Things To Do

ငွေ ၆,၀၀၀ လောက်နဲ့ ကလေးရော လူကြီးပါမကျန် စိတ်ပျော်ရွှင်ရမယ့် နေရာလေးတစ်ခု LuLu Land

Indoor Playground LuLu Land

ဒီတစ်ပတ်ပိတ်ရက် ကိုယ့်ရဲ့ အားလပ်တဲ့အချိန်တွေမှာ စိတ်လှုပ်ရှားစရာ ဂိမ်းလေးတွေ၊ ချွေးထွက်ရမယ့် ကစားနည်းလေးတွေ ဆော့ရင်း ဖြတ်သန်းချင်သူတွေအတွက် နေရာလေးတစ်ခု တွေ့ထားပါတယ်။

၅ နှစ်နဲ့ အထက် သားသားမီးမီးလေးတွေနဲ့ ဖေဖေ၊ မေမေ၊ အုပ်ထိန်းသူလူကြီးတွေပါ ဝင်ပြီး ကစားလို့ရမယ့် နေရာလေးကတော့ ကလေးတွေအတွက် ပျော်စရာကစားနည်းတွေ၊ လူကြီးတွေအတွေ စိတ်ထွက်ပေါက်ရမယ့် ကစားနည်းအစုံ တစ်နေရာတည်းမှာ ရှိတဲ့ LuLu Land မိုးလုံလေလုံကစားကွင်းဖြစ်ပါတယ်။ 

Advertisement

Click Here > Asia Power Quality

LuLu Land မှာဆိုရင် -

- စိတ်လွတ်ကိုယ်လွတ် ပြေးလွှားခုန်ပေါက်ရင်း ဘောလုံးတွေကြား ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် Soft Play 

- စိတ်ကူးယဥ်စွန့်စားခန်းတွေထဲကအတိုင်း အတားအဆီးအမျိုးမျိုးကို သတ္တိရှိရှိ ဆော့ကစား ကျော်ဖြတ်ရင်း ပန်းတိုင်ကို အရောက်သွားရမယ့် Obstacle Course

- အရှုံးမပေးတဲ့ စိတ်နဲ့ မြင့်နိုင်သမျှမြင့်အောင် တွယ်တက်ဆော့ကစားရမယ့် Rock Climbing တို့အပြင်

- ရေစီးဆင်းပုံသဘောတရားနဲ့ သိပ္ပံသဘောတရားတွေကို ဆော့နေရင်း နားလည်လာစေမယ့် ပျော်စရာ Water Play စတဲ့ နိုင်ငံတကာအဆင့်မီ ကစားနည်းပေါင်းများစွာကို ကလေးတွေရော ငယ်ဘ၀ကို လွမ်းနေတဲ့ လူကြီးတွေပါမကျန် ဝင်ကစားရင်း စိတ်အပန်းဖြေလို့ရပါတယ်။

Soft Play Area ထဲမှာ ကလေးတွေ အချင်းချင်း သူငယ်ချင်းဖွဲ့ရင်း ပြေးလွှားကစားနိုင်မယ့်အပြင် ဘောလုံးလေးတွေကြား ကူးခတ်ပျော်ပါးနိုင်မယ့် “Ball Pit” နဲ့ ကလေးတွေရဲ့ အသည်းစွဲ “လျှော” တွေလည်း ရှိလို့ သူတို့လေးတွေ တအားကို ကြိုက်ကြမှာ သေချာပါတယ်။ 

Obstacle Course နဲ့ Rock Climbing ကတော့ စွန့်စားရတာကြိုက်တဲ့ ကလေးတွေတင်မဟုတ်ဘဲ လူကြီးတွေအတွက်ပါ စိတ်လှုပ်ရှားပြီး ချွေးထွက်ရမယ့် ကစားနည်းလေးဖြစ်ပါတယ်။

ရေနဲ့ ဆော့ကစားရတာကို ဝါသနာပါတဲ့ သားသားမီးမီးတို့အတွက် Lulu Land မှာ Water Play ကစားနည်းလည်း ရှိပါတယ်။

