Health & Beauty

ခန္ဓာကိုယ်ပြည့်တဲ့သူတွေ အဝတ်အစားရွေးတဲ့အခါ အဓိက သတိထားရမယ့် အချက် (၃) ချက်

Be aware at choosing cloths when you are a bit fat

အဝတ်အစားရွေးတဲ့အခါ ကိုယ့်ခန္ဓာကိုယ် အချိုးအစားပေါ် မူတည်ပြီး ကိုယ့်နဲ့ လိုက်ဖက်တာကို ရွေးတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ပြည့်ပြည့်လေး ဖြစ်တဲ့ထဲ ပါနေတယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့်ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့ အချက်လေးတွေကို ကြည့်ပြီးမှ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးချယ်သင့်ပါတယ်။ 

အဝတ်အစား အပွတွေကို ရှောင်ပါ။ 

အဝတ်အစား ရွေးချယ်တဲ့ နေရာမှာ ခန္ဓာကိုယ်ပြည့်တဲ့ သူတွေက အဝတ်အစား အပွတွေကို ရှောင့်သင့်ပါတယ်။ အကြောင်းကတော့ ကိုယ်ခန္ဓာကိုယ် ဆိုက်ဒ်ထက်ကြီးတဲ့ အဝတ်အစားတွေကို ဝတ်တဲ့အခါ နဂိုရှိတဲ့ ခန္ဓာကိုယ်ထက် ပိုပြီး ကြီးသွားသလို မြင်ရစေနိုင်ပါတယ်။ အဲ့ဒါကြောင့် အဝတ်အစား ရွေးချယ်တဲ့အခါ ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။ 

ရုံးသွားတဲ့အခါ အဝတ်အစားကို သေချာရွေးပါ။ 

ရုံးသွားတဲ့အခါ ခန္ဓာကိုယ်ပြည့်တဲ့ မိန်းကလေးတွေဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးပေါ်လွင်စေတဲ့ ခပ်ကျပ်ကျပ် အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။ အဲ့ဒါကြောင့် ရုံးသွားတဲ့အခါ စကပ် အကျပ်လေးတွေကို ရွေးချယ်သင့်ပါတယ်။ 

ယောကျာ်းလေးတွေဆိုရင်တော့ ရုံးသွားတဲ့အခါ သာမန် Shirt တစ်ထည်ပဲ ဝတ်တာထက် Shirt ပေါ်ကနေ ကုဒ်တစ်ထည်လောက် ထပ်ဝတ်လိုက်တာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးသေးသွားသလို ထင်ရစေပါတယ်။ အဲ့ဒါကြောင့် ယောက်ျားလေးတွေ အနေနဲ့ အပေါ်ထပ်ကုဒ်ကို ရုံးသွားတဲ့အခါ ဝတ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ 

အဝတ်အစားအရောင်ကို သေချာရွေးချယ်ပါ။ 

အရောင်ရွေးချယ်တဲ့ အခါ အပေါ်ပိုင်းကို အရောင်တောက်တာ ဒါမှမဟုတ် အရောင်ငြိမ်တဲ့ အဝတ်အစားတွေကို ကိုယ်ကြိုက်သလို ရွေးချယ်လို့ ရပါတယ်။ 

ဒါပေမယ့် ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ အမဲရောင်၊ ခဲရောင်အရင့်၊ အညိုရောင် စတဲ့ အရောင် အရင့်တွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ အကြောင်းကတော့ အဲ့လို အရောင်ရင့်လေးတွေက ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို ပိုမိုပေါ်လွင်စေပြီး ပိုမိုလှပစေလို့ပဲ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1247 times