Health & Beauty

ထူးထူးခြားခြား ငါးအာလူး ကတ်တလိတ် လုပ်စားကြမယ်

Make your Fish Potato Catalace in easiest way

အားလူးကတ်တလိတ် လုပ်စားမယ်ဆိုရင် ပုံမှန်စားနေကြ ပုံစံဖြစ်တဲ့ အားလူးပဲ သုံးပြီး လုပ်တာထက် အခုပြောပြမယ့် နည်းတွေကို အသုံးပြုပြီး ပြုလုပ်ကြည့်ပါ။ ကိုယ်ကိုတိုင်ကလည်း တစ်မူထူးခြားတဲ့ အရသာလေးတွေကို ပြုလုပ်ကြည့်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် နည်းလေးတွေက အဆင်ပြေစေမယ်လို့ ထင်ပါတယ်။ 

ငါးကတ်တလိတ် (လက်) ကြော် 

ငါးကတ်တလိတ်ကြော်ကို ပြုလုပ်တဲ့အခါ ငါးကိုပြုတ်ပြီး အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ကင် (grill) ထားသော ငါးက ပြုပ်တာထက် အချိုရည်တွေ မထွက်သွားတဲ့ အတွက် ပိုချို၊ ပိုမွှေးစေပါတယ်။ 

ငါးကတ်တလိတ်(လက်)ကြော် အတွက် လိုအပ်တာလေးတွေ …

 

  •    ငါးကင် - တစ်ကောင် (သို့) နှစ်ကောင်

  •     နူးအောင်ပြုတ်ပြီးနောက် ဖိချေထားသော အာလူး – 1 cup (250 ml)

  •     ပါးပါးလှီးထားသော နံနံပင် နှင့် ပူစီနံ – 1/2 cup (125 ml)

  •     ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၃ ဇွန်း

  •     ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း

  •     ကော်မှုန့် (potato starch (or) corn starch) – ထမင်းစားဇွန်း ၂ ဇွန်း

  •     ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန် တစ်ဝက်

  •     ဇီယာစေ့မှုန့် (cumin powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  •     မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  •     သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  •     ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  •     ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

  •     ကြက်ဥ – ၁ လုံး (အခြားပါဝင်ပစ္စည်းများဖြင့် ရောနယ်ရန်)

  •     ကြက်ဥ – ၁ လုံး (ကတ်တလိတ် အပြင်မှ ကပ်ရန်)

  •    ပေါင်မုန့် အကြေမှုန့်  – 2 cups ခန့် (မှုန့်ညက်မနေပါက ဖိကြိတ်ချေပြီးမှ သုံးပါ။)

ပါဝင်ပစ္စည်းတွေ ထဲကမှ ပေါင်မုန့် အကြေမှုန့်နဲ့ ကြက်ဥတစ်လုံးကို ဖယ်ထားပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို  နှံ့သွားအောင် နယ်ကာ မိမိနှစ်သက်သလောက် ပမာဏခန့်စီ ယူပြီး နှစ်သက်ရာပုံ လုပ်ထားပါ။

ပုံဖော်ပြီးပြီ ဆိုရင်တော့ ဖယ်ထားတဲ့ ပေါင်မှုန့် အကြေနဲ့ ကြက်ဥတစ်လုံးတို့ကို သမအောင်မွှေပြီး ပုံဖော်ထားတဲ့ တစ်ခုစီမှာ လိုက်ကပ်ပါမယ်။ ငါးကက်တလိတ် ကြော်တဲ့အခါ တစ်ဝက်ခန့်မြှုပ်အောင် ထည့်ထားတဲ့ ဆီကို  ပူအောင်စောင့်ပြီးမှ ပုံဖော်ထားတဲ့ ငါးကတ်တလိတ်လေးတွေကို အိုးမကြပ်အောင် ထည့်ပြီး အပူချိန်ပုံမှန်တိုင်း သုံးပြီး ကြော်ပေးပါ။

 

နှစ်ဖက်လုံး ရွှေဝါရင့်အရောင် ဖြစ်လာလျှင် ဆီစစ်ဆယ်ထုတ်ပြီး paper towel ပေါ်တင်ကာ ဆီဆက်စစ်ထားပါ။ ဆီစစ်ပြီးနောက် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

⇐ Previous Next

Read 1438 times