Things To Do

ကိုယ့်အခန်းကို နေချင်စဖွယ်ဖြစ်အောင် ဘယ်လို Decoration လုပ်ကြမလဲ

How To Decorate Your Room

ကိုယ်ပိုင်အိပ်ခန်းဆိုတာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက် တစ်ခုလိုဖြစ်နေသင့်ပါတယ်။အခန်းထဲမှာ ကိုယ်အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အရောင်တွေ၊ပုံလေးတွေ၊စုဆောင်းထားတဲ့ အရာလေးတွေနဲ့ဆို ကိုယ့်အခန်းလေးက ဘယ်အချိန်မဆို စိတ်ကိုပျော်ရွှင်နေစေမှာပါ။ 

 

ကိုယ့်အခန်းက ဘယ်လောက်အကျယ်အဝန်းရှိတယ် ဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာကို သိပြီးရင် ကိုယ့်ရဲ့ စိတ်ကူးထဲက လုပ်ချင်နေတဲ့အခန်းပုံစံလေးကို ကိုယ်saveထားတဲ့ ပုံလေးတွေထဲက reference လောက်ပဲယူပြီး ကိုယ်ရဲ့လက်ရှိအခန်းလေးကို စပြင်ကြည့်ပါ။

အခန်းကိုသန့်ရှင်းရေးအရင်လုပ်ပါ

အခန်းကို Decoration ဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ် အခန်းက ရှုပ်ပွနေမယ်ဆိုရင်တော့ ပြင်ထားတာတွေက အလကားဖြစ်နေမှာပါ။ ဒါကြောင့် အခန်းလေးကို သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။ အမြဲတမ်း သိမ်းနေရမှာ မဟုတ်ပါဘူး။ တစ်ပတ်ကို နှစ်ခါလောက် သိမ်းနိုင်ရင် အဆင်ပြေပါတယ်။

 

 

အရောင်ဖျော့ဖျော့လေးတွေပဲသုံးပါ

အရောင်တောက်တောက်တွေထက် မျက်စိကို ပသာဒဖြစ်စေမယ့် အရောင်ဖျော့ဖျော့ လေးတွေကိုပဲ သုံးစေချင်ပါတယ်။ အပြာရောင်၊ အစိမ်းရောင်တို့ဟာ မျက်စိကို အေးစေတဲ့ အရောင်တွေအဖြစ် သတ်မှတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အရောင်တွေကို အဖျော့လေးတွေအဖြစ် သုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်(ဥပမာ- လိမ္မော်ရောင် ကြိုက်တယ်ဆိုရင် ကာလာနည်းနည်းလျော့ပြီး အဝါဘက် နည်းနည်းသန်းတဲ့ အရောင်သုံးတာမျိုး) 

 

 

ကိုယ့်အခန်းအကျယ်ဝန်းနဲ့ ကိုက်ညီတဲ့ ပရိဘောဂတွေကိုပဲရွေးပါ

အခန်းထဲမှာ အလှဆင်ဖို့ပဲ ဖြစ်ဖြစ် လိုအပ်လို့ပဲ ဖြစ်ဖြစ် ပရိဘောဂတွေ ဝယ်တော့မယ်ဆို ကိုယ့်အခန်းရဲ့ အနေအထားနဲ့ ထားဖို့ အဆင်ပြေပါ့မလားဆိုတာ အရင်စဥ်းစားပါ။ ကိုယ့်အခန်းက မျက်နှာကြက်က မြင့်တယ်ဆိုရင် ကိုယ်လုံးပေါ်မှန်တွေက အဆင်ပြေပေမယ့် အခန်းသေးသေးလေး ဆိုရင်တော့ မှန်အဝိုင်းလေးတွေ နံရံမှာ အလွယ်တကူ ထားလို့ရမယ့် မှန်လေးတွေက ပိုအဆင်ပြေမှာပါ။

 

 

သီးသန့်နေရာလေး ပါပါစေ

တစ်ယောက်ထည်း သီးသန့် စာဖတ်တာပဲ ဖြစ်ဖြစ် တွေးတာပဲ ဖြစ်ဖြစ် လုပ်လို့ရမယ့် Private Area လေးလည်း ဖန်တီးထားပါ(ဝရံတာ အသေးစားလေးလိုမျိုး)။ အဲ့ဒီနေရာလေးမှာ ထိုင်ခုံလေးနဲ့ အပင်လေးတွေဖြစ်ဖြစ် အလှဆင်ထားပါ။

 

⇐ Previous Next

Read 1842 times