Entertainment

အချိန်တိုအတွင်းရေပန်းစားလာတဲ့ Pokémon Unite

Pokémon Unite, which became popular in a short time

ဒီနေ့တော့ ကျွန်တော်က ဂိမ်းလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒါကတော့ စက်တင်ဘာ (၂၂) ရက် နေ့ကမှ အသစ်ထွက်ထားတဲ့ Pokémon Unite ဆိုတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Pokémon ဆိုတာ ကျွန်တော်တို့ငယ်ဘဝက တော်တော်လေး နှစ်သက်ခဲ့ကြတဲ့ animation series တစ်ခုပါ။ 

Pokémon Fan တွေ ဘယ်လောက်များလဲဆိုရင် Pokémon Go ထွက်တုန်းက မြန်မာနိုင်ငံကလူတွေ အလုအယက် ဆော့ခဲ့ကြတာကို ကြည့်ရင်သိနိုင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Pokémon Unite ကတော့ MOBA Game အမျိုးအစားဖြစ်ပေမယ့် တစ်ခြား MOBA တွေနဲ့မတူတာက Tower ချိုးရင်နိုင်တဲ့ ဂိမ်းမဟုတ်ပဲ အမှတ်နဲ့ အနိုင်အရှုံးဆုံးဖြတ်တာပါ။ 

လမ်းကလည်း သုံးလမ်းမပါဘဲနဲ့ နှစ်လမ်းပဲ ပါပါတယ်။ MLBB, LOL တို့လို Jungle Creep တွေသတ်ရင် ပိုက်ဆံရတာမဟုတ်ပဲနဲ့ ခေါင်းပေါ်မှာပေါ်နေတဲ့ အမှတ်လေးတွေအတိုင်း အမှတ်ရတာပါ။ (၂) မှတ်တန်အကောင်ကိုသတ်ရင် (၂) မှတ်ရမှာဖြစ်ပြီး (၅)မှတ်တန်ဆို (၅) မှတ်ရမှာပါ။ ရလာတဲ့အမှတ်လေးတွေကို တစ်ဖက်အသင်းရဲ့  ဂိုးပေါက်မှာသွင်းရင်း အမှတ်ယူရမှာဖြစ်ပါတယ်။

Pokémon လေးတွေက Jungle ကောင်လေးတွေကို သတ်ရင်းနဲ့ Level တက်လာမှာ ဖြစ်ပြီး  level  တက်လာတာနဲ့အမျှ ကိုယ့်ရဲ့အကောင်လေးတွေက Physical Damage, Spell Damage တွေလည်း လိုက်တက်လာမှာပါ။ ဒါ့အပြင် Pokémon အကောင်တိုင်းမှာ level-9 ရောက်ရင် Unite Spell လို့ခေါ်တဲ့ Ultimate Spell ပွင့်မှာဖြစ်ပါတယ်။ ကိုယ့်အကောင်က သေသွားမယ်ဆိုရင်တော့ ