Things To Do

အဲယားကွန်းမလိုပဲ အခန်းလေးအေးအောင်ပြုလုပ်သင့်သည့် အရာများ

How can I keep my room cool without air conditioning?

ရာသီဉတု အပူချိန် မြင့်တက်ခြင်းဟာ ကျွန်မတို့ကို အလွယ်တကူ ပင်ပန်းနွမ်းနယ်မူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်အလုပ်လုပ်နေကြတဲ့သူတွေအတွက် အလုပ်မြန်ဆန်ပြီးမြောက်ဖို့က ခက်ခဲကြပါတယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အလုပ်လုပ်နေရတာထက် ပူလောင်နေတဲ့အခန်းထဲမှာ အလုပ်ထိုင်လုပ်နေရတာက ပိုပြီးပင်ပန်းစေပါတယ်။ ဒါကြောင့် ပူအိုက်နေတဲ့အခန်းငယ်လေးရဲ့ အပူဒဏ်တွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်။ 

ခန်းဆီးနဲ့ လိုက်ကာများကိုပိတ်ထားပါ။

အခန်းကိုအေးမြစေဖို့အတွက် ခန်းဆီးနဲ့လိုက်ကာ တွေကို ပိတ်ခိုင်းလို့ မအံ့သြလိုက်ပါနဲ့ ။ နွေရာသီမှာ သင့်အခန်းငယ်က ခန်းဆီးတွေလိုက်ကာတွေ ပိတ်ထားလိုက်မယ်ဆို နေရောင်ခြည်ရဲ့ အပူချိန်ဟာ အခန်းထဲကို တိုက်ရိုက်မကျရောက်တော့ပါဘူး။ 

တစ်ချို့ အခန်းနံရံတွေက အပူချိန်ကိုစုပ်ယူမူ အားကောင်းတဲ့အတွက် နေ့ခင်းဘက် မှာအခန်းတွင်းကို ကျရောက်လာတဲ့ နေရောင်ခြည်ရဲ့ အပူချိန်ကို စုပ်ယူထားတဲ့အတွက်ကြောင့် အခန်းရဲ့အပူချိန်က ပိုမြင့်မားနိုင်ပါတယ်။

 ဒါကြောင့် ခန်းဆီးနဲ့ လိုက်ကာတွေကိုသာ ပိတ်ထားမယ်ဆိုရင် အခန်းငယ်ဟာလည်း အပူချိန်မြင့်နေစရာ မရှိတဲ့အတွက် အေးချမ်းနေစေမှာပါ။

How to Cool Your Bedroom Without Using the Air Conditioner - Conserve  Energy Future

ပြတင်းပေါက်နဲ့ အတွင်းတံခါးတွေကို ညဘက်မှာဖွင့်ထားပါ။

အခန်းအပူချိန်မကျရောက်အောင် နေ့ခင်းဘက်မှာ ခန်းဆီးနဲ့ လိုက်ကာတွေကိုပိတ်ထားသင့်ပေမယ့် ညဘက်မှာတော့ ခန်းဆီးလိုက်ကာတွေတင်မက ပြတင်းပေါက်နဲ့ အတွင်းတံခါးတွေပါ ဖွင့်ထားသင့်ပါတယ်။ 

ညဘက်မှာ နေရောင်မရှိတော့တဲ့အတွက် အေးမြတဲ့ သဘာဝလေကို ခံစားလို့ရတဲ့အတွက် ခန်းဆီးတွေ၊ လိုက်ကာတွေပိတ်ထားရင်တော့ အေးမြတဲ့လေကို ခံစားနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် အဲယားကွန်းမလိုပဲ ညဘက်မှာအေးအေးချမ်းချမ်းလေး သဘာဝလေကို ခံစားစေချင်တယ်ဆိုရင်တော့ ပြတင်းပေါက်နဲ့ တံခါးတွေကို မပိတ်ထားပါနဲ့ ။ 

ပန်ကာရှေ့မှာ ရေခဲရေ သို့မဟုတ် ‌ရေခဲတုံးကို အအေးခံထားပါ။ 

နောက်ထပ် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတစ်ခုကတော့ ပန်ကာရှေ့မှာ ရေအေး ဒါမှမဟုတ် ရေခဲကို ထာပြီး ပန်ကာဖွင့်ထားပါ။ ပန်ကာက အရှေ့မှာရှိတဲ့ ရေ သို့မဟုတ် ရေခဲများရဲ့ အအေးဓာတ်ကို မှုတ်ထုတ်လိုက်တဲ့အတွက် သင့်အခန်းကို အေးမြစေပါတယ်။

ဒီလိုလုပ်ထားတဲ့အခါမှာတော့ အခန်းတံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ ဒါမှအခန်းအတွင်းထဲမှာ အပြင်လေမဝင်ပဲ အဲယားကွန်းလေ ခံစားနေရသလို ခံစားရစေမှာပါ။

Do these internet-sourced life hacks actually help beat the Seattle summer  heat? | The Seattle Times

အေးမြသောရေကို ပိုသောက်ပါ။

ကျွန်မတို့ခန္ဓာကိုယ်မှာ ရေဓာတ်ကအဓိကအလိုအပ်ဆုံးဖြစ်တာကြောင့် ကျန်းမာသက်သာစေဖို့အတွက် ရေကိုပုံမှန်သောက်ပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သင်ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာ ဒါမှမဟုတ် ရေနွေးသောက်တာများသွားတဲ့အခါတွေမှာ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ အရင်ကထက် ပိုမြင့်လာတတ်ပါတယ်။ ရေခဲရေ သို့မဟုတ် အေးမြတဲ့ရေကိုသောက်ပေးခြင်းဟာ စိတ်ကိုလန်းဆန်းစေတဲ့အပြင် ပင်ပန်းမူကိုလျော့ချစေမှာပါ။ အိပ်ယာမဝင်ခင်မှာ အေးမြတဲ့ရေကိုသောက်ပေးခြင်းကလည်း သင်ကို အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်စေနိုင်မှာပါ။

ညအိပ်ယာမဝင်ခင် ရေချိုးပေးပါ။

ညအိပ်ခါနီးမှာ ရေကြက်သီးနွေးလေးနဲ့‌ရေအနည်းငယ်ကို ရောစပ်ပြီးချိုးပေးသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လိုက်လျောညီထွေဖြစ်ပြီး ကြက်သီးနွေးဖြင့် ရေချိုးခြင်းက ခန္ဓာကိုယ်က အပူဒဏ်ကိုလည်းလျော့ချပေးစေနိုင်တဲ့အပြင် အညောင်းအညာပြေပြီး ကောင်းစွာအိပ်ပျော်စေနိုင်မှာပါ။

အခန်းနံရံ ဆေးအရောင်‌ရွေးချယ်မူ

အိမ်တစ်အိမ်မှာ အခန်းတွင်းဆေးရောင်ရွေးချယ်မူကလည်း အရေးပါပါတယ်။ အခန်းကို မျက်စိအေးစေမယ့် အရောင်နုလေးတွေကိုရွေးချယ်ခြင်းက စိတ်ကိုလန်းဆန်းစေပါတယ်။

ဥပမာ-အစိမ်းရောင် အပြာရောင်စတဲ့ သဘာဝအရောင်တွေက မျက်စိကိုအေးစေပါတယ်။ အခန်းတွင်းကိုလည် အစဉ်အမြဲ သန့်ရှင်းရေးလုပ်ပေးခြင်းက စိတ်ကိုပျော်ရွှင်စေပါတယ်။ 

 

⇐ Previous Next

Read 1267 times