Things To Do

ဘန်ကောက်ညစျေးထက် ပိုစုံတဲ့ တရုတ်နှစ်သစ်ကူး စျေးရောင်းပွဲတော်

Chinese New Year Bazaar Organized by Zego City

တရုတ်နှစ်သစ်ကူး စျေးရောင်းပွဲတော်ကို ရန်ကုန်မြို့ကြီးရဲ့ အချက်ချာကျတဲ့ Times City မှာ ဇန်နဝါရီလ (၂၀) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ (၄) ရက်တိုင်တိုင် Zego City မှ ဦးစီးကျင်းပသွားမှာဖြစ်ပါတယ်။ 

 

စျေးရောင်းခန်းတွေကို ချစ်စဖွယ်  လှည်းလေးတွေနဲ့ လှလှပပ ပြင်ဆင်ထားပြီး ဒီစျေးပွဲတော်လေးမှာ ချစ်ရတဲ့ ချစ်သူ၊ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ပါတယ်။

May be an image of 4 people and outdoors

ဒီတရုတ်နှစ်သစ်ကူး စျေးရောင်းပွဲတော်ကြီးမှာ ရောင်းချသွားမယ့် ပစ္စည်းတွေကတော့ -

- အဝတ်အထည်နဲ့ ဖန်စီ အသုံးအဆောင်ပစ္စည်းတွေ

- Hand-made ပစ္စည်းတွေ

- စားသောက်တန်းတွေ (အကင်နဲ့ အထောင်းမျိုးစုံ၊ မြန်မာရိုးရာအစားအစာ၊ တရုတ်ရိုးရာအစားအစာ၊ ယိုးဒယားအစားစာ၊ ကိုရီးယားအစားအစာနဲ့ ကော့တေးများ)

- အလှကုန်ပစ္စည်းတွေ

- စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

May be an image of 8 people and food

စားရင်း သောက်ရင်း၊ လိုအပ်တာတွေ ဝယ်ယူရင်း ဘောလုံးပစ်ဂိမ်းတို့လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်တွေနဲ့ Zego City Application ရဲ့ Spin ကံစမ်းမဲမှာလည်း ပါဝင်ကံစမ်းရင်း ငွေသားဆုတွေ ရယူနိုင်ပါတယ်။

May be an image of 6 people and jewelry

ဒီစျေးရောင်းပွဲတော်လေးမှာ အရမ်းမိုက်တဲ့ ဆိုင်အပြင်ဆင်လေးတွေကို သွားရောက်ကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်ရာ အဝတ်အထည်၊ အစားအသောက်နဲ့  ဖန်စီပစ္စည်းတွေကို စျေးတန်တန်နဲ့ တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

May be an image of 6 people, drink and indoor

ကျင်းပမည့်အချိန် - မနက် ၉ -  ည ၈ အထိ

ကျင်းပမည့်နေရာ- Times City (မှန်တံတားအောက်)

⇐ Previous Next

Read 984 times