Things To Do

လာမည့် ၂၀၂၁ ခုနှစ်တွင် စနေ၊ တနင်္ဂနွေအပါအဝင် အစားထိုးရုံးပိတ်ရက် စုစုပေါင်း (၁၃၄) ရက်ရှိ

In coming 2021 There are a total of 134 days off including Sundays & Saturdays

ပြည်ထောင်စုအစိုးရသည် ၂၀၂၁ ခုနှစ်အတွင်း အများပြည်သူ ရုံးပိတ်ရက်များအနက်မှ စနေ၊ တနင်္ဂနွေနှင့် တိုက်ဆိုင်နေသော ပိတ်ရက်များကို အစားထိုး ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။  

ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြေညာခဲ့သော အစားထိုးရုံးပိတ်ရက်များမှာ အောက်ပါအတိုင်း လအလိုက် ဖော်ပြထားပြီး တစ်နှစ်အတွင်း အစားထိုးရုံးပိတ်ရက်များသည် ရက် ( ၃၀ ) ရက်ရှိ၍ စနေ၊ တနင်္ဂနွေ အပါအဝင် စုစုပေါင်း ပိတ်ရက်မှာ (၁၃၄) ရက်တိတိ ရှိပါသည်။

ဇန်နဝါရီလ ( ရုံးပိတ်ရက်ပေါင်း - ၃ ရက် )
နိုင်ငံတကာနှစ်သစ်ကူးနေ့ - ၁ ရက် ( ၁.၁.၂၀၂၁ )
လွတ်လပ်ရေးနေ့ - ၁ ရက် ( ၄.၁.၂၀၂၁ )
ကရင်နှစ်သစ်ကူးနေ့ - ၁ ရက် ( ၁၃.၁.၂၀၂၁ )

ဖေဖော်ဝါရီလ ( ရုံးပိတ်ရက် - ၁ ရက် )
ပြည်ထောင်စုနေ့ - ၁ ရက် ( ၁၂.၂.၂၀၂၁ )

မတ်လ ( ရုံးပိတ်ရက်ပေါင်း - ၅ ရက် )
တောင်သူလယ်သမားနေ့ - ၁ ရက် ( ၂.၃.၂၀၂၁ )
တပေါင်းလပြည့်နေ့ - ၂ ရက် ( ၂၆ မှ ၂၇.၃.၂၀၂၁ ထိ )
တပ်မတော်နေ့ - ၃ ရက် ( ၂၇ မှ ၂၉.၃. ၂၀၂၁ ထိ )

ဧပြီလ ( ရုံးပိတ်ရက်ပေါင်း - ၉ ရက် )
မြန်မာ့နှစ်သစ်ကူးပိတ်ရက်များ - ၇ ရက်  ( ၁၃ မှ ၁၉.၄.၂၀၂၁ ထိ )
ကမ္ဘာအလုပ်သမားနေ့ - ၂ ရက် ( ၃၀.၄.၂၀၂၁ နှင့် ၁.၅.၂၀၂၁ )

မေလ ( ရုံးပိတ်ရက် - ၁ ရက် )
ကဆုန်လပြည့်နေ့ - ၁ ရက် ( ၂၅.၅.၂၀၂၁ )

ဇွန်လတွင်  အစားထိုးရုံးပိတ်ရက် မရှိပေ။  

ဇူလိုင်လ ( ရုံးပိတ်ရက်ပေါင်း - ၂ ရက် )
အာဇာနည်နေ့ - ၁ ရက် ( ၁၉.၇.၂၀၂၁ )
ဝါဆိုလပြည့်နေ့ - ၁ ရက် ( ၂၃.၇.၂၀၂၁ )

ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် အစားထိုးပိတ်ရက် မရှိပေ။

အောက်တိုဘာလ ( ရုံးပိတ်ရက်ပေါင်း - ၃ ရက် )
သီတင်းကျွတ်ရုံးပိတ်ရက်များ - ၃ ရက် ( ၁၉ မှ ၂၁.၁၀.၂၀၂၁ ထိ )

နိုဝင်ဘာလ ( ရုံးပိတ်ရက်ပေါင်း - ၄ ရက်)
တန်ဆောင်တိုင်ရုံးပိတ်ရက်များ - ၂ ရက် ( ၁၇ မှ ၁၈.၁၁.၂၀၂၁ ထိ )
အမျိုးသားအောင်ပွဲနေ့ - ၂ ရက် ( ၁၈ - ၂၉.၁၁.၂၀၂၁ )

ဒီဇင်ဘာလ ( ရုံးပိတ်ရက်ပေါင်း - ၂ ရက်)
ခရစ္စမတ်နေ့ - ၁ ရက် ( ၂၅.၁၂.၂၀၂၁)
နိုင်ငံတကာနှစ်သစ်ကူးနေ့ - ၁ ရက် ( ၃၁.၁၂.၂၀၂၁)

ဒီပါဝါလီနေ့၊ အီဒုလ်အဿွာဟာနေ့များကို သီးသန့်ထပ်မံ ကြေညာမည်ဖြစ်ပြီး ဘဏ်ပိတ်ရက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ကြေညာသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အများပြည်သူ အလုပ်ပိတ်ရက်များအတွက် ခံစားခွင့် မနစ်နာစေရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ​၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ (၂၅) အရ တစ်ဆက်တည်းဖြစ်သော ရုံးဖွင့်ရက်များဖြင့် အစားထိုးဖြည့်စွက် ပိတ်ပေးလိုက်ခြင်း ဖြစ်သည်။

⇐ Previous Next

Read 1482 times