Food & Drink

ရန်ကုန်မြို့ထဲက စားလို့ကောင်းတဲ့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေးဆိုင် (၇) ဆိုင်

7 Best Shan Noodle Shops in Yangon

ဆောင်းတွင်းအေးအေးလေးမှာ ရှမ်းစာတွေကို ရှမ်းအရသာစစ်စစ်အတိုင်း စားချင်နေတဲ့သူတွေအတွက် ပြီးတော့ တို့ဟူးနွေးပူပူလေးကို အိကြာကွေးလေးနဲ့ စားချင်နေတဲ့ ကိုယ့်လို Foodie တွေအတွက် ရန်ကုန်မြို့က မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေးဆိုင်တွေကို မျှဝေသွားပေးပါမယ်။ ဒါတွေအပြင် နောက်ထပ် စားကောင်းတဲ့ ရှမ်းဆိုင်လေးတွေ သိထားရင်လည်း ပြောပြပေးခဲ့လို့ ရပါတယ်။ 

၁။ သျှမ်းလေး 

တာမွေအဝိုင်းက မသိသူမရှိ နာမည်ကြီးတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးပါ။ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေးက ဒီဆိုင်ရဲ့ Signature တွေလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ကွေ့တီယို၊ ဆန်စီး၊ ဆီချက်၊ မြေအိုးမြီးရှည်တွေလည်း ရပါသေးတယ်။  

လိပ်စာ - အမှတ် (၄၃)၊ အနောက်မြင်းပြိုင်ကွင်း၊ ဗိုလ်ထွန်းလင်းလမ်းထိပ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ တာမွေအဝိုင်းထိပ်

ဖုန်း - 09799874616, 09942299579

၂။ ချစ်ပန် တောင်ကြီး (ရန်ကုန်ဆိုင်ခွဲ)

နှစ်ပေါင်း (၃၀) ကျော် သက်တမ်းရှိတဲ့ တောင်ကြီးက ချစ်ပန်ဆိုတဲ့ ရှမ်းဆိုင်လေးက ရန်ကုန်မှာ ဆိုင်ခွဲ လာဖွင့်ထားတာပါ။ ဆိုင်မှာ ရနိုင်တာတွေကတော့ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်ခေါက်ဆွဲ၊ ဂျုံကြက်ပေါင်း၊ ရှမ်းအသုပ်/ အရည်၊ မြီးရှည်သုပ်၊ ဖက်ထုပ်ကြက်ပေါင်း၊ ကြက်ခြေထောက်စွပ်ပြုတ်တို့ ရနိုင်ပြီး ရှမ်းပြည်ရဲ့ အမှတ်အသားဖြစ်တဲ့ ဆန်ချိုအေးလည်း ရပါတယ်။

လိပ်စာ - အမှတ် (၁၆)၊ ၊ ပြည်သာယာလမ်းမပေါ်၊ သင်္ဃန်းကျွန်းမြို့နယ်

၃။ ၉၉၉ ရှမ်းခေါက်ဆွဲဆိုင်

နှစ်ပေါင်း (၄၅) နှစ်ကျော် သက်တမ်းရှိတဲ့ ဒီဆိုင်က Trip Advisor တို့လိုမျိုး Tourism Ranking မှာ Top 10 ဝင်ထားတဲ့ ရှမ်းစားသောက်ဆိုင်ပါ။ သူ့ဆိုင်မှာ နာမည်ကြီးတာက ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးနဲ့ မြီးရှည်အသုပ်တို့ပဲ ဖြစ်ပါတယ်။ တခြားသော ရှမ်းစာတွေလည်း အစုံ ရပါတယ်။ 

999 Shan Noodle (ပင်ရင်းဆိုင်) 

လိပ်စာ - အမှတ် (၁၃၀/B) ၊ ၃၄ လမ်း အလယ်ဘလောက် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန် 

