Things To Do

Yangon Zoo မှာ (၃) ရက်တိုင် ကျင်းပမယ့် Christmas Party

Christmas Party Of Yangon Zoo

အတူပါဝင်ဆင်နွှဲလို့ရမယ့် ခရစ်မတ်ပွဲတော်ကို လာမယ့် ဒီဇင်ဘာလ (၂၃) ရက်နေ့ကနေ (၂၅) ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ (၃) ရက်တိုင် ကျင်းပသွားမယ့် Christmas Party မှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စျေးရောင်းပွဲတော်လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ 

Christmas Party ပွဲမှာတော့ - 

  • Magic Show (မျက်လှည့်ပွဲ)
  • Kids Talent Show (ကလေးစွမ်းရည်ပြပွဲ)

  • Photo Session With Birds (ငှက်ကလေးတွေနဲ့ အလှ ဓာတ်ပုံရိုက်ခြင်း)
  • Carol Singing (အဖွဲ့လိုက် ခရစ်မတ်သီချင်း သီဆိုခြင်း)
  • Modern Dance Show (ခေတ်ပေါ်အကတွေနဲ့ ဖျော်ဖြေခြင်း)
  • Musics Show (တေးဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေမှု) စတဲ့ ဖျော်ဖြေရေးအစီအစဉ် မြောက်များစွာ ပါဝင်ပါတယ်။ 

ဒါ့အပြင် သွားရောက်လည်ပတ်သူတွေအတွက် လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို ရောင်းချပေးမယ့် ဈေးဆိုင်ခန်းတွေလည်း ရှိတာကြောင့် သားသားမီးမီးတွေတင် ပျော်ရမှာမဟုတ်ဘဲ လူကြီးမိဘတွေလည်း စိတ်အပန်းဖြေလို့ ရပါတယ်။ 

တိရစ္ဆာန်ဥယျာဉ်ဝန်းအတွင်း သဘာဝသမိုင်းပြတိုက်၊ ငါးပြတိုက်နဲ့ ဆင်ပြတိုက်တို့လည်း ရှိတဲ့အတွက် ဗဟုသုတရစရာတွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပိတ်ရက်မရှိ နေ့စဉ် မနက် (၈) နာရီကနေ ညနေ (၄) နာရီ အထိ ဖွင့်လှစ်ထားပြီး ဝင်ကြေးကတော့ လူကြီး (၂,၅၀၀) ကျပ်၊ ကလေး (၁,၅၀၀) ကျပ်လို့ သိရပါတယ်။ 

⇐ Previous Next

Read 647 times