Things To Do

နွေရာသီအပူဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လိုနေထိုင်ကြမလဲ

How can we survive the summer heat?

နွေရာသီဟာ လူတော်တော်များများက မကြိုက်ကြတဲ့ရာသီဥတုတစ်ခုဖြစ်ပေမယ့် နွေရာသီကို မိုက်ရူးရဲဆန်စွာ ကြိုက်နှစ်သက်သူတွေလည်းရှိကြပါတယ်။ အခုလို နွေရာသီအစပိုင်းကတော့ လူတိုင်းနီးပါး စိတ်ညစ်ပြီးပူလောင်မူကို အံတုနေကြချိန်ပဲဖြစ်ပါတယ်။ 

ဒီလိုချိန်မှာတော့ နွေရာသီဟာ လူတိုင်းအတွက် စိတ်ရှုပ်စရာ ပင်ပန်းစရာ အချိန်ကာလကြီးတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြော င့် အခုလို ပူအိုက်နေတဲ့ ရာသီဥတုမှာ အပူချိန်ကိုအံတုနိုင်အောင် လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းအချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

 

အယ်လ်ကိုဟော နဲ့ သကြားဓာတ်များသော အချိုရည်တွေကိုရှောင်ပါ ။

အယ်လ်ကိုဟော နဲ့ သကြားအများအပြား ပါဝင်တဲ့ အချိုရည်အများစုဟာ ခန္ဓာကိုယ်က ရေဓာတ်ကို ပိုဆုံးရှုံးစေတာကြောင့် ခန္ဓာကိုယ် အပူချိန်ကိုပိုများစေပါတယ်။

 ဒါကြောင့် အယ်ကိုဟော နဲ့ သကြား များပါဝင်တဲ့အချိုရည်တွေကို ရွေးချယ်မယ့်အစား ရေဓာတ်ကိုပိုမို ဖြည့်တင်းပေးနိုင်တဲ့ အချိုရည်တွေကို ပိုမို ရွေးချယ်သောက်သုံးသင့်ပါတယ်။

 

Sunscreen အမြဲလိမ်းပါ ။

နေပူထဲထွက်မှ မဟုတ်ပါဘူး အပြင်ထွက်တဲ့အချိန်တိုင်းကို sunscreen အမြဲလိမ်းပြီးမှ ထွက်ပါ ။ sunscreen လိမ်းပေးခြင်းကြောင့် ချွေးပေါက်တွေကို ကျဉ်းစေတဲ့အပြင် မျက်နှာအသားအရေနီရဲ ခြင်းမှ ကင်းစေတဲ့အတွက် စိတ်ကိုကြည်လင်စေပြီး ပူလောင်မူကိုမေ့ပျောက်စေပါတယ်။

 

အပြင်အမြဲမထွက်ပါနဲ့ ။

အပြင်ကအပူချိန်တွေ မြှင့်တက်မူများလာတာနဲ့ အမျှအခန်းထဲမှာနေတာဟာ အပူချိန်ကို ပိုပြီးကောင်းမွန်စေပါတယ်။ အိမ်မှာ အပင်လေးတွေ စိုက်ထားတာတို့ အိမ်သုတ်ဆေးကို မျက်စိအေးတဲ့ အရောင်လေးတွေ ‌ရွေးချယ်သုတ်ထားတာတွေကြောင့် အခန်းဟာ ပူလောင်နေမှာမဟုတ်ပါဘူး။

ဒါကြောင့် အပြင်ထွက်မယ့်အစား အခန်းလေးကို မျက်စိအေးချမ်းအောင် ပြုပြင်ပြီး အခန်းလေးထဲထိုင် စာအုပ်လေးဖတ်ပြီး စိတ်ချမ်းသာစွာနဲ့ နေနိုင်ပါတယ်။

 

ရေများများသောက်ပါ။

အပူချိန်မြင့်မားမူကြောင့် ခေါင်းမူးခေါင်းကိုက်တွေဟာ တစ်ခါတစ်လေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။နေပူထဲအလုပ်လုပ်နေရသူများအနေနဲ့ ဒီလိုနာကျင်မူဒဏ်တွေက ပိုခံစားရတတ်ပါတယ်။ 

ဒါကြောင့် ခေါင်းမူးခေါင်းကိုက်ပြီ ထင်တာနဲ့ ရေသာပြေးသောက်ပါ။ 

ရေဓာတ်အားဖြည့် အချိုရည်များများသောက်ပေးပါ။ပူပြင်းတဲ့ ရာသီဥတုမှာ သင့်ခန္ဒာကိုယ်က ရေဓာတ်ကိုပို လိုအပ်ပါတယ်။ ရေငတ်မှ ရေဆာမှ သောက်တာမျိုး မလုပ်ပြ ရေကို သတိရသလို သောက်ပေးပါ။

 

ရေအေးဖြင့်ရေချိုးပါ။

နွေရာသီမှာတော့ ရေချိုးရမှာ ပျင်းတဲ့လူရှိမယ်မထင်ပါဘူး ။ ရေချိုးရင်လည်း ရေအေးအေးလေးနဲ့သာ ချိုးဖို့အတွက် အကြံပြုချင်ပါတယ်။

ဒါမှသာ ခန္ဓာကိုယ်လေးက အမြဲအေးအေးချမ်းချမ်းလေးဖြစ်နေပြီး ရာသီဥတု အပူဒဏ်ကြားထဲမှာ နေရတာ စိတ်ချမ်းသာစေမှာပါ။မကြာခဏ ရေကူးပေးခြင်းကလည်း ခန္ဓာကိုယ် အပူချိန်ကိုလျော့ချစေပါတယ်။

 

အပြင်ထွက်ရင် ဦးထုပ် သို့ ထီးယူသွားပါ။

အပူချိန်ပြင်းနေတဲ့အချိန် မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းသွားပါ။ ဒါမှသာ ခေါင်းကိုက် ခေါင်းမူ သက်သာစေမှာဖြစ်ပြီး အပူငွေ့ဟာ ခေါင်းပေါ် တိုက်ရိုက်ကျမှာ မဟုတ်တော့ပါဘူး။

 

⇐ Previous Next

Read 1084 times