Technology

Apple Car ကို Hyundai နှင့်ပူးပေါင်းပြီး ထုတ်လုပ်သွားနိုင်ဖွယ်ရှိ

Apple Car could be co-produced with Hyundai

ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီဖြစ်တဲ့ Appleက ၂၀၁၄ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple Car ကို ကိုရီးယားကုမ္ပဏီ Hyundai နဲ့ပူးပေါင်း ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ 

Apple နှင့် Hyundai ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုမှာ လျှပ်စစ်ကားများ ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ကားဘက်ထရီ တည်ဆောက်ခြင်းတို့ ပါဝင်မှာ ဖြစ်ပြီး ဒီပူးပေါင်းမှုကို ၂၀၂၇ ခုနှစ်မှာ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Apple Car ကို ၂၀၂၄ ခုနှစ်မှာ အကောင်အထည်ပေါ်လာမယ့် ဒီစီမံကိန်းအတွက် Apple နဲ့ Hyundai ပူးပေါင်းနေပြီလို့ သတင်းတွေထွက်နေတာလည်း ဖြစ်ပါတယ်။ 

Apple Car – I never knew

သတင်းမီဒီယာတွေကြောင့် တောင်ကိုရီးယားကုမ္ပဏီရဲ့ ရှယ်ယာ ၂၀%ကျော် ဈေးတက်သွားခဲ့ပါတယ်။ Apple ဟာ မောင်းသူမဲ့လျှပ်စစ်ကားထုတ်မယ်လို့ ၂၀၁၄ ခုနှစ်ကတည်းက ကြေညာခဲ့တာဖြစ်ပေမယ့် ကွန်ပျူတာနဲ့ လူသုံးအီလက်ထရွန်နစ် ပစ္စည်းတွေမှာသာ အတွေ့အကြုံရှိတဲ့ Appley က ကားတွေတပ်ဆင်ဖို့မဖြစ်နိုင်သေးတဲ့အတွက် တခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ်လို့ စားသုံးသူတွေက ထင်မြင်နေကြတာ ဖြစ်ပါတယ်။

Hyundai က တရုတ်၊ အမေရိကနဲ့ အိန္ဒိယတို့မှာ Compact SUV, Mid-sized SUV တွေနဲ့ နေရာရထားပြီးသားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ နောက်ခြေလှမ်းဖြစ်တဲ့ Electric Vehicle (EV) တွေအတွက်လည်း ကြိုးစားနေပြီ ဖြစ်ပါတယ်။ 

အမေရိကန်အခြေစိုက် ဘော်စတွန်ဒိုင်နမစ်နဲ့ ကားတပ်ဆင်တဲ့စက်ရုပ်တွေ ပူးပေါင်းထုတ်သွားမှာဖြစ်သလို အိုင်ယာလန်အခြေစိုက် အက်ပ်တစ်ဗ်ကနေ ကားပစ္စည်းသွင်းဖို့ Hyundai က စီစဉ်ထားပါသေးတယ်။

Apple (NASDAQ: AAPL) Has Revived Its Plans To Disrupt the Autonomous  Mobility Industry by Launching an ADAS-Equipped “iCar” by 2024 – Who Would  Be the Biggest Winners and Losers in This Gambit?

Apple ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးစီမံချက် Project Titan စတင်ချိန် ၂၀၁၇ ခုနှစ်မှာ လက်ရှိ EV ဈေးကွက်ခေါင်းဆောင် Tesla နဲ့ သူ့ပိုင်ရှင် Elon Musk က တွေ့ခွင့်တောင်းခဲ့ပေမယ့် Apple CEO ဖြစ်သူ Tim Cook က တွေ့ခွင့်တောင်မပေးခဲ့ပါဘူး။

Tesla ဟာ အဲဒီအချိန်တုန်းက ရုန်းကန်နေရချိန်ဖြစ်လို့ Apple ရဲ့ တောက်ချမှုကိုခံခဲ့ရတာဖြစ်ပြီး အခုတော့ အဲဒီတုန်းကထက် တန်ဖိုး ၁၀ ဆ တက်လာပြီလို့ Elon Musk က ရေးသားဖော်ပြခဲ့ပါတယ်။

EV ဈေးကွက်က ကမ္ဘာတစ်လွှားဆောင့်တက်လာချိန်ဖြစ်ပြီး Elon Musk ဟာ Tesla ရှယ်ယာဈေးတက်ခြင်းကြောင့် Amazon က Jeff Bezos ကိုကျော်ပြီး ကမ္ဘာ့နံပါတ် ၁ အချမ်းသာဆုံးလူဖြစ်သွားပြီ ဖြစ်ပါတယ်။ 

တစ်နှစ်အတွင်းမှာ Bill Gates လက်ရှိပိုင်ဆိုင်သမျှငွေပမာဏကို ထပ်တိုးရှာပြပြီး စံချိန်လည်းချိုးထားပါတယ်။ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးအတွက် လောင်စာဆီသုံးကားထုတ်လုပ်မှုတွေကို ကမ္ဘာ့နိုင်ငံကြီးတွေက လျှော့ချသွားကြမှာဖြစ်ပြီး UK, India, Israel တို့က ၂၀၃၀၊ Japan, State of California တို့က ၂၀၃၅၊ Singapore, Spain, Taiwan တို့က ၂၀၄၀ ဆိုပြီး ဆီကားနောက်ဆုံးနှစ်များအဖြစ် ကြေညာထားပါတယ်။ 

Hyundai က လက်ရှိမှာ LG Energy Solution နှင့် SK Innovation မှ လျှပ်စစ်ကားများအတွက် အသုံးပြုသောဘက်ထရီများကို ၀ယ်ယူနေတယ်လို့ သိရပါတယ်။

Apple Car manufacturer - 9to5Mac

Hyundai ကုမ္ပဏီရဲ့ လုပ်ငန်းစုက ကမ္ဘာပေါ်မှာ တီထွင်ဆန်းသစ်မှုအရှိဆုံး ယာဉ်မောင်းနည်းပညာကို တီထွင်ဖို့ စီစဉ်နေတယ်လို့ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ ရာထူးခန့်အပ်ခြင်းခံခဲ့ရတဲ့ Hyundai ဥက္ကဌ Chung က ပြောကြားခဲ့ပါတယ်။

By MY Yangon Guide

⇐ Previous Next

Read 1662 times