ဒီကစားနည်းက ရေလေးတွေ တစ်နေရာကနေ တစ်နေရာ ဘယ်လို စီးဆင်းသလဲ? ကစားစရာလေးတွေကို ဘယ်လိုမျိုး တည်ဆောက်ထားတာလဲ? ရေရဲ့ တွန်းအား၊ ဖိအား၊ ဆွဲအားတွေက ကစားစရာလေးတွေအပေါ်ကို ဘယ်လိုသက်ရောက်သလဲ? ‍‍‍ရေဖိအားအပေါ်မူတည်ပြီး ကစားစရာလေးတွေရဲ့ လှုပ်ရှားမှုပုံစံဘယ်လိုမျိုးပြောင်းလဲသွားသလဲ? စတာတွေကို ပျော်ပျော်ရွင်ရွင် ဆော့ကစားကြည့်ရှုလေ့လာရင်း သားသားမီးမီးတွေရဲ့ စဥ်းစားနိုင်စွမ်းကိုလည်း မြှင့်တင်ရာရောက်ပါတယ်။

LuLu Land မှာဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်ရော၊ ဥာဏ်ရည်ထက်မြတ်ဖို့အတွက်ပါ ရွေးချယ်စရာ ကစားနည်း စုံလင်တာကြောင့် ကလေးတွေအတွက် ကစားရုံသက်သက်မဟုတ်ဘဲ တက်ကြွပျော်ရွှင်စေပြီး ဥာဏ်ရည်လည်း မြင့်မားစေပါတယ်။

မိသားစုလိုက် သွားမယ်ဆိုရင် ကလေးတွေ ဆော့နေတာကို အပြင်က စောင့်ကြည့်နေစရာ မလိုတော့ဘဲ ကိုယ်တိုင်ဝင်ရောက် ကစားနိုင်မယ့်အပြင် အမျိုးသားတွေအတွက် အနားယူ Chill နိုင်ဖို့ ဂိမ်းအစုံရှိတဲ့ PS5၊ Billiard ခုံ၊ Football Table ထားရှိပေးထားတဲ့ Men Cave ရှိပါတယ်။ အမျိုးသမီးတွေ အပန်းဖြေ Relax ဖို့အတွက်လည်း Hair & Nail Salon စီစဥ်ပေးထားတော့ မဆော့ချင်တဲ့ မမလှလှတွေကတော့ Salon မှာ ဇိမ်ဝင်ခံလို့ရပါတယ်။ 

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဆော့ကစားနေတုန်း ဗိုက်ဆာလာတဲ့အခါ အားဖြည့်ပြီး ဆက်ဆော့ဖို့  အရသာရှိတဲ့ အစားအသောက်ကောင်းများ ရနိုင်တဲ့ Restaurant ပါ ရှိပါတယ်။ ရေခဲမုန့်၊ ကော်ဖီ၊ အအေး၊ ဘာဂါ၊ ဆန်းဝှေ့ချ်တို့အပြင် ထမင်းနဲ့ တွဲစားလို့ရတဲ့ ဟင်းပွဲတွေပါ အစုံအလင်ကို ရပါတယ်။ ပြင်ပ အစားအသောက် ယူဆောင်လာခွင့် ပြုထားတဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် အစားအသောက် ယူလာမယ်ဆိုလည်း အဆင်ပြေပါတယ်။

စျေးနှုန်းတွေကတော့ အချိန်ကန့်သတ်ချက်မရှိ All Day Pass Ticket တစ်စောင်ကို - 

ကလေး ၁၂,၀၀၀ ကျပ်၊ လူကြီး ၆,၀၀၀ ကျပ် (တနင်္လာကနေ သောကြာနေ့အထိ)

ကလေး ၁၈,၀၀၀၊ လူကြီး ၉,၀၀၀ ကျပ် (စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်) သတ်မှတ်ထားပါတယ်။ ကစားကွင်းလက်ပတ်ရှိထားရုံနဲ့ အချိန်ကန့်သတ်ချက်မရှိ တစ်နေကုန် စိတ်ကြိုက်အ၀ဆော့နိုင်ပါတယ်။

