Things To Do

ဘော်ဒါတွေနဲ့အတူ ကားပြိုင်မောင်းလို့ရမယ့် နေရာ - Go Go Racer

Go Go Racer

အားလပ်ရက်မှာ သူငယ်ချင်းတွေ အဖွဲ့လိုက် စုပြီး ဘယ်သွားရမလဲ မသိရင် အတွေ့အကြုံအသစ်တွေ၊ အမှတ်တရအသစ်တွေ ဖန်တီးနိုင်မယ့် နေရာကောင်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ကားပြိုင်မောင်းရတာ ဝါသနာပါပေမဲ့ လမ်းမပေါ်မှာ မောင်းရင် အန္တရာယ်များတယ်ဆိုတော့ မိုးလုံလေလုံဖြစ်တဲ့ Go Go Racer မှာ စိတ်ကြိုက်သောင်းကျန်းရင်း အပျော်တမ်း ကစားလို့ရပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ Go Kart စီးရင်း စိတ်ဖိစီးမှုတွေ၊ မွန်းကြပ်မှုတွေကိုလည်း ဖြေဖျောက်နိုင်ပါသေးတယ်။ 

Go Go Racer က Junction City မှာ (၁) ခု၊ Myanmar Plaza မှာ (၁) ခု စုစုပေါင်း (၂) ခု ရှိပါတယ်။ စျေးဝယ်စင်တာမှာ ရှိတဲ့အတွက် တစ်ခုကောင်းတာက တကူးတကမဟုတ်ဘဲ Shopping ထွက်ရင်းနဲ့မှ တစ်ခါတည်း ဝင်ကစားလို့လည်း ရပါတယ်။ တာယာတွေ အပုံလိုက်ကြီးနဲ့ ဘလော့တုံးတွေကြားက လမ်းအကွေ့အကောက်တွေကို မြင်ပြီဆိုရင် အဲ့ဒါ Go Go Racer ပါပဲ။ 

     Advertisement

Click Here > Green Leaf

မီးအရောင်ကြောင့်ရော၊ နေရာအပြင်အဆင်ကြောင့်ရော ခပ်မိုက်မိုက်ပုံစံ ဓာတ်ဖမ်းချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ နေရာပါ။ သူ့ဆီမှာက လုပ်စရာ Activity အနေနဲ့ Go Kart နဲ့ Bike စီးတာ နှစ်မျိုးပဲ ရှိပါမယ်။

Go Kart ကို လူကြီးတွေတင်မက ကလေးတွေပါ စီးရဲရင် စီးလို့ရပါတယ်နော်။ မဆော့ခင်မှာ Trainer တွေက မလုပ်သင့်တဲ့ အချက်တွေ အသေးစိတ်ကို ရှင်းပြပေးပါတယ်။ ပြီးတဲ့အခါ ဦးထုပ်၊ လက်ကာ၊ ဒူးကာ စတာတွေ ဝတ်ဆင်ပြီး မောင်းရတာဖြစ်တဲ့အတွက် ထိခိုက်မှုဖြစ်မှာ ပူစရာမလိုပါဘူး။ 

စျေးနှုန်းကတော့

Bike စီးရင် ကွင်း (၆) ပတ်ကိုမှ တစ်ယောက်ကို ၃,၀၀၀ ကျပ် (တနင်္လာကနေ သောကြနေ့အထိ) နဲ့

စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆို တစ်ယောက်ကို ၄,၀၀၀ ကျပ် ရှိပါတယ်။ 

Go Kart စီးရင်ကျတော့ ကွင်း (၆) ပတ် ပတ်တာကို ၅,၀၀၀ ကျပ် (တနင်္လာကနေ သောကြနေ့အထိ) နဲ့

စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆို တစ်ယောက်ကို ၆,၀၀၀ ကျပ် ဖြစ်ပါတယ်။

ပိုက်ဆံရှင်းရင် ငွေသားနဲ့ပဲ လက်ခံပါတယ်။ တခြား Online Payment တွေ လက်ခံမှာ မဟုတ်တဲ့အတွက် Cash ယူသွားဖို့ မမေ့ပါနဲ့နော်။

Ph : 09 941 705989

Outlet 1 

Secret Garden , Level 5(A) , Junction Square Car Parking 

Outlet 2

Myanmar Palaza 2nd floor , Behind Mo Mo Play Playground  

09 941 705989

 

⇐ Previous Next

Read 1157 times