Technology

Microsoft ၏ Emerge X ဝင်ခွင့်ပြိုင်ပွဲတွင် အာရှမှ စွန့်ဦးတီထွင် လုပ်ငန်း (၄) ခု ရွေးချယ်ခံရ

Four Asian Entrepreneurs Selected in Microsoft's Emerge X Entry Contest

အာရှပစိဖိတ်ဒေသတွင် ဒေသတွင်းပြိုင်ပွဲများအဖြစ် ကျင်းပခဲ့သည့် Microsoft ၏ Emerge X Regional Pitching Competition ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် စင်္ကာပူနိုင်ငံတို့မှ စွန့်ဦးတီထွင် လုပ်ငန်းသစ် (၄)ခုက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 

 

အနိုင်ရရှိခဲ့သည့် Service Platform များမှာ… 

 

Abivin (ဗီယက်နမ်နိုင်ငံ) 

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက်မှ ပြဿနာများကို ဖြေရှင်းကာ ကဏ္ဍအသီးသီးအတွက် ဒေသတွင်း ကုန်ပို့ဆောင်ရေး လုပ်ငန်းများကို ချောမွေ့အောင် လုပ်ဆောင်ပေးနေသည့် AI(လူလုပ်အသိဉာဏ်)ကို အသုံးပြုထားသည့် ဝန်ဆောင်မှု ပလက်ဖောင်း

 

Lifetrack Medical Systems (ဖိလစ်ပိုင်နိုင်ငံ) 

ဖွံ့ဖြိုးလာသည့် ဈေးကွက်များတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် ဆေးဖက်ဆိုင်ရာ ပုံရိပ်ဖော်ခြင်း နည်းပညာများကို ဆောင်ရွက်နိုင်မည့် Cloud ကို အခြေခံထားသည့် ဝန်ဆောင်မှု ပလက်ဖောင်း

 

Agrithmics (သီရိလင်္ကာနိုင်ငံ)

တောင်သူလယ်သမားများနှင့် အဝယ်ဒိုင်များကို ချိတ်ဆက်ပေးပြီး လယ်ယာတွင်းမှ စတင်၍ စက်ရုံနှင့် ထုတ်လုပ်ရေး လုပ်ငန်းများထိ ဒီဂျစ်တယ်နည်းပညာ အသွင်ပြောင်း Cloud အခြေခံ ဖြေရှင်းချက်များ ဖော်ဆောင်၍ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးနေသည့် ဝန်ဆောင်မှု ပလက်ဖောင်း 

 

 

Milky Way AI (စင်္ကာပူနိုင်ငံ)

လက်လီရောင်းချသူများအတွက် အရောင်းနှင့် ပစ္စည်းသိုလှောင်မှုကို စီမံခန့်ခွဲရာတွင် ရုပ်ပုံအတည်ပြုပေးသည့် နည်းပညာကို အသုံးချနိုင်စေမည့် AI စနစ်အသုံးပြု စမတ်ဝန်ဆောင်မှု

 

ဖော်ပြပါ ပြိုင်ပွဲအား အာရှပစိဖိတ်ဒေသများမှ စွန့်ဦးထီထွင် လုပ်ငန်းရှင်းများနှင့် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင် (၄)ဦး ဖြစ်သည့် Better HR, Expa.ai, Karzo Co., နှင့် Village တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

 

Emerge X ပြိုင်ပွဲသည် Microsoft ၏ Highway to a 100 Unicorns ၏ ခြေလှမ်းများထဲမှ တစ်ခုဖြစ်ပြီး အလားအလာကောင်းသော နည်းပညာသုံး လုပ်ငန်းသစ်များကို ပျိုးထောင်ရန်နှင့် အာရှပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးလာသော ဈေးကွက်များ၏ စီးပွားရေးဂေဟစနစ်ကို ကြီးထွားစေရန် ရည်ရွယ်သော ပွဲဖြစ်ပါသည်။

⇐ Previous Next

Read 1220 times