Travel

Bar တွဲလျက်ပါတဲ့ ရန်ကုန်မြို့က ဟိုတယ် (၁၀) ခု

10 Hotels with Bar in Yangon

ဘော်ဒါတွေနဲ့ စုသောက်ပြီး အိမ်မပြန်တော့ဘဲ မှောက်မယ့်သူတွေအတွက် Bar တွဲလျက် ပါတဲ့ ရန်ကုန်မြို့က ဟိုတယ် (၁၀) ခုကို မျှဝေပေးချင်ပါတယ်။

၁။  Hotel Grand Vista

Hotel Grand Vista ရဲ့  ၉လွှာမှာ The Strip Yangon ဆိုတဲ့ Rooftop ဘားလေး ရှိပါတယ်။ Unplugged ရော၊ DJ ရော ရှိလို့ Vibe မျိုးစုံနဲ့ ရန်ကုန်မြို့ရဲ့ ညရှုခင်းအလှကို ခံစားနိုင်ပါတယ်။ သောက်ဖို့အတွက် ဘီယာ၊ ဝီစကီ၊ ဝိုင်၊ ကော့တေး မျိုးစုံရှိပြီး စားဖို့အတွက်ဆို ယမကာနဲ့ လိုက်ဖက်တဲ့ အမြည်းတွေ တော်တော်စုံစုံ ရပါတယ်။

၂။ Hotel Broadway Yangon 

Hotel Broadway မှာ ရှိတဲ့ ဘားကတော့ Rooftop 99 Bar & Lounge ဖြစ်ပါတယ်။ မြို့ပြရဲ့ လတ်ဆတ်တဲ့ လေပြေတွေကို ရှုရှိုက်ခံစားရင်း၊ အချစ်သီချင်း အေးအေးလေးတွေကို နားထောင်လို့ရမယ့်အပြင် ဒီဘားရဲ့ Signature ကော့တေးတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

၃။ Botataung Hotel

Botataung Hotel မှာရှိတဲ့ BOT Rooftop က ရန်ကုန်မြို့ရဲ့ အထင်ကရ ဗိုလ်တထောင် ဘုရားလမ်းပေါ်မှာ ရှိပါတယ်။ Rooftop ဘား ဖြစ်တဲ့အတွက် ညနေခင်းရဲ့ ရှုခင်းအလှအပကို ခံစားရင်း မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အေးဆေး‌လေး Chill လို့ရပါတယ်။ သောက်စရာအနေနဲ့ Draught Beer၊ Whisky၊ Tequila၊ Classic Cocktails၊ Signature Cocktail တွေအပြင် အရသာရှိ​တဲ့ အမြည်းတွေ စုံစုံလင်လင် ရှိပါတယ်။

၄။  Uptown Hotel

Zee Kwet Skybar ကတော့ Uptown Hotel ရဲ့ အပေါ်ဆုံးထပ်မှာ ဖြစ်ပြီး ပဲခူးမြစ်ရဲ့ နံဘေးမှာ ရှိလို့ မြစ်ရေစီးသံကို နားထောင်းရင်း အေးဆေးအနားယူလို့ ရပါတယ်။ Unplugged အစီအစဉ်တွေလည်း ရှိတာမို့ သီချင်းလေးနဲ့ ငြိမ့်ရင်း ဘားရဲ့ Signature ကော့တေးတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

၅။ Parami Hotel

Parami Hotel မှာရှိတဲ့ Piano Bar မှာ ထိုင်ရင်း ရန်ကုန်မြို့ရဲ့ ညအလှကို ခံစားမယ်ဆိုရင် အကောင်းဆုံး ညလေးတစ်ညကို သင်ပိုင်ဆိုင်ရမှာ အမှန်ပါပဲ။ ခမ်းနားတဲ့ ပြင်ဆင်မှုနဲ့အတူ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ခံစားရင်း ကော့တေးလ် သောက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေက အဝေးကို လွင့်ပျောက်သွားစေမှာပါ။ ပြီးတော့ ဒီဘားရဲ့ ထူးခြားချက်က ရန်ကူးကန်ပါ တွဲလျက်ပါပါတယ်။

