Things To Do

စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြု လက်မှတ်

Certificate in Business Law (Online)

စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြု လက်မှတ် (Certificate in Business Law) ကို Online မှ သင်ယူရရှိနိုင်မည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ အစီအစဉ်ဖြင့် ဥပဒေပညာဌာနမှ ကြီးမှူးပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြု လက်မှတ်သင်တန်း (Certificate in Business Law-CBL) သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ 
ဤသင်တန်းသည် (၃)လ ကြာမြင့်မည်ဖြစ်ပြီး ယနေ့ (၁၉.၁၁.၂၀၂၅) မှ (၂၈.၁၁.၂၀၂၅) အထိ  သင်တန်းကြေးမှာ ၁၀၀,၀၀၀/- (တစ်သိန်းကျပ်တိတိ) ဖြင့် အပ်နှံနိုင်ပြီ ဖြစ်ပါသည်။ သင်တန်းဝင်ခွင့်အရည်အချင်းမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဖြစ်ရမည်။ သင်တန်းကို ၆.၁၂.၂၀၂၅ ရက် (စနေနေ့) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ များတွင် နံနက် ၉:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီအထိ Online စနစ်ဖြင့် သင်ကြားသွားမည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက ၀၉-၇၆၇၆၁၉၆၄၃၊ ၀၉-၇၄၅၂၀၄၂၁၀၊ ၀၉-၄၄၅၈၀၃၃၇၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြု လက်မှတ်

Next ⇒

Read 1248 times