Entertainment

Ladies Night ကို ဘာလို့ ဗုဒ္ဓဟူးညမှာ လုပ်တာလဲ

Ladies Night, why is it on Wednesday?


ရှေ့တစ်ပတ်က … MY Yangon Guide ကနေ … Lady တို့ Ladies Night မှာ ဘာကြောင့် Night Out ထွက်သင့်သလဲ ဆိုတာ တင်ပြပြီးတဲ့နောက် အခုတစ်ခါမှာတော့ Ladies Night ကို ဘာလို့ ဗုဒ္ဓဟူးညမှာ လုပ်တာလဲ ဆိုတဲ့ အကြောင်းလေးကို ဆက်လက်ပြောပြသွားပါမယ်နော် … 
အရိုးရှင်းဆုံးပြောရရင်တော့ Ladies Night ဆိုတာ စီးပွားရေးအကွက်မြင်သူတို့ရဲ့ (Business Strategy) တစ်ခုကနေ စတင်ခဲ့တာပါ။ သဘောတရားအားဖြင့် သောကြာနဲ့စနေလို ရက်မျိုးမှာ ဘားတွေ၊ ကလပ်တွေဟာ လာရောက်သူ များပြားပြီး အလုပ်များတဲ့ရက်တွေ ဖြစ်ပါတယ်။ အဲဒီညတွေမှာတော့ ဘာပရိုမိုးရှင်းမှ မလုပ်ရင်တောင် ဧည့်သည်တွေ လာရောက်ကြပါတယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလို အလယ်ရက်တွေမှာ သောကြာ၊ စနေညလောက် လူမစည်ကားပါဘူး။ အဲဒီအထဲကမှ ဗုဒ္ဓဟူးနေ့ည ကို ရွေးချယ်ပြီး Ladies Night ကို လုပ်ကြပါတယ်။
Ladies Night
ဗုဒ္ဓဟူးနေ့ဟာ တစ်ပတ်တာရဲ့ အလယ်ဗဟို (Mid-week) ဖြစ်လို့ လူတွေဟာ ပိတ်ရက်မရောက်ခင်မှာ စိတ်ဖိစီးမှုတွေ ဖြေလျှော့ချင်လာတဲ့ စိတ်ရှိပါတယ်။ ဒါ့ကြောင့် ရုံးတက်ရတဲ့ရက်တွေမှာ သူငယ်ချင်းတွေနဲ့အတူ ရှိဖို့ ရွေးချယ်မယ်ဆို ပေါ့ပေါ့ပါးပါးလေး Chill ဖို့ ဗုဒ္ဓဟူးနေ့ကို အသင့်တော်ဆုံးရက်လို့ သတ်မှတ်ကြပါတယ်။ စီးပွားရေးအရကြည့်ရင် Bar တွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်ခြင်းဖြင့် အမျိုးသားဖောက်သည် တွေကို အလိုအလျောက် ဆွဲဆောင်နိုင်မယ်လို့ တွက်ဆထားပါတယ်။ ဒီလိုနဲ့ ရက်သတ္တပတ်ရဲ့ အလယ်ရက်တွေမှာ အမျိုးသမီးတွေကို အဓိကထား ဆွဲဆောင်ပြီး အမျိုးသားဖောက်သည်တွေဆီကနေ အကျိုးအမြတ်ပြန်ယူတဲ့ စနစ်တစ်ခုအဖြစ် Ladies Night ဟာ ကမ္ဘာတစ်ဝန်းမှာ ခေတ်စားလာခဲ့ပါတယ်။ 
Ladies Night


ဒီတော့ MY Yangon ရဲ့ ချစ်ရတဲ့ လေဒီတို့အနေနဲ့ လေဒီညမှာ ဘာတွေလုပ်ဖို့ ပလန်ဆွဲထားလဲ။ မျှဝေပေးခဲ့ကြပါဦး … 

Read 37 times