LuLu Land ကစားကွင်းက ကလေးရော လူကြီးပါ အပန်းဖြေနိုင်တဲ့ ဗဟန်း၊ ဆရာစံလမ်းမှာ တစ်ခု၊ ကလေးတွေအတွက် သီးသန့်ရည်ရွယ် ဖွင့်လှစ်ထားတဲ့ သာကေတမှာ တစ်ခု ရှိပါတယ်။

မူလတန်းကျောင်းတွေ၊ မူကြိုကျောင်းတွေမှ ကလေးတွေအများကြီးနဲ့ Private လာချင်ရင်ဖြစ်ဖြစ်၊ သားသားမီးမီးတို့အတွက် Private Event လေးတွေ ကျင်းပပေးချင်တာပဲဖြစ်ဖြစ်၊ ကလေးတွေအတွက် မိသားစုသီးသန့် Birthday Party တွေ ကျင်းပချင်လို့ပဲဖြစ်ဖြစ် (၂) နာရီစာ ကစားကွင်းအပြတ်ငှားလို့ရတဲ့ Package တွေလည်း ရှိပါတယ်။

ဗဟန်းဆိုင်ခွဲအတွက်

===========

Monday - Friday 

10am - 12pm session

20 kids + 20 adults 

320,000ks

Monday - Friday 

4pm - 6pm session

40 kids + 20 adults 

500,000ks

Weekend & Public Holidays 

10am - 12pm

20 kids + 20 adults 

400,000ks

သူက Private ဆိုပေမယ့် ပေးထားတဲ့ လက်မှတ်က တစ်နေကုန်လက်မှတ်ဖြစ်တာမို့ အချိန်ပြည့်သွားရင်လည်း ဆက်ဆော့လို့ရပါတယ်။ အချိန်ပြည့်သွားရင် Public ဖွင့်လိုက်တာပဲ ကွာမှာပါ။

သာကေတဆိုင်ခွဲအတွက်

=============

10am - 12pm session

1pm - 3pm session

4pm - 6pm session ဆိုပြီး (၃) မျိုး ရှိပါတယ်။ 1 session ကို ကစားချိန် (၂) နာရီ ရရှိမှာဖြစ်ပြီး (၁၅) ယောက်အထိ ဝင်လို့ရပါတယ်။

1 session ကို တနင်္လာကနေ သောကြာနေ့အထိ ၂၉,၀၀၀ ကျပ်၊ စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေဆို ၃၉,၀၀၀ ကျပ် ရှိပါတယ်။ သာကေတဆိုင်ခွဲက Private Session နဲ့ပဲ လက်ခံလို့ ကြိုပြီး Booking တင်ဖို့တော့ လိုပါမယ်။

LuLu Land (Bahan Brach)

လိပ်စာ - အမှတ် (၂၈/ဘီ)၊ ဆရာစံလမ်း၊ ဆရာစံလမ်းနှင့် ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 

LuLu Land (Tharkayta Branch)

လိပ်စာ - အမှတ် (၁၁၃၄)၊ သုမနလမ်း၊ သုမနလမ်းနှင့် မာန်ပြေထောင့်၊ ဆီဆိုင်မှတ်တိုင်အနီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

Ph : 09-444700018 နဲ့ 09-401122881

Opening Hours - 10 a.m. to 8 p.m.

Opening Days - Monday to Sunday

စာဖတ်ပရိသတ်အခိုင်အမာ ရရှိထားတဲ့ My Yangon Guide မှာ အပေါ်ကလိုမျိုး Content ပုံစံ ကြော်ငြာထည့်ချင်ရင်ဖြစ်ဖြစ်၊ Banner Ads ထည့်ချင်ရင်ဖြစ်ဖြစ် Facebook Messenger (https://www.facebook.com/YangonGuide) မှာ ကြော်ငြာကိစ္စ အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

⇐ Previous Next

Read 2223 times