Food & Drink

စားသုံးဆီကို အစားထိုးပြီး ဟင်းချက်နိုင်မည့် အစားအသောက် (၈) မျိုး

Best Substitutes For Cooking Oil

မြန်မာနိုင်ငံတွင် ပဲဆီနှင့် စားအုန်းဆီကို ဟင်းချက်ရာတွင် အများဆုံး အသုံးပြုပြီး ဟင်းသီးဟင်းရွက်ဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီများကိုလည်း ယခုနောက်ပိုင်း စားသုံးလာကြသည်။ သို့ရာတွင် ယင်းဆီများအပြင် တခြား အစားထိုး အသုံးပြု၍ ချက်ပြုတ် ကြော်လှော်နိုင်သည့် စားသောက်ကုန်များ ရှိသေးသည်ကို သိပါသလား။

အောက်တွင် စားသုံးဆီကို အစားထိုးပြီး ဟင်းချက်နိုင်မည့် စားသောက်ကုန် (၈) မျိုးကို ဖော်ပြပေးလိုက်ပါသည်။ သုံးသင့်သည့် အစားအသောက်များနှင့် ပြုလုပ်နည်းတချို့ကိုပါ ထည့်သွင်းထားသည့်အတွက် သင့်အတွက် အသုံးဝင်မည်ဟု မျှော်လင့်ပါသည်။

 

၁။ ထောပတ်နှင့် မာဂျရင်း ( Butter & Margarine )

ထောပတ်နှင့် မာဂျရင်းသည်  အစားအစာများ၏ အနံ့အရသာ ပိုမိုကြွယ်ဝစေနိုင်ပြီး အရောင်ကိုလည်း ပိုလှပစေနိုင်သောကြောင့် အစားသောက်များ ချက်ပြုတ်ရာတွင် စားသုံးဆီ အစားထိုးအနေဖြင့် ပြောင်းလဲ အသုံးပြုနိုင်သည်။ သတိပြုရမည့် အချက်မှာ ထောပတ်နှင့် မာဂျရင်းသည် တခြား ဟင်းသီးဟင်းရွက်၊ ပြောင်း၊ နေကြာမှ ရရှိသည့် ဆီများထက် အပူချိန်အနည်းငယ်တွင် ပျော်ဝင်နိုင်ပြီး လိုအပ်သည့် အချိန်ထက် ပိုပြီး ကြော်လှော် ချက်ပြုတ်မိပါက အစားသောက်များကို ညိုသွားစေနိုင်သည်။

 

 

၂။  ဟင်းသီးဟင်းရွက်ဆီ ( Vegetable Shortening )

ဟင်းသီးဟင်းရွက်ဆီ (သို့မဟုတ်) ဟင်းသီးဟင်းရွက်မှ ထုတ်လုပ်ထားသည့် အဆီခဲများကို ကြော်လှော် ချက်ပြုတ်ရန်နှင့် ကြက်သားကြော်ရန် စသည်များအတွက် အသုံးပြုနိုင်သည်။ မုန့်ဖုတ်ရာတွင် အသုံးပြုနိုင်သည့် သက်သက်လွတ် အဆီတစ်မျိုးလည်း ဖြစ်သည်။

 

 

၃။ ကြက်ဆီ ( Schmaltz )

Schmaltz ကို ကြက်ဆီဟု လူသိများပြီး ဂျူးလူမျိုးများနှင့် အရှေ့ဥရောပတွင် ချက်ပြုတ်ရာ၌ အဓိက အသုံးပြုသည့် ပါဝင်ပစ္စည်း တစ်ခုဖြစ်သည်။ ပြုလုပ်ရလည်း လွယ်ကူပြီး ကြက်ဆီဖြင့် ချက်ပြုတ်ပါက အစားအသောက်များမှာ အလွန်အရသာ ရှိသည်။ ဖက်ထုပ်နှင့် မုန့်အချို့လည်း ပြုလုပ်နိုင်သည်။

 

 

ကြက်သား Schmaltz ပြုလုပ်နည်း

==========================

ကြက်အရေပြားများကို သီးသန့်ဖယ်ထုတ်ပြီး အရသာထည့်ကာ အိုးထဲ ထည့်ကြော်ပါ။ အရေပြားများ ကြွပ်ရွလာသောအခါ ထွက်ပေါ်လာသည့် ဆီများကို ဟင်းချက်ပြုတ်ရာမှာ ထောပတ်သုံးသကဲ့သို့ အစားထိုး အသုံးပြုနိုင်သည်။ ဆီများ ယူပြီးပါက ကျန်ရှိသော ကြက်အရေပြားကြော် ကျွပ်ကျွပ်လေးကို သားရေစာအဖြစ် စားသုံးနိုင်သည်။

