Things To Do

ကောင်မလေးနဲ့ First Date ကို ဘယ်လိုမျိုး အထာကျကျ ဖြတ်သန်းမလဲ

How do you spend your first date with a girl?

အခုလို Covid  ကာလကြီးမှာ အိမ်တွင်းအောင်း နေရတာကို တော်တော်ကြီး ငြီးငွေ့ နေကြလောက်ပြီ လို့ထင်ပါတယ်။ အဲတော့ Covid ကြီးပြီးသွားရင် Crushနဲ့ Date ဖို့ပဲ ဖြစ်ဖြစ် ကောင်မလေးနဲ့ ချိန်းဖို့ပဲ ဖြစ်ဖြစ် First Date မှာ အထာကျကျ Date နိုင်ဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

 

ဘယ်နေရာမှာချိန်းမလဲ 

 

ကောင်မလေးနဲ့ Date မယ်ဆိုရင် နေရာကောင်းလေးတွေမှာ ချိန်းပြီး Date ဖို့ကလည်း အရေးကြီးပါတယ်။ First Date ဖြစ်တဲ့အတွက် လာဖို့ခက်ခဲမယ့် နေရာ၊ ဝေးတဲ့ နေရာမျိုးတွေကို မချိန်းသင့်ပါဘူး။ အထူးသဖြင့် ကော်ဖီဆိုင် ကောင်းကောင်းလေးတွေမှာ Dateတာက အကောင်းဆုံးပါပဲ။ နှစ်ယောက်သား ကော်ဖီလေး တူတူသောက်ပြီး ရောက်တတ်ရာရာ စကားလေးတွေ ပြောရင်း ကြည်နူးဖို့ အကောင်းဆုံး ဖြစ်မှာပါ။

 

 

ဘယ်အချိန်တွေ့မလဲ

 

ပထမဆုံးတွေ့တဲ့နေ့မှာ ကိုယ်ဘက်ကနေ ချိန်းတဲ့နေရာကို အနည်းဆုံး (၁၀)မိနစ်လောက် ကြိုပြီးရောက်နေဖို့ လိုပါတယ်။ တွေ့ဖို့ချိန်းတဲ့ အချိန်ကလည်း အေးအေးချမ်းချမ်းလေးနဲ့ Romanticဖြစ်ဖို့လိုပါတယ်။ အဲ့ဒါကြောင့် ပူလောင်တဲ့ နေ့ခင်းနေ့လည်မျိုးတွေ မချိန်းဘဲနဲ့ မနက်စောစော နဲ့ ညနေစောင်းက Date ဖို့အကောင်းဆုံး ဖြစ်ပါတယ်။

မနက်ပိုင်း Breakfast တူတူစားပြီး ကော်ဖီတူတူသောက်ရင်သောက် ဒါမှမဟုတ် ညနေခင်း အလင်းရောင် မှိန်မှိန်လေးမှာ ကော်ဖီဆိုင်လေးရဲ့ ထောင့်ဘက်ကျတဲ့ စားပွဲလေးမှာ ထိုင်ရင်း နှစ်ကိုယ်ကြား စကားလေးတွေ ပြောပြီး ကြည်နူးလို့ရပါသေးတယ်။

 

ဘယ်လို ဝတ်စားသွားမလဲ

 

အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ပြန့်ပြန့်ဖြစ်အောင် ဝတ်စားသွားပါ။ မိန်းကလေးတွေက ရုပ်မချောရင်တောင် သပ်ရပ်တဲ့ ကောင်လေးတွေကို သဘောကျကြပါတယ်။ ဆံပင်ပုံစံကိုလည်း သေသေချာချာလေး ကိုယ်နဲ့လိုက်ဖက်ပြီး ကြည့်ကောင်းအောင် ပြင်ဆင်သွားပါ။ ဒါအပြင် ကောင်မလေးကို ကိုယ့်အနား ရောက်လာအောင် ဆွဲဆောင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ကိုယ်သင်းနံ့က မွှေးနေဖို့လည်းလို တာကြောင့် ရေမွှေးဆွတ်တတ်တဲ့ သူဆိုရင် အနံ့သိပ်မပြင်းတဲ့ ရေမွှေး သင်းသင်းလေး ဆွတ်သွားပါ။

အနံ့ပြင်းတဲ့ ‌ရေမွှေးတွေကိုက တဖက်လူကို စိတ်အနှောက်အယှက် ဖြစ်စေနိုင်တာကိုလည်း သတိထားရပါမယ်။  ဝတ်ပုံစားပုံ သပ်ရပ်ပြီး မွှေးကြိုင်နေတဲ့ ‌‌ယောက်ျားလေးတစ်ယောက်ကို ဘယ်လိုမိန်းကလေးမျိုးကမှ မကြိုက်ဘဲ မနေနိုင်ပါဘူး။

 

 

သူနဲ့တွေ့ရင် ဘယ်လိုနေပြီး ဘာတွေပြောရမလဲ

 

