Health & Beauty

Christmas အတွက် Outfit idea အဆန်းများ

Aesthetic Christmas Outfit Ideas

ဆောင်းအငွေ့အသက်တွေ ဆွတ်ပျံ့နေတဲ့ ဒီဇင်ဘာလရဲ့ ပွဲတော်နေ့တစ်ခုဖြစ်တဲ့ ခရစ်မတ်မှာ ဖက်ရှင်အမိုက်စားတွေနဲ့ လန်းနိုင်အောင် Outfit idea အတွဲအစပ်လေးတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ အအေးဓာတ်သိပ်မပြင်းတဲ့ ရန်ကုန်ဆောင်းနဲ့လည်း လိုက်ဖက်မှုရှိတယ်၊ Christmas Vibe ကိုလည်း အပြည့်အ၀ ရစေမယ့် ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုးတွေကိုပဲ ရွေးချယ်ပေးထားပါတယ်။ Christmas ရဲ့ Theme Colour တွေဖြစ်တဲ့ အဖြူ၊ အနီ၊ အစိမ်းနဲ့ အမဲတို့ကို သုံးပြီး Outfit တွေကို ဘယ်လို တွဲစပ်ဝတ်လို့ရလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။

၁။ ရှပ်လက်ရှည်အဖြူလေးပေါ်မှာ အနီရောင် Vest လေး ထပ်ဝတ်ပြီး အောက်က Flare Jeans လေးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက်စတိုင်ကို ရရှိစေပါတယ်။ 

 

၂။ မထူမပါး လည်ပင်အရှည် Sweater လေးကို အောက်က ဂျင်းဘောင်းဘီနဲ့ဖြစ်ဖြစ် အောက်ကပုံလို အဖြူရောင် ဘောင်းဘီအပွလေးနဲ့ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်မယ်ဆိုလည်း ခရစ်မစ်မုဒ်ကို ရစေပါတယ်။

၃။ နောက်တစ်မျိုးကတော့ အဖြူရောင် Sweater လေးကို အနီရောင် အကွက် စကပ်အတိုလေးနဲ့ တွဲပြီး ဝတ်ရင် ချစ်စရာကောင်းတဲ့ ကိုရီးယားမလေးအသွင်ကို ရစေမှာပါ။ 

၄။ အပေါ်ကလိုမျိုးကိုမှ အနီရောင် Sweater လေးကို အမဲရောင် စကပ်အတိုလေးနဲ့ တွဲဝတ်ပြီး ဘွတ်ဖိနပ်အရှည်အနက်လေး စီးလိုက်မယ်ဆိုရင်တော့ မိမိုက်တဲ့ ပုံစံလေး ဖြစ်သွားမှာပါ။

၅။ Christmas Theme အရောင်တွေထဲမှာ အနီရောင်နဲ့ အဖြူရောင်ကိုအပြင် အစိမ်းရောင်ကိုလည်း ချန်ထားလို့ မရပါဘူး။ အရောင်ဆန်းဆန်းလေး ဝတ်ရတာကြိုက်ရင် အပေါ်ဝတ် အနီရောင်လေးကို အစိမ်းရောင်ဘောင်းဘီလေးနဲ့ တွဲဝတ်လိုက်တော့ တစ်မျိုး အမြင်ဆန်းသွားစေပါတယ်။

၆။ ဒါကတော့ ပေါ့ပေါ့ပါးပါးနဲ့ Christmas Vibe ကို ရစေတဲ့ ပုံစံပါ။ အစိမ်းရောင် လက်တို အင်္ကျီလေးနဲ့ ဒဲ့စကပ်အကွက် မတိုမရှည်လေးနဲ့ တွဲဖက်ဝတ်ထားတာပါ။  

၇။ အဖြူရောင်လက်ရှည်လေးနဲ့ အစိမ်းရောင် Pleated Skirt ကို တွဲဖက်ဝတ်တာကလည်း Christmas Theme ဒီဇိုင်းကို လွယ်လွယ်ကူကူ ရစေတဲ့ Outfit Idea တစ်မျိုးပါပဲ။

၈။ ဘောင်းဘီတွေ၊ စကပ်တွေထက် ဂါဝန်လေး ဝတ်ချင်တာဆိုရင် ဒီပုံစံလေး ရွေးဝတ်ပါ။ အောက်က အနီရောင် Printed ဂါဝန်လက်ပြတ်လေးကိုမှ အပေါ်က Sweater အဖြူ ခပ်ပွပွနဲ့ တွဲဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ လှနေမှာပါ။

၉။ အဖြူရောင်လက်ရှည်အင်္ကျီအပေါ်ကနေ အနီရောင် လက်ပြတ်ဂါဝန်အတိုလေး ထပ်ဝတ်လိုက်တယ်ဆိုရင်ကို နောက်ထပ် ခရစ်မတ် ဂါဝန်ဒီဇိုင်းကို ရသွားပါပြီ။  

Christmas and New Year are holidays when we wait for miracles | Christmas  outfits women, Christmas outfit, Holiday outfits

၁၀။ နောက်ဆုံး Outfit Idea ကတော့ Christmas ပုံလေးတွေ ပါတဲ့ အနီရောင်/အဖြူရောင်/အစိမ်းရောင် Sweater တွေ၊ Blouse တွေကို အောက်က ဂျင်းဘောင်းဘီအရှည် ဒါမှမဟုတ် အနက်ရောင် စကပ်အတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ရမယ့် ပုံစံပါ။

အပေါ်မှာ ပြောပြပေးခဲ့တဲ့ Outfit Idea တွေက ကိုယ့်အိမ်မှာ ရှိတဲ့ အဝတ်အစားတွေနဲ့ပဲ လွယ်လွယ်ကူကူ Styling လုပ်လို့ရတဲ့အတွက် Christmas နေ့လေးမှာ အမိုက်စားဖက်ရှင်တွေနဲ့ အလှတွေ တိုးနိုင်ကြပါစေနော်။

⇐ Previous Next

Read 469 times