Things To Do

မသန်စွမ်းသူများအတွက် ချက်ပြုတ်နည်းနှင့်အဖျော်ပညာ အခမဲ့သင်တန်းတွင် သင်တန်းသားများခေါ်ယူနေ

Cooking Class For Disabled Persons

ဘ၀ကိုအရှုံးမပေးဘဲ စိတ်ဓာတ်ကြံ့ခိုင်ကြသည့် မသန်ပေမဲ့ စွမ်းသူများအတွက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ အစားအစာ ချက်ပြုတ်နည်းနှင့် အဖျော်သင်တန်းကို ဩဂုတ်လ လကုန်ပိုင်းလောက်တွင် ဖွင့်လှစ်သင်ကြားပေးမည်ဟု သိရပါသည်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ မသန်းစွမ်းသူများအတွက် လူ့အသိုင်းအဝိုင်းအတွင်း အမှီအခိုကင်းစွာ ရပ်တည်နိုင်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိစေရန်အလို့ငှာ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။

ယခု ၂၀၂၂ ခုနှစ်တွင် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ အချက်အပြုတ်ဝါသနာပါသည့် မသန်စွမ်းသူများအတွက် အစားအစာ ချက်ပြုတ်နည်းနှင့် အဖျော်သင်တန်းကို စီစဉ်ပေးထားပြီး သင်တန်းသားများခေါ်ယူလျက်ရှိပါသည်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ ၎င်းသင်တန်း စတင်ဖွင့်လှစ်မည့်ရက်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် လကုန်ဟု သတ်မှတ်ထားပြီး သင်တန်းသင်ကြားမည့်နေရာမှာ ရန်ကုန်မြို့၌ ဖြစ်ပါတယ်။ သင်တန်းသင်ကြားမည်နေရာက ရန်ကုန်၌ ဖြစ်သော်လည်း နယ်ဝေးမှ လာရောက်တက်ချင်သူသင်တန်းသားများအတွက်လည်း စီစဉ်ပံ့ပိုးမှုတွေ ရှိပါတယ်။

သင်တန်းသားများအား အနီးကပ်ကြည့်ရှုသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းအမှတ်စဉ် (၁) ခုလျှင် သင်တန်းသားဦးရေ စုစုပေါင်း (၁၅) ဦးသာ ရွေးချယ်သင်ကြားပေးသွားမည်ဟု သိရပါသည်။

သင်တန်းကာလမှာ စာတွေ့၊ လက်တွေ့ အပါအဝင် စုစုပေါင်း (၄) ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် အစားအစာ ချက်ပြုတ်ခြင်းသာမက မီးဖိုချောင်တစ်ခု၏ သန့်ရှင်းမှုအရေးကြီးပုံ၊ မီးဖိုချောင်သုံးပစ္စည်းများအသုံးပြုနည်း၊ အစားအစာ ကိုင်တွယ်သူတစ်ဦး၏ သန့်ရှင်းမှုနှင့် အစားအစာချက်ပြုတ်ရာတွင် ပါဝင်သော အမယ်အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းထားသိုမှု စသည့် အရေးကြီးသော အခြေခံအချက်များကိုပါ ထည့်သွင်းသင်ကြားပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတွင် သင်ကြားပေးမည့် အစားအစာများနှင့် ဖျော်ရည်များမှာ -

၁။ ရှမ်းတိုင်းရင်းသားအစားအစာများ

၂။ ရခိုင်တိုင်းရင်းသားအစားအစာများ

၃။ ဗမာတိုင်းရင်းသားအစားအစာများ

၄။ အိန္ဒိယအစားအစာများ

၅။ ကိုရီးယားအစားအစာများ

၆။ တရုတ်အစားအစာများ

၇။ ထိုင်းအစားအစာများ

၈။ Street Food များ

၉။ အအေးနှင့်ဖျော်ရည်များ ဖြစ်ပါသည်။

သင်တန်းလျှောက်ထားသူများအတွက် လိုအပ်ချက်များမှာ -

(၁) မသန်စွမ်းသူ သို့မဟုတ် မသန်စွမ်းသူ၏ မိသားစုဝင် (မှတ်ချက် - မည်သည့်မသန်စွမ်းမှု အမျိုးအစားမဆို လျှောက်ထားနိုင်ပါသည်။)