Intro က အရမ်းအရေးကြီးပါတယ်။ ကောင်မလေးနဲ့ စတွေ့တာနဲ့ ကိုယ့်ဘက်က သူနဲ့တွေ့ရတာ ဝမ်းသာကြောင်း၊ ပျော်ကြောင်း သူသိအောင်ပြပါ။ အထူးသဖြင့် နှစ်ယောက်တွေ့ကြတဲ့ အချိန်မှာ ဖုန်းထိုင်သုံးနေတာမျိုး လုံးဝ မလုပ်ပါနဲ့။ လူကြီးလူကောင်းဆန်တဲ့ ပုံစံမျိုး ဖြစ်နေပါစေ။ စားသောက်ဖို့ တစ်ခုခု‌ရွေးတဲ့ အခါမှာ ကောင်မလေးကို ဦးစားပေးပါ။ တကယ်လို့ သူ့ဘက်က ဘာမှာရမှန်းမသိ ဖြစ်နေခဲ့ရင် သူစားဖို့အတွက် အဆင်ပြေတာတစ်ခုခု ကူရွေးပေးပါ။

စကားမပြောဘဲ မနေပါနဲ့။ စစတွေ့ချင်းမို့ ရှိန်နေတာမျိုးက ဖြစ်တတ်တယ် ဆိုပေမယ့် ကိုယ့်ဘက်ကနေ စကားစပြောဖို့ လိုပါတယ်။ ကိုယ်ထိုင်နေတဲ့ ဆိုင်အကြောင်းပဲ ဖြစ်ဖြစ် စားတဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီးပဲဖြစ်ဖြစ် စကားစပါ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် မိတ်ဆက်ဖို့လိုပေမယ့် ကြွားလုံးထုတ်တာတွေ ဂုဏ်ဖော်တာမျိုးတွေ လုံးဝ မလုပ်မိပါစေနဲ့။

သူစိတ်ဝင်စားလောက်မယ့် အကြောင်းအရာလေးတွေ အပြန်အလှန်ပြောရင်း ရင်နှီးမှုတွေ တိုးလာအောင် ဖန်တီးသင့်ပါတယ်။ ဒါ့အပြင် ကောင်မလေးကို ချောကြောင်း၊ လှကြောင်း ချီးကျူးဖို့လည်း မမေ့ပါနဲ့။

 

နောက်ထပ် Dateဖို့ ဘယ်လိုဖန်တီးမလဲ

 

First Date ကနေ နောက်ထပ် ထပ်ပြီး Date နိုင်ဖို့ကတော့  ကိုယ့်အပေါ်မှာပဲ အများကြီးမူတည်ပါတယ်။ အဲ့တော့ ကိုယ့်ဘက်ကလည်း သဘောကျတယ် ထပ်လည်း Dateချင်တယ်ဆိုရင် နောက်ထပ်တွေ့ဖို့ကို ဆန္ဒရှိတယ်ဆိုတဲ့ အကြောင်းကို သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် ပြောသင့်ပါတယ်။ “နောက်တစ်ခါ ကျွန်တော်တို့တွေ့ရင် ဘယ်နေရာလေးသွားရအောင်၊ ဘာလေးသွားစားရအောင်” စသဖြင့် ကြိုတင်ပြီး စကားခေါ်ထားဖို့ လိုပါလိမ့်မယ်။

Dateပြီးလို့ အိမ်ပြန်ကျတဲ့ အချိန်မှာလည်း ကောင်မလေးကို အိမ်ထိ မဟုတ်တောင် အနီးစပ်ဆုံး နေရာအထိ လိုက်ပို့ပေးပါ။ အရေးကြီးဆုံးကတော့ ကိုယ်ဟာ မိန်းကလေးတွေကို တန်ဖိုးထားတတ်တဲ့ သူတစ်ယောက်ဆိုတာ ကောင်မလေးသိအောင် ပြပေးပါ။

နှုတ်ဆက်တဲ့ အချိန်မှာလည်း လေးလေးစားစားနဲ့ သူ့ကို ဂရုတစိုက်ရှိပါစေ။ မိန်းကလေးတွေက သူတို့ကို ဂရုစိုက်ပြီး လေးစားတတ်တဲ့ ‌ယောက်ျားလေးတွေကို အမှတ်ပို ပေးတတ်တာကြောင့် နောက်ထပ် Date  ဖို့အတွက် သူ့ဘက်ကနေ ငြင်းဆန်ဖို့ ခက်ခဲပါတယ်။

ဒီတော့ အခုမှ ကောင်မလေးနဲ့ စတွေ့မယ့် သူငယ်ချင်းတို့ရော၊ အရင်တုန်းက ခဏခဏ ချိန်းတွေ့ဖူးပေမယ့် အဆင်မပြေ ဖြစ်နေရတယ်ဆိုတဲ့ ဘော်ဒါတွေရော ဒီတစ်ခါ Dateရင် အခုပြောသွားတဲ့ အတိုင်းလေး လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။



⇐ Previous Next

Read 3369 times