Things To Do

တစ်လလုံးမှ 5000 ကျပ်ဖြင့် အင်္ဂလိပ်စာ 4 skillsကို လေ့လာနိုင်မည်

Learn English 4 Skills with 5000 MMK

မြန်မာနိုင်ငံတွင် လူငယ်အများစုနှင့် ခေတ်ရေစီးကြောင်း၊ပညာရေး ရေစီးကြောင်းတို့ကိုလိုက်နေသူတို့​၏ ဘုံလက်စွဲသည် အင်္ဂလိပ်စာနှင့် technology ဖြစ်သည်။ ထိုအထဲမှ အင်္ဂလိပ်စာလေ့လာနေသူတို့​၏ သုံးပုံတစ်ပုံခန့်သည် သင်တန်းကျောင်းများတက်၍ လေ့လာနေကြသည်။ ကျန်ရှိသူများအနေဖြင့် youtube,social media နှင့် application အစရှိသည့် နည်းလမ်းပေါင်းစုံတို့ဖြင့် အသီးသီးလေ့လာနေကြသည်။

 

ယခုလို ခက်ခဲကျပ်တည်းနေသောကာလတွင် အလုပ်လုပ်နေသူများ၊ အချိန်မပေးနိုင်သူများ၊ ငွေကြေးမတက်နိုင်သူတို့သည် သင်တန်းတက်ရန် အဆင်မပြေမှုများစွာရှိကြသည်။ ထို့ကြောင့် local application တစ်ခုဖြစ်သော SAYA:The English Learning App ဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။

 

ယခင်တစ်ခါတွင်လည်း SAYA applicationဖြင့် မိတ်ဆက်ပေးခဲ့ဖူးပါသည်။ ယခုတွင် SAYA  သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာသို့ ထိရောက်မှုရှိအောင် အဆင်ပြေနိုင်မည့်ပမာဏဖြင့် ထပ်မံရောက်ရှိလာသည်ကို ထပ်မံမိတ်ဆက်ပေးချင်ပါသည်။ တစ်လကို ၅၀၀၀ ကျပ်ဖြင့် 4 skills နှင့် တခြားသော Courseတွေအကုန်လုံးကို SAYA မှ စတင်လေ့လာလို့ရနိုင်မည့် သတင်းကောင်းလေး ဖြစ်ပါသည်။ ထို့အပြင် September လကုန်အထိ subscribe လုပ်တဲ့သူများအနေနဲ့လည်း Promocode SEPSAYA21 နှင့် 50% discount ကိုလည်း ရယူနိုင်သည်ဟု သိရှိရပါသည်။

 

 

SAYA applicationကို Binary Lab Web Development မှ စတင်ရေးဆွဲလိုက်တာဖြစ်ပြီး SAYA application ထဲတွင် ဝါရင့်ဆရာ၊ ဆရာမ များရဲ့ စနစ်တကျရေးဆွဲထားသော Course အလိုက်၊ 4 skillsကို level အလိုက်၊ 4 skills အပြင် တခြားသော English knowledge Course အလိုက်၊မတူညီသော gaming practice sessionတွေအလိုက် ခွဲခြားထားသည်။  အလွှာမျိုးစုံမှလေ့လာနိုင်ရေးအတွက် မနည်းမများ ပမာဏဖြစ်သော ၅၀၀၀ ကျပ်ဖြင့် အင်္ဂလိပ်စာကို မိမိအိမ်တွင်ဖုန်းတစ်လုံးရှိရုံနှင့် အချိန်မရွေးလေ့လာနိုင်သည်ကို အကြောင်းကြားပေးလိုက်ပါသည်။ Payment systemကိုလည်း လူတိုင်းအဆင်ပြေမည့် ပေးချေမှုပုံစံဖြင့် စနစ်တကျလုပ်ထားကြောင်းကို SAYA တာဝန်ရှိသူများထံမှ သိရှိရပါသည်။

 

Application ကို Play Storeတွင်download ရယူကာအသုံးပြုလို့ရပြီး   Video lessons များသည် လုပ်ငန်းခွင်ဝင်မဲ့သူများအတွက်၊ ယခုမှစလေ့လာချင်သူများအတွက်၊ advanced levelရှိနေသူများအတွက်၊ ကျောင်းသား ကျောင်းသူအရံယ်များအတွက် အစရှိသဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

 

ယခုတွင် Application သည် Iphone userများအတွက်ပြင်ဆင်နေပြီး Android အသုံးပြုသူများအတွက်သာ အသုံးပြုလို့ရနေပါကြောင်းကို SAYAမှ သိရှိရပါသည်။ တစ်လကို ၅ထောင်ကျပ်ဖြင့် လေ့လာနိုင်ရန်အတွက် အောက်တွင် download လင့်ခ်လေးထည့်သွင်းပေးထားပါသည်။

https://play.google.com/store/apps/details?id=com.saya&hl=en&gl=US 

⇐ Previous Next

Read 6409 times