Technology

တစ်ပတ်ရစ် Laptop တစ်လုံး ဝယ်တဲ့အခါ ဘာတွေ သတိထား စစ်သင့်လဲ?

How to buy Second Hand Laptop

အခုလို အရာရာဈေးကြီးနေတဲ့ ခေတ်မှာ ဘယ်သူမှ Laptop အသစ်တစ်လုံးကို သိန်း (၂၀) ဝန်းကျင်ပေးပြီး ဝယ်ချင်ကြမယ် မထင်ပါဘူး။ i5 Core နဲ့ Laptop တွေတောင် အသစ်ဈေးက (၁၆) သိန်းဝန်းကျင် ဖြစ်နေပါပြီ။ ဒါ့ကြောင့် Laptop အသစ် မဝယ်ချင်သူတွေနဲ့ Second Hand Laptop ဝယ်ယူဖို့ စဥ်းစားနေတဲ့သူတွေ အတွက် မဝယ်ခင်မှာ ဘာတွေသိထားသင့်တယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

 

Laptop ဘာလို့လိုတာလဲ

 

ဒီမေးခွန်းကို ထပ်ရှင်းပြရမယ်ဆိုရင် ဘာအလုပ်တွေလုပ်ဖို့ Laptop လိုတာလဲလို့ ပြောရမှာပါ။ သင်က Online ကနေ ကျောင်းစာတွေ သင်ဖို့လို့တာလား၊ ရုံးအလုပ်တွေ လုပ်ဖို့လိုတာလား ဒါမှမဟုတ် သင်က Graphic Design နဲ့ Creation တွေအတွက် လိုတာလား။ ဘာအတွက်ပဲလိုလို Second Hand ဝယ်တော့မယ်ဆိုရင် ဘယ်လိုကြည့်ပြီး ဝယ်သင့်လဲဆိုတာ ရှင်းပြပေးသွားပါမယ်။ 

 

ကျောင်းစာတွေလုပ်မယ်၊ Youtube ကြည့်မယ် ဆိုတဲ့သူတွေအတွက်ကတော့ Laptop Processor အကြီးကြီး မလိုပါဘူး။  ရုံးအလုပ်တွေဖြစ်တဲ့ Excel တို့ PowerPoint တို့ လုပ်မယ့်သူတွေအတွက်လည်း အတူတူပါပဲ။ (၁၀) သိန်းကျော် သုံးနိုင်တဲ့သူတွေကတော့ i3 CPU 12th Gen တွေ ဝယ်လို့ရပါတယ်။ ပြောရရင် 12th Gen တွေကို CPU အသစ်လို့ ပြောလို့ရပါတယ်။

 

ဒါပေမယ့် (၁၀) သိန်းကျော်လောက်ကြီး မသုံးချင်တဲ့ သူတွေအတွက်တော့ 4th Gen ကနေ 8th Gen တို့က i5 CPU ပါတဲ့ Laptop တွေ သုံးလို့ရပါတယ်။ Software အကြီးကြီးတွေကိုတော့ အများကြီးသုံးဖို့ အဆင်ပြေမှာ မဟုတ်ပေမယ့် Web Browser သုံးဖို့နဲ့ Zoom သုံးဖို့ အဆင်ပြေပါတယ်။ 

 

IMG 7077 1024x683 png

4th Generation CPU တွေက ပြောရရင်တော့ ၁၀ နှစ်သက်တမ်းလောက်တော့ ရှိနေတာဖြစ်ပြီး သူ့ရဲ့ CPU Clock Rate က 2.7 နဲ့ 3.0 GHz ကြားရှိတယ်ဆိုတာ တော်တော်သုံးလို့ အဆင်ပြေသေးတယ် ပြောရမှာပါ။ ဒါ့အပြင် Game အသေးစားလေးတွေပါ ဆော့လို့ ရနိုင်ပါသေးတယ်။ 

 

သင်က Graphic Design တွေလုပ်မယ် ဒါမှမဟုတ် Programming အတွက် သုံးချင်တာမျိုးဆိုရင်တော့ အပေါ်က CPU နဲ့ အဆင်မပြေလောက်ပါဘူး။ Programming အတွက်ကတော့ 4th Gen i7 CPU တွေကနေ နောက်ပိုင်း Generation တွေကတော့ ကောင်းကောင်းကြီး အဆင်ပြေမှာပါ။ Graphic Design လုပ်မယ့် သူတွေအတွက်ကတော့ Gen 8th i7 CPU နဲ့မှ အဆင်ပြေပါလိမ့်မယ်။ 

 

CPU တစ်ခုတည်းကြည့်ရမှာမဟုတ်ပဲ GPU အတွက်လည်း ကြည့်ရပါဦးမယ်။ GPU တွေထဲမှာတော့ Intel GPU တွေထက် Ryzen Processor တွေ ရဲ့  Integrated GPU တွေကပိုကောင်းပါတယ်။  RAM ကတော့ အနည်းဆုံး 8GB ပါရင်ရပါတယ်။ နောက်ပိုင်း Laptop တွေက RAM ထပ်တိုးလို့ရတော့ (၂) သိန်းလောက် ထပ် တတ်နိုင်တာမျိုးဆိုရင်တော့ နောက်ထပ် 8GB ထပ်တိုးလိုက်တာမျိုးတော့ အကြံပေးချင်ပါတယ်။

