Technology

အင်္ဂလိပ်ဘာသာစကားကို Application မှတစ်ဆင့် အခမဲ့ လေ့လာနိုင်မည့် SAYA: The English Learning App

SAYA: The English Learning App

မြန်မာနိုင်ငံသည် အင်္ဂလိပ် ဘာသာရပ်ကို ဒုတိယဘာသာရပ်အနေဖြင့် အသုံးပြုနေသော်လည်း English Proficiency Index အရ Southeast Asia နိုင်ငံများ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာရင်းတွင် အောက်ဆုံးမှပါဝင်နေတာ တွေ့ ရပါသည်။

ထု့ိအပြင် Covid ကာလ မှာ သင်တန်းကိုသွားရောက်တက်ရန်အတွက်လည်း အခက်အခဲ များစွာရှိခြင်းတို့ ကြောင့်  Binary Lab Software Development Company မှ အင်္ဂလိပ် ဘာသာစကား ကို အချိန်မရွေး လေ့လာနိုင်ရန် SAYA Mobile Application ကို မိတ်ဆက်ပေးသွားပါသည်။

Application ကို Playstore မှ အခမဲ့ ဒေါင်းလုပ် ရယူနိုင်ပြီး Video Lecture များကို Course အလိုက်၊ Level အလိုက်ခွဲပေးထားပေးခြင်း၊ မိမိ Level နှင့် လိုက်ဖက်မည့် Course များ ကို သင်ယူချင်တဲ့ အပိုင်းလိုက် ရွေးချယ်လေ့လာနိုင်ခြင်းများ စသော လုပ်ဆောင်ချက်များပါဝင်သည်။

ထို Course များကို ဝါရင့်အင်္ဂလိပ်ဆရာ၊ ဆရာမများက သင်ကြားပေးထားခြင်းဖြစ်ပါသည်။ ဒါ့အပြင် Course Video တွေ ကြည့်ရုံသာမက ကိုယ်လေ့လာထားတဲ့ Lecture တွေ ကို Application ထဲမှာပဲ Practice လုပ်လို့ရမှာဖြစ်ပါသည်။

Course များကို အခုမှ စပြီးလေ့လာမယ့် သူတွေအပြင် အလုပ်ခွင်မှာအသုံးပြုတဲ့ English ကိုပါ လေ့လာချင်တဲ့သူတွေအတွက် ချုံငုံမိအောင် သင်ကြားပေးထားခြင်းဖြစ်သည်။ ဆက်လက်ပြီး Course တွေကို ထပ်မံ ထည့်သွင်းသွားဖို့ရှိတယ် လို့လဲ SAYA Application မှ တာဝန်ရှိသူတစ်ဦးက ပြောထားပါသည်။

ဒီ Application ကိုတော့ Covid ကာလမှာ အခမဲ့ လေ့လာနိုင်မှာဖြစ်တယ်လို့လဲ သိထားရပါသည်။ Application က Android အသုံးပြုသူများအတွက် ယခု Playstore ပေါ်မှာ ရှိနေပြီး မကြာခင်မှာ iPhone အသုံးပြုသူတွေအတွက်ပါ ထုတ်ပေးသွားမယ်လို့လဲ သိရပါသည်။ SAYA application ကို အောက်ပါ လင့်ခ် မှ Download ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.saya

 

⇐ Previous Next

Read 11601 times