ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ် (၄၄) မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါဝင်) တွင် လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက် (၁) နာရီမှ နံနက် (၃) နာရီအချိန်အတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့ပါသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီ ဖြစ်ပါသောကြောင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်စေရေးကို ရည်ရွယ်လျက် လက်ရှိ ထုတ်ပြန်ထားသော နံနက် (၁) နာရီမှ နံနက် (၃) နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်း MY Yangon မှ သိရှိရမှုအား ပြန်လည်မျှဝေလိုက်ပါတယ်။
.
Read 16 times