တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ Happy Monsoon & Back to School ပွဲတော်ကို မေလ (၁၇) ရက်နေ့ကနေ မေလ (၁၉) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပိတ်ရက်တွေဖြစ်တာကြောင့် အားလပ်ချိန်မှာ မိသားစု (သို့) သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ တိရစ္ဆာန်ဥယျာဉ်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။
(၃) ရက်တာ ကျင်းပမယ့် ပွဲတော်အချိန်ကာလအတွင်းမှာ -
ပွဲတော်ရက်အတွင်း သွားရောက်လည်ပတ်ကြမယ့် သားသား/မီးမီးတို့နဲ့ မိဘပြည်သူတွေအတွက် ကျောင်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ရောင်းချပေးမယ့် ဆိုင်ခန်းများစွာလည်း ရှိနေမှာဖြစ်ပါတယ်။
စျေးပွဲတော်အတွင်း Promotion Booth၊ Food Stall ဆိုင်ခန်းများ ငှားရမ်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Yangon Zoo Page Messenger (သို့) ဖုန်း 09406669990 နှင့် 09740013416 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပိတ်ရက်မရှိ နေ့စဉ် မနက် (၈) နာရီကနေ ညနေ (၄) နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
Read 7020 times