 

၄။ ဘေကွန်အမဲဆီ ( Bacon Grease )

Lardons၊ Pancetta နှင့် Streaky Bacon များတွင် သဘာ၀တိရစ္ဆာန်အဆီများ ပါဝင်သည့်အတွက် ဟင်းများ ချက်ပြုတ်ရာတွင် အစားထိုး အသုံးပြုနိုင်သည်။ အပူမကပ်သည့် ဒယ်အိုးထဲကို Bacon Grease ထည့်ပြီး အရင်ဆုံး အဆီများ ပျော်ဝင်အောင် ပြုလုပ်ပေးရမည် ဖြစ်သည်။ အဆီများ ပျော်လာချိန်မှသာ မိမိအလိုရှိသည့် ကြော်လှော်ချက်ပြုတ်ခြင်းများ ပြုလုပ်နိုင်သည်။ အသုံးပြုပြီး ကျန်ရှိသည့် ဆီများကို သန့်ရှင်းသည့် အိုး (သို့) ပုလင်းထဲတွင် အအေးခံပြီး နောက်ပိုင်း ပြန်လည် အသုံးပြုနိုင်သည်။ Bolognese နှင့် Casseroles များက အငံဓာတ်ရှိပြီး ကြက်ဥကြော်၊ အာလူးကြွပ်ကြော်များအတွက် အထူးကောင်းမွန်သည်။

 

 

၅။  ဂီးထောပတ် ( Ghee )

အဆီဓာတ် မြင့်မားစွာ ပါဝင်သည့် Ghee ကို အပူချိန်များများနှင့် ကြော်လှော်ရသည့် အစားအသောက်များ၊ အနံ့အရသာပြင်းသည့် ဟင်းများကို ကြော်လှော် ချက်ပြုတ်ရာတွင် အသုံးပြုရန်အတွက် အကောင်းဆုံးသော အစားထိုးပစ္စည်းတစ်ခု ဖြစ်သည်။ 

 

 

၆။ ငှက်ပျောသီးထောင်းနဲ့ ပန်းသီးဆော့စ် ( Mashed Bananas & Applesauce )

ပန်းသီးဆော့စ်၊ ငှက်ပျောသီးထောင်းများကို ကိတ်မုန့်နှင့် ကွက်ကီးကဲ့သို့ မုန့်လုပ်သည့် နေရာများတွင် ဆီအစားထိုး အသုံးပြုနိုင်သကဲ့သို့ ရွှေဖရုံသီးစည်သွပ်ဘူး၊ ဒိန်ချဉ်များတွင်လည်း အသုံးပြုနိုင်သည်။ 

 

 

၇။ ယိုများ ( Jams & Marmalade )

ကြက်သား၊ ငါးများ ကင်ရန်အတွက် ဆီမရှိပါက ယို (သို့) လိမ္မော်ယိုများနှင့် အသားလွှာများကို နှိပ်ပြီး အသုံးပြုနိုင်သည်။ ထိုသို့ ဆီအစား ယိုအသုံးပြုခြင်းအားဖြင့် အသားများ၏ အရသာကိုလည်း ပိုတိုးစေသည်။

 

 

၈။ ရေ ( Water )

ဝက်အူချောင်းနှင့် ဘာဂါများတွင် ပါဝင်သည့် အသားပြားများကို ကြော်လှော်ရာတွင် ဆီမလိုအပ်ပါ။ ရေ သင့်တော်ရုံ ထည့်ပြီး အသားပြားများကို ထည့်ကာ ရေခမ်းပြီး အဆီများ ထွက်လာသည်အထိ ကြော်ပေးနိုင်သည်။ 

 

 

အထက်ပါ စားသုံးဆီကို အစားထိုးပြီး ဟင်းချက်နိုင်မည့် အစားအသောက်များကို မိမိဘာသာ အိမ်တွင် စမ်းသပ် ချက်ပြုတ် ကြော်လှော်နိုင်ပြီး စမ်းသပ် အောင်မြင်ပါက ပုံမှန် စားသုံးနေသည့် ဆီများကို လျှော့ချနိုင်မည် ဖြစ်သည်။

 

⇐ Previous Next

Read 1276 times