Things To Do

ပူလောင်နေတဲ့ ရာသီမှာ မီတာမတက်အောင် အဲယားကွန်းကို ဘယ်လိုသုံးကြမလဲ။

How to use air conditioner to prevent meter rise in hot weather?

အခုလို ရာသီဥတုပူနေတဲ့ အချိန်မှာ လူတစ်ချို့ အဓိက စိုးရိမ်ကြတာကတော့ အဲယားကွန်း တစ်နေကုန်ဖွင့်ထားရတဲ့အတွက် မီတာဘေလ်တွေတက်မှာကိုပဲဖြစ်မှာပါ။ ကျွန်မတို့တွေဟာ ရာသီဥတုရဲ့ အပူဒဏ်ကိုလည်း မခံနိုင်ကြသလို မီတာဘေလ် တက်မှာကိုလည်း စိုးရိမ်ကြပါတယ်။  

အဲယားကွန်းကြောင့် မီတာခတက်မှာ စိုးရိမ်နေကြတဲ့အခါ ဘယ်လိုလုပ်သင့်လဲ? အပူဒဏ်နဲ့ မီတာဘေလ်တို့ကြား ဗျာမများရအောင် ဘယ်လိုတွေလုပ်ရမလဲဆိုတာ အောက်ကအချက်လေးတွေကို တစ်ချက်ဖတ်ကြည့်လိုက်ရအောင်နော်။

AC Repair and Servicing in Cheaper Rate | Qatarbuyandsell.com

တပ်ဆင်မူ မှားယွင်းနေခြင်း

အိမ်တစ်အိမ်ရဲ့ မီတာခကို တက်အောင်စွမ်းဆောင်နိုင်တဲ့ အဓိကလျှပ်စစ်ပစ္စည်းက အဲယားကွန်းပါပဲ။ အဲယားကွန်းကို မှားယွင်းစွာ တပ်ဆင်မယ်ဆိုရင်တော့ လျှပ်စစ်မီတာဘေလ်တက်တဲ့ အပြင် အဲယားကွန်းရဲ့ စွမ်းဆောင်မူ နဲ့ ကြာရှည်ခံမူတို့ကိုလည်း အာမခံနိုင်တော့မှာ မဟုတ်ပါဘူး ။ 

အမှန်တကယ် နားလည် တတ်ကျွမ်းတဲ့သူကိုသာ တပ်ဆင်ခိုင်းပါ။ ရပ်ကွက်ထဲ အနည်းငယ်သာ နားလည်တတ်သူ များကို မတပ်ခိုင်းပါနဲ့။ မိမိကိုယ်တိုင်လည်း မတပ်ပါနဲ့ ။ သေချာနားမလည်ပဲ တပ်ဆင်လိုက်ရင် အဲယားကွန်းရဲ့ အာမခံချက်ဟာ မခိုင်မာပါဘူး။

မှန်ကန်ကောင်းမွန်သော စက်ရွေးချယ်မူ

အဲယားကွန်ဝယ်တော့မယ်ဆိုရင် ဖြစ်ရင်ပြီးရောဆိုပြီး မဝယ်ပါနဲ့ ။ ကောင်းမွန်ပြီး စွမ်းအင်သက်သာတဲ့ အမျိုးအစားကိုသာ ရွေးချယ်ပါ။ ဝန်ဆောင်မူ ကောင်းတဲ့ဆိုင်လည်းဖြစ်ပါစေ။ 

5 Tips On How To Reduce Electricity Usage In Air Conditioner

နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့တဲ့နေရာမှာ မထားပါနဲ့

သ့င်ရဲ့ အဲယားကွန်းကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မထားပါနဲ့ ။ ပြတင်းပေါက်တွေများတဲ့ အခန်းမှာ အဲယားကွန်းကို မထားပါနဲ့။ အပြင်က ဝင်ရောက်လာတဲ့ လေတွေနဲ့ အဲယားကွန်းလေဟာ အလဟဿဖြစ်သွားမှာကြောင့်ပါ။

အခန်းအပူချိန်များလေ အဲယားကွန်းလေရဲ့  စွမ်းဆောင်ရည်ကို ပိုတိုးမြင့်စေနိုင်ပါတယ်။ 

အဲယားကွန်းကို အမြဲတမ်း မဖွင့်ထားပါနဲ့။

အဲယားကွန်းကို ၂၄ နာရီလုံးဖွင့်ထားတာဟာ ယူနစ်တစ်ခုလုံး သာမက အဲယားကွန်းရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ အခန်းတွင်း လူမရှိတဲ့အခါတွေနဲ့ အခန်းအတွင်းမှာ အ‌အေးဓာတ် လုံလောက်စွာရပြီးတဲ့အခါတေမှာ အဲယားကွန်းကို ပိတ်ထားသင့်ပါတယ်။

ဒီလိုလုပ်ခြင်းကြောင့် နောက်တစ်ကြိမ်ပြန်ဖွင့်တဲ့အခါမှာ အဲယားကွန်းကို ထိရောက်စွာ ပြန်လည်လည်ပတ်စေနိုင်မယ့်အပြင် သင့်ရဲ့မီတာဘေလ် ကုန်ကျစရိတ်ကိုပါ လျော့ချပေးမှာပါ။

Clean Your Air Conditioner Like A Pro

သန့်ရှင်းရေးနဲ့ စစ်ဆေးမူ ပုံမှန်လုပ်ပေးပါ။

အဲယားကွန်းကို ဝယ်ကတည်းက ဝန်ဆောင်မူ နဲ့ ထိန်းသိမ်းပြုပြင်မူတွေကို သေချာရှင်းပြခိုင်းပါ။ ဘယ်စက်ပစ္စည်း အမျိုးအစားပဲဝယ်ဝယ် သင့်ရဲ့ အဲယားကွန်းကို ပုံမှန်ဝန်ဆောင်မူ ပေးဖို့လိုအပ်ပါတယ်။ ဝန်ဆောင်မူပေးနေတဲ့ အချိန်မှာလည်း အစိတ်အပိုင်တွေအာလုံးကို စစ်ဆေးပြီး ဖုန်မှုန့်နဲ့ အညစ်အကြေး များကို ရှင်းထုတ်ခိုင်းပါ။

 

⇐ Previous Next

Read 1627 times