(၂) မြန်မာစာ အရေးအဖတ် ပြုလုပ်နိုင်သူ

(၃) အသက် (၁၈)နှစ်နှင့် အထက်ရှိသူ

(၄) သင်တန်းကာလ(၄)ပတ်ကို ပြီးမြောက်အောင် တက်ရောက်နိုင်သူတို့ ဖြစ်ရပါမည်။

သင်တန်းသားများစီစစ်ခေါ်ယူခြင်း

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) မှ သင်တန်းများကို ရွေးချယ်မှု စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်ခံရသူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ အခြားသင့်တော်သော နည်းလမ်းဖြင့်သော်လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပြီး လူတွေ့ (သို့) အွန်လိုင်းမှတဆင့် အင်တာဗျူးဖြေရပါမည်။

သင်တန်းသားများအတွက် စီစဉ်ပံ့ပိုးပေးမှုများ

ရန်ကုန်မြို့တွင်း သင်တန်းသားများအတွက် သင်တန်းကာလအတွင်း နေ့စဉ် အသွားအပြန်ခရီးစရိတ်များ ပံ့ပိုးပေးမည်ဖြစ်ပြီး နယ်မှသင်တန်းသားများအတွက် ၎င်းတို့နေထိုင်ရာဒေသမှ ရန်ကုန်သို့လာရောက်သော ခရီးစားရိတ်များ၊ နေ့စဉ်စားစရိတ်များကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

အကြားအာရုံမသန်စွမ်းသူများအတွက် သင်တန်းအတွင်း အဆင်ပြေစွာ သင်ကြားနိုင်ရန် အတွက် လက်သင်္ကေတပြ ဘာသာစကားပြန် စီစဉ်ထားရှိပေးမည်ဖြစ်ပါသည်။

သင်တန်းသားများရရှိမည့် အကျိုးကျေးဇူးများ

- ဝါရင့်အတွေ့အကြုံရှိ စားဖိုမှူးမှ သင်ကြားပေးသော အစားအစာချက်ပြုတ်ခြင်းနှင့် အဖျော်ပညာရပ်များကို လက်တွေ့ကျွမ်းကျင်စွာ သင်ကြားနိုင်ခြင်း

- သင်တန်းပြီးဆုံးတတ်မြောက်အောင်မြင်ပါက သင်တန်းဆင်းလက်မှတ်နှင့် လိုအပ်သော ထောက်ခံစားများ ပေးအပ်ခြင်း

- သင်တန်းပြီးနောက် အစားအသောက်နှင့် ပတ်သတ်သော လုပ်ငန်းဆောင်ရွက်နိုင်ရန် မတည်ရင်းနှီးငွေလိုအပ်ပါက ငွေကြေးထောက်ပံ့ပေးသော အဖွဲ့အစည်းများ (သို့) ချေးငွေထုတ်ပေးသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း

- စားသောက်ဆိုင်လုပ်ငန်းများနှင့် ချိတ်ဆက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းလျှောက်ထားခြင်း

သင်တန်းလျှောက်ထားလိုသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖောက်ပြပါလင့်ခ်မှတဆင့် သင်တန်းလျှောက်လွှာဖောင်အား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

သင်တန်းလျှောက်လွှာဖောင် - https://forms.gle/qDBPkYJhjbKkb8BS9

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဖေ့ဘုခ်စာမျက်နှာ (သို့) အောက်ဖော်ပြပါပုဂ္ဂိုလ်ထံ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

ဖေ့ဘုခ်စာမျက်နှာ - https://www.facebook.com/shwe.minntha

ဆက်သွယ်ရမည့်သူ

=========

အမည်- သူသူစိုး

ရာထူး - သင်တန်းတာဝန်ခံ

လိပ်စာ- အမှတ် (၇၉၇)၊ အခန်း (၁ဝ၄/ဘီ)၊ ပထမထပ်၊ ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်း ထောင့်၊မြန်မာ့အလှတာဝါ (၂)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၉ ၈၉ ၂၉ ၁၁၁ ၆၁

⇐ Previous Next

Read 993 times