Technology

နိုင်ငံတကာအထိ ထိုးဖောက် အောင်မြင်လာတဲ့ မြန်မာနိုင်ငံရဲ့ Better HR

Better HR Expended their services to 3 Countries

Better Technologies Myanmar (Better HR) ကုမ္ပဏီဟာ ရန်ကုန် အခြေစိုက် HR နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခု ဖြစ်ပြီး Software Launch လုပ်ပြီးတဲ့ (၁)နှစ်အတွင်းမှာပဲ ဝယ်ယူအားပေးတဲ့ ကုမ္ပဏီပေါင်း (၁၅၀) ကျော် ရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတယ်လို့ သိရပါတယ်။

ဒီSoftwareကို ဗီယက်နမ်နဲ့ သီရိလင်္ကာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၃) နိုင်ငံကနေ ဝယ်ယူ အားပေးခဲ့ကြပြီး ဒေသန္တာရ (Regional) အဆင့်ထိ တစ်နှစ်အတွင်း တက်လှမ်း နိုင်ခဲ့တာ ဖြစ်သလို ကုမ္ပဏီပေါင်း (၁၅၀)၊ အသုံးပြုသူ ဝန်ထမ်းပေါင်း (၂၅,၀၀၀)နဲ့ လစာပေါင်း ကျပ် (၁)ဘီလီယံကျော်ကို Software ပေါ်ကနေ လစဉ် တွက်ချက် ပြုလုပ် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Better HR Mobile Application ကနေတစ်ဆင့် ဝန်ထမ်းများ ရုံးတက်၊ ရုံးဆင်း (Attendance) တင်ခြင်း၊ ခွင့် (Leave) ယူခြင်း၊ အချိန်ပို (Overtime) ယူခြင်းနဲ့ ဝန်ထမ်းတစ်ယောက်နဲ့ တစ်ယောက် စကားပြောဆို ဆက်သွယ်နိုင်သော Chatting Session အထိ အသုံးပြုနိုင်ပြီး Work From Home အခြေအနေ မျိုးမှာတောင် ကုမ္ပဏီကို ပုံမှန်အတိုင်း လည်ပတ်နေစေမယ့် HR Application တစ်ခု ဖြစ်ပါတယ်။ 

ကုမ္ပဏီ စတင်ဖွင့်လှစ်ခဲ့တဲ့ (၂၀၁၉)ခုနှစ်၊ စက်တင်ဘာလမှ စကာ ရောင်းအား တစ်ဟုန်ထိုး မြင့်တက်လာခြင်း ဖြစ်ပြီး အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား အစရှိတဲ့ မြို့ပေါင်း (၁၈) မြို့၊ ဗီယက်နမ်နိုင်ငံမှာ ဟိုချီမင်းမြို့နဲ့ သီရိလင်္ကာ နိုင်ငံမှာတော့ ကိုလမ်ဘိုမြို့ စတဲ့ မြို့များက ကုမ္ပဏီအသီးသီးမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ 

Better HR Software ကို ဒေသအလိုက် နိုင်ငံအလိုက် ဝန်ထမ်း ဥပဒေများနဲ့အညီ ရေးဆွဲထားတာ ဖြစ်ပြီး ယခုလို ဒေသန္တာရ အဆင့်မှီ Software တစ်ခု ဖြစ်လာခြင်းဟာလည်း B2B (Business to Business) ကဏ္ဍအတွက် အထူးအောင်မြင်တဲ့ မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ 

ယခင်က Attendance မှတ်တမ်းနဲ့ ဝန်ထမ်းရေးရာ မှတ်တမ်းတွေကိုသာ စီမံခန့်ခွဲနိုင်တဲ့ Software တစ်ခု ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စာရွက်စာတမ်း၊ ပစ္စည်းမှတ်တမ်းနဲ့ ဝန်ထမ်းလစာ အထိပါ စီမံခန့်ခွဲလာနိုင်တဲ့ Application တစ်ခုလည်း ဖြစ်ပါတယ်။ 

နောင်လာမယ့် နှစ်မှာတော့ နိုင်ငံတကာ လစာပေး ဆော့ဖ်ဝဲ၊ ဝန်ထမ်း အရည်အသွေး အကဲဖြတ်ခြင်းနဲ့ ဝန်ထမ်းရှာဖွေရေး အပိုင်းတွေကိုပါ ဆော့ဖ်ဝဲအတွင်း တိုးချဲ့သွားမှာ ဖြစ်ပြီး ယခုထက် Customer ဦးရေ (၃) ဆကျော်အထိ တိုးတက်လာဖို့လည်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။ 

⇐ Previous Next

Read 13005 times