 

Second Hand Laptop ဝယ်ရင် ရလာမယ့် Downside တွေ

 

CPU - သေချာတာတစ်ခုကတော့ Processor က အရင် ၅ နှစ် ၆ နှစ်တုန်းက ထွက်ထားတဲ့ Processor တွေပဲ ရမှာပါ။ 8th Generation နဲ့ နောက်ပိုင်း CPU တွေကပဲ Window 11 ကို သုံးလို့ရတာကြောင့် တချို့ Software တွေသွင်းလို့ မရတာမျိုးတော့ ကြုံရနိုင်ပါတယ်။ Window 10 ကတော့  အဆင်ပြေတဲ့ Software Version တွေကို Website တွေမှာလိုက်ရှာပြီး သုံးလို့ရတဲ့အတွက် အများကြီးတော့ ကိစ္စမရှိပါဘူး။

 

Keyboard & Trackpad - Keyboard တွေက ခလုပ်တွေ မကောင်းတော့တာ၊ Trackpad က ရွှေ့လို့မရတော့တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ 

 

HTUN TAUK

Advertisement

Click Here >>> HTUN TAUK (H.T)

ဝယ်မယ်ဆို ဘာတွေဂရုစိုက်ပြီးကြည့်ရမလဲ

 

  • ပထမဆုံးကတော့ CPU နဲ့ GPU ကို ကြည့်ရမှာပါ။ ကိုယ်လုပ်မယ့် အလုပ်နဲ့ အဆင်ပြေနိုင်၊ မပြေနိုင် သိအောင် အရင်ကြည့်ပါ။

  • Laptop Body ကို စစ်ပါ။ အထိအခိုက်ကင်းရင် ပိုကောင်းပါတယ်။ 

  • Display နဲ့ Screen အခြေအနေကို စစ်ပါ။ Display အထဲက Pixel တွေ အကုန် လင်းမလင်း လိုက်စစ်ပါ။ Screen မှာ Line တွေ ပေါ်နေလား စစ်ပါ။ 

  • Battery Life ကို စစ်ပါ။ မီးခဏခဏ ပျက်နေတဲ့ နိုင်ငံအတွက်တော့ Laptop ရဲ့  Battery Life က တော်တော် အရေးကြီးပါတယ်။ 

  • USB Ports တွေ DVD Drive တွေ အလုပ်လုပ်မလုပ် စစ်ပါ။ မစစ်ပဲ ဝယ်လိုက်မိပြီးမှ အလုပ်မလုပ်ရင် External တွေ ထပ်ဝယ်ရတာ ပိုက်ဆံပိုကုန်ပါတယ်။ 

  • Keyboard နဲ့ Trackpad တွေကိုလည်း အလုပ်လုပ်မလုပ် စစ်ကြည့်ပါ။ 

  • Speaker နဲ့ Webcam လည်း စစ်ပါ။ Zoom နဲ့ စာသင်ဖို့နဲ့ Meeting ထိုင်ဖို့အတွက် ဒီနှစ်ခုက တော်တော်အရေးကြီးပါတယ်။ 

  • Wireless Connectivity တွေပါ စစ်ပါ။ ဒီ Wireless Connectivity တွေမှာ Wifi နဲ့ Bluetooth အဓိကထားပြီး စစ်ပေးဖို့ လိုပါတယ်။ 

  • အကောင်းဆုံး အခြေအနေရှိမရှိ စစ်ပါ။ ပေးရတဲ့ဈေးနဲ့ တန်တဲ့ Second Hand Laptop ရဖို့ ပိုပြီး လိုအပ်ပါတယ်။

 

what look business computer

နောက်ဆုံးပြောချင်တာတစ်ခုကတော့ Second Hand  Laptop တစ်လုံးမဝယ်ခင် ကိုယ်ဝယ်မယ့် Laptop ရဲ့ Online Review တွေကို ရှာပြီး ဖတ်ဖို့ပါပဲ။ ဒီလိုလုပ်တာက ဒီ Laptop မှာ ဖြစ်လေ့ရှိတဲ့ Error တွေကို သိနိုင်သလို ဝယ်သင့်မဝယ်သင့်ကိုလည်း အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ 

 

ထပ်တိုး အကြံပြုချင်တာကတော့ Second Hand ဝယ်တော့မယ်ဆိုရင် Online ကနေ မှာယူလိုက်တာထက် Laptop ကို ဆိုင်မှာဖြစ်ဖြစ် ရောင်းတဲ့ဆီစီကိုပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေး ဝယ်ယူဖို့ ပြောချင်ပါတယ်။

  

Related Article >>> Work From Home လုပ်ဖို့ အကောင်းဆုံး Laptop များ

 

Laptop၊ Computer နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူနိုင်မယ့် ဆိုင်များ

>>> Myanmar IT Directory

Cover Photo Credit to - Aphrodite Myanmar

⇐ Previous Next

Read 1752 times