Health & Beauty

အလာ့ဂျစ်တွေကို မဖြစ်စေဖို့ စားသင့်တဲ့ အစားအစာ ၅ မျိုး

Five foods you should eat to prevent allergies

တစ်ခါတရံ ရုတ်တရက် ယားယံလာတာမျိုး၊ အဖုတွေ ထွက်လာတာမျိုး၊ ခဏခဏ နှာချောတာမျိုးတွေက အလာ့ဂျစ်ဖြစ်တဲ့ လက္ခဏာတွေပါ။ 

ရာသီဥတု အပြောင်းအလဲတွေမှာ ဖြစ်တတ်တဲ့ အလာ့ဂျစ်တွေဟာ ခံရခက်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကို ပြန်ပြီး တိုက်ခိုက်ဖို့ ကိုယ်ထဲက ကိုယ်ခံအားကို တက်စေဖို့လည်း လိုပါတယ်။ 

အစားအသောက်တွေကလည်း အလာ့ဂျစ်ဖြစ်စေတတ်သလို ဖြစ်လာတဲ့အခါမှာလည်း ပြန်ပြီး ခုခံနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။

 

၁။ ငါး

ငါးဆိုတာနဲ့ လူတွေ အတွက် အကျိုးဖြစ်စေတဲ့ အသားတစ်မျိုးဆိုတာ လူတိုင်း သိကြပါ။ အိုမာဂါ ၃ ဖက်တီးအက်ဆစ်ဓာတ်ပါ၀င်ပြီး အလာ့ဂျစ်ဖြစ်စေခြင်းကို လျော့ချပေးပါတယ်။

၂။ သစ်ကြားစေ့နဲ့ အစေ့အဆန်များ

အလာ့ဂျစ်ကို တိုက်ခိုက်စေဖို့ ကောင်းကောင်း ကူညီပေးတာက သစ်ကြားစေ့နဲ့ ဖရုံစေ့ပါပဲ။ အစေ့အဆန်တွေထဲက ဒီနှစ်မျိုးကတော့ အသင့်တော်ဆုံးပါ။ အိုမီဂါ ၃ဓာတ် ပါ၀င်ပြီး အလာ့ဂျစ်ဖြစ်စေခြင်းကို လျော့ချစေပါတယ်။

၃။ ဂေါ်ဖီထုပ်နဲ့ ပန်းပွင့်စိမ်း

အသီးအရွက်တွေထဲမှာတော့ ဂေါ်ဖီထုပ်နဲ့ ပန်းပွင့်စိမ်းဟာ အလာ့ဂျစ် အတွက်တော့ ဆရာတစ်ဆူပါ။ သူ့မှာ Quercetin၊ Flavoniod တို့ ပါ၀င်တာကြောင့် အလာ့ဂျစ်ဖြစ်စေမယ့် အခြေအနေတွေကို တားဆီးပေးနိုင်ပါတယ်။

၄။ လက်ဖက်စိမ်း

Green Tea ကို နေ့စဉ် သောက်ပေးခြင်းဟာ အလာ့ဂျစ်ဖြစ်စေခြင်းကို လျော့ချပေးတဲ့ လွယ်ကူတဲ့ နည်းပါ။ Antioxidants ပါ၀င်တာကြောင့် အလာ့ဂျစ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခုခံပေးပါတယ်။

၅။ လိမ္မော်သီး၊ကီဝီသီး

ဗီတာမင်စီ ကြွယ်၀စွာ ပါ၀င်တဲ့ လိမ္မော်သီးနဲ့ ကီဝီသီးဟာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်စွမ်း ရှ်ိပါတယ်။ ဒါ့အပြင် အလာ့ဂျစ် ဖြစ်စေခြင်း အခြေအနေတွေကို လျော့ချပေးနိုင်ပြီး ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကို ရှင်သန်စေနိုင်ပါတယ်။

⇐ Previous Next

Read 1066 times