ဖုန်း - 01 389363 ၊ 09260663434 

ဆိုင်ဖွင့်ချိန် - 7:00 AM - 6:00 PM 

999 Shan Noodle (Junction Square ဆိုင်ခွဲ) 

လိပ်စာ - Room - 608 ၊ Level 6 ၊ Secret Garden ၊ Junction Square 

ဖုန်း - 09252606699 

ဆိုင်ဖွင့်ချိန် - 9:00 AM - 7:00 PM 

Advertisement

Click Here > Fuji Aluminum

၄။ ဒို့ရှမ်းလေး

ရှမ်းခေါက်ဆွဲဆိုင်လို့ပြောပေမဲ့ သူ့ဆီမှာ တို့ဟူးနွေးက ပိုနာမည်ကြီးပါတယ်။ တို့ဟူးကအစ အချဉ်အဆုံး ကိုယ်တိုင်လုပ်တာပါ။ ဆိုင်ရှင်အန်တီကိုယ်တိုင်က ရှမ်းမြောက်သူဆိုတော့ သူတို့ အိမ်ချက်လက်ရာအတိုင်း သန့်သန့်ရှင်းရှင်းနဲ့ စေတနာပါပါလေး လုပ်ပေးပါတယ်။ သူ့ဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးသုပ်၊ တို့ဟူးကြော်၊ ကြက်ပေါင်းကွေ့သယိုတို့ ရပါတယ်။ 

လိပ်စာ - လမ်း ၉၀၊ မြန်မာ့ဂုဏ်ရည်လမ်းထိပ်၊ မင်္ဂလာတောင်ညွန့်

ဆိုင်ဖွင့်ချိန် - ညနေ ၄:၀၀ - ည ၈:၃၀ 

၅။ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်

ရှမ်းပြည်မြောက်ပိုင်း အစားအစာတွေကို အဓိကထား ရောင်းတဲ့ ဆိုင်လေးဖြစ်ပြီး နှစ် ၂၀ ကျော်လောက် သက်တမ်း ရှိနေပါပြီ။ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးတို့အပြင် ဖက်ထုပ်ပေါင်း၊ သတ်သတ်လွတ်ခေါက်ဆွဲနဲ့ အမဲသား ဂျုံစွပ်ပြုတ်တို့က ဆိုင်ရဲ့  နာမည်ကြီးဟင်းပွဲတွေ ဖြစ်ပါတယ်။

ဆိုင် (၁)

ဗိုလ်ရာညွှန့်နဲ့ န၀ဒေးလမ်းထောင့်၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်

09 775 556602

ဆိုင် (၂)

သုခ၀တီလမ်းနှင့် ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်

09.782868788, 09.255631659 

၆။ စိန်နမ့်ခမ်း ရှမ်းခေါက်ဆွဲဆိုင်

သက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ဆိုင်လေးပါ။ အရင်က ဗိုလ်တထောင် (၃) ကျောင်းရှေ့မှာ ဖွင့်ခဲ့ပြီးတော့ အခု ရေကျော်မှာ နေရာ ပြောင်းဖွင့်ထားပါတယ်။ သူ့ဆီမှာ ရှမ်းခေါက်ဆွဲအပြင် ဆန်စီး၊ မြီးရှည်၊ တို့ဟူးနွေး၊ ဖက်ထုပ်ဆီချက်နဲ့ မာလာကြက်ခြေထောက်သုပ်၊ မာလာအာလူးသုပ်တို့လည်း စားကောင်းပါတယ်။ 

လိပ်စာ - မြောင်းကြီးလမ်းနဲ့ ဇီဇဝါလမ်းထောင့်၊ ရေကျော်၊ ပုစွန်ထောင်မြို့နယ်

၇။ ပန်းသခင် ရှမ်းခေါက်ဆွဲ

Halal ရှမ်းခေါက်ဆွဲဆိုင်ဆို ဒီဆိုင်လေးလည်း မဆိုးပါဘူး။ ဆိုင်ဖွင့်တဲ့ ခုနှစ်ကို သေချာမသိပေမဲ့ ဒီဆိုင်ရဲ့သက်တမ်းကလည်း ဆယ်စုနှစ်တစ်ခု ကျော်ပါပြီ။ သူ့ဆိုင်မှာ တို့ဟူးနွေးနဲ့ ဖက်ထုပ်အပြုတ်က စားလို့အကောင်းဆုံးပါ။ ဆိုင်မှာ ဘာတွေရလဲဆိုရင် အမဲသားခေါက်ဆွဲ၊ မြေအိုးမြီးရှည်၊ ကွေတီယိုသုပ်၊ ဆန်စီး၊ မြီးရှည်နဲ့ တခြားရှမ်းစာတွေရယ် ယိုးဒယားအထောင်းတွေရယ် ရပါတယ်။ 

လိပ်စာ - အမှတ် (၁၆)၊ မအူကုန်းလမ်းကျယ်၊ ယုဇနပလာဇာမှတ်တိုင်ရှေ့၊ တာမွေမြို့နယ်

ဖုန်း - 09 430 55266

⇐ Previous Next

Read 1393 times