Advertisement

Click Here > Tun Myint General Trading

၆။ Gemsy Hotel

Gemsy Hotel မှာ ရှိတာကတော့ Dynasty Rooftop ဘား ဖြစ်ပြီး ဒီဘားက မြူးမြုးကြွကြွ DJ ရော၊ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားရမယ့် Unplugged ရော စီစဉ်ပေးထားပါတယ်။ ဒီဘားမှာတော့ ဘီယာသောက်လိုက်၊ အကင်စားလိုက်နဲ့ မြို့ပြရဲ့ နေဝင်အလှကို ခံစားရင်း အေးအေးဆေးဆေး Chill လို့ ရပါတယ်။

၇။ Elegant Pyi Thar Yar Hotel

Elegant Pyi Thar Yar ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် ၆ လွှာမှာ ရှိတဲ့ M Bar & Kitchen  က သီးသန့်ဆန်လို့ လူရှုပ်တာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဟိုတယ်ရဲ့ အမြင့်ဆုံး Roof Top နေရာလေးမှာ ဖွင့်ထားလို့ ရန်ကုန်မြို့ အလှကို ခံစားလို့ရပါတယ်။ သောက်စရာအနေနဲ့ အပြင်း၊ အပျော့ အကုန်ရပြီး အမြည်းတွေကိုလည်း အရသာရှိရှိ၊ စျေးတန်တန်နဲ့ လုပ်ပေးထားပါတယ်။

၈။ Esperado Hotel 

Esperado Rooftop Bar ကတော့ Esperado Lake View ဟိုတယ်ရဲ့ အပေါ်စီးကနေ ကန်တော်ကြီးနဲ့ မြို့ပြအလှကို ခံစားနိုင်မယ့် ဘားလေးပါ။ အနောက်တိုင်း၊ အရှေ့တိုင်း အစားအသောက်တွေအပြင် Cocktail၊ Mocktail၊ Champagne နဲ့ Beer စတဲ့ သောက်စရာ အစုံအလင်ကို အရသာမျိုးစုံ မြည်းစမ်းလို့ ရပါတယ်။ ဒီဘားမှာက Dj အစီအစဉ်ရော၊ Music Band တွေရဲ့ Live ဖျော်ဖြေမှုတွေပါ ရှိပါတယ်။

၉။ Sanctuary Hotel Yangon

Sanctuary ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Sanctuary Sky Bar က ရန်ကုန်မြို့လည်ခေါင်မှာ ရှိတော့ City View အလှကို ခံစားကြည့်ရှုရင်း လွင့်လို့ ရပါတယ်။ စားစရာအနေနဲ့ အရှေ့တိုင်း၊ အနောက်တိုင်း အစားအသောက်တွေအပြင် ဟမ်ဘာဂါ၊ ဆန်းဝေ့ချ်တို့လည်း ရပါတယ်။ သောက်စရာဆိုရင် Beer၊ Cocktail၊ Whiskey၊ Vodka၊ Rum၊ Shooter၊ Tequila နဲ့ Gin တို့ကို မြည်းစမ်းနိုင်ပါတယ်။

၁၀။ Hotel Vivid

Hotel Vivid ရဲ့ Rooftop မှာရှိတဲ့ Freesia Rooftop Bar က ရွေဂုံတိုင်နားမှာဆိုတော့ ရွှေတိဂုံဘုရားနဲ့ ညနေခင်း City View က တော်တော်လေး လှပါတယ်။ ဒီဘားမှာက ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေညတွေဆို Unplugged လည်း ရှိသေးတာဆိုတော့ သီချင်းသံလေးနဲ့ အေးအေးဆေးဆေး Chill လို့ ရပါတယ်။ အရသာ ကောင်းမွန်ထိမိတဲ့ Cocktail၊ Salad၊ Appetizer၊ Main Course တွေလည်း တော်တော် စုံစုံလင်လင် ရပါတယ်။

⇐ Previous Next

Read 2344 times