Things To Do

လျှပ်စစ်မီး မလာတဲ့ ရက်တွေအတွက် ပြင်ဆင်ထားရမယ့် အချက် (၅) ချက်

How should you prepare for the days when there is no electricity?

လျှပ်စစ်မီးဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်လာတဲ့ စွမ်းအင် အရင်းအမြစ်တစ်ခုပါ။ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင် အားလုံးနီးပါးကလည်း လျှပ်စစ်ကို အသုံးပြုပြီးတော့မှ လုပ်ဆောင်ရတာဖြစ်လို့ လျှပ်စစ်မီးမရှိတဲ့ အချိန်တွေဟာ တော်တော်ခက်ခဲပါတယ်။

အနီးစပ်ဆုံး ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Mobile Phone ဟာလည်း လျှပ်စစ်မီးနဲ့ အားသွင်းပြီးမှ သုံးလို့ရတာဖြစ်ပြီး  ဖုန်းအားရှိနေတဲ့အချိန်မှာ အသုံးဝင်ပေမယ့် အားမရှိဖုန်းတစ်လုံးက ဘယ်လောက်ဈေးကြီးပေးပြီးဝယ်ထားတာဘဲဖြစ်ဖြစ် ကောက်ပေါက်လို့ရတဲ့ ကျောက်ခဲတစ်လုံး သာသာပါပဲ။

ဒီရက်ပိုင်းတွေမှာ ခဏခဏဆိုသလို လျှပ်စစ်မီးတွေ မြို့နယ်တိုင်းပျက်နေပါတယ်။ မီးပျက်တာရဲ့ နောက်ပိုင်းမှာ အလုပ်မပြီးတာတွေ၊ ထမင်းဟင်းချက်တဲ့ အခက်ခဲတွေ၊ Wifi ပျက်/ ဖုန်းအားမရှိ စတာတွေက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ 

ဒီကိစ္စတွေက ဖြစ်နေကြဆိုပေမယ့် တကယ်လို့ လျှပ်စစ်မီးက ရက်အတော်အတန်ကြာပျက်ခဲ့မယ်ဆိုရင် ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာ စဉ်းစားဖူးပါသလား?  တကယ်လို့မီးပျက်ခဲ့ရင် ဘာတွေပြင်ဆင်ထား ရမလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ရေသန့်နဲ့ အစားအသောက်အချို့ကို သိုလှောင်ထားပါ။

မီးပျက်ရင် ရေမောင်းတင်ဖို့ခက်တာကြောင့် ရေကို ကြိုတင်သိုလှောင်ထားပါ။ နောက်ပြီး အိမ်မှာ ရေသန့်ကို အသင့်ထားပါ။ အစားအသောက်အတွက်လည်း အသင့်စားအစားအစာတွေ၊ မုန့်ခြောက်တွေ၊ မပုပ်မသိုးတဲ့ အစားအစာတွေကို သိုလှောင်ထားဖို့ သတိပေးချင်ပါတယ်။

မီးကပျက်လိုက်လာလိုက်ဆိုရင်တော့ လာတဲ့အချိန်မှာ ချက်ဖို့အတွက် အစားအစာအချို့ကို အမြဲတမ်း အသင့်ပြင်ထားဖို့ လိုပါတယ်။ ဒါမှမဟုတ် နွှေးပြီးစားလို့ရတဲ့ အစားအစာတွေဆိုလည်း အဆင်ပြေပါတယ်။

Power Out at Home 1 - Tacoma Public Utilities

(၂) သင့်အတွက် အရေးကြီးတဲ့ပစ္စည်း (သို့) နေ့စဉ်အသုံးပြုဖြစ်တဲ့ ပစ္စည်းတွေကို စုထားပါ။

အမှတ်တမဲ့မီးပျက်သွားတာပဲ ဖြစ်ဖြစ်၊ ရက်ရှည်မီးပျက်ခဲ့ရင်ဖြစ်ဖြစ် သင့်အတွက် အရေးကြီးတဲ့ပစ္စည်းတွေ အနားမှာရှိတော့ တစ်ခုခု အကြောင်းရှိခဲ့ရင် မှောင်ကြီးမဲကြီးထဲ ရှာဖွေရမခက်တော့ပါဘူး။ နောက်ပြီး ညရေးညတာတွေကို ပိုပြီး နိုးနိုးကြားကြားနဲ့ နေသင့်ပါတယ်။

မီးပျက်သွားတဲ့ အခါမှာလည်း မီးခလုတ်တွေ/ ပလပ်ပေါက်တွေကို သေချာစစ်သင့်ပါတယ်။ ဒါမှမီးပြန်လာတဲ့အခါမှာ မီးအန္တရာယ်မရှိမှာ ဖြစ်ပါတယ်။

(၃) ဓာတ်ခဲသုံး ရေဒီယိုတစ်လုံး ဆောင်ထားပါ။

လျှပ်စစ်မီးမရှိတဲ့ အချိန်တွေမှာ ရေဒီယို ကို အမြဲနားထောင်ဖို့လိုပါတယ်။ ရာသီဥတုခန့်မှန်းချက်နဲ့ သတင်းအချို့ကို နားစွင့်နေဖို့လိုအပ်ပါတယ်။

(၄) ဓာတ်မီး နဲ့ ဓာတ်ခဲတွေကို အပိုဆောင်ထားပါ။

ညရေးညတာတွေအတွက် ဓာတ်မီးက တကယ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး Powerbank ကိုလည်း အားအပြည့်သွင်းပြီး ဆောင်ထားစေချင်ပါတယ်။ ဖုန်းအတွက်လည်း Powerbank ကလိုအပ်တာကြောင့်ပါ။

What to Do When Power Goes Out — How to Survive Without Power

(၅) တတ်နိုင်သလောက် နိုးနိုးကြွကြွနဲ့ အိမ်မှာ စုစုစည်းစည်းနေပါ။

အချိန်တိုင်း နိုးနိုးကြွကြွနဲ့ နေဖို့လိုအပ်ပါတယ်။ မီးပျက်လို့ မှောင်နေတဲ့အချိန် သူခိုး/ဘာညာ ဘာမဆိုဖြစ်နိုင်တာမို့လို့ အမြဲသတိရှိရှိနဲ့ နေရပါမယ်။ တစ်ခုခုဆို အချိန်နဲ့ အနေအထားကို လေ့လာပြီးမှ စူးစမ်းပါ။

⇐ Previous Next

Read 1072 times