကျွမ်းကျင်မှုရှိအောင် အထပ်ထပ်အခါခါ လေ့ကျင့်မှုရှိဖို့ လိုအပ်ပါတယ်။ လေ့ကျင့်မှုရှိခြင်းဟာ အကောင်းဆုံးရလဒ်ကို ဖြစ်စေပါတယ်။

⇐ Previous Next

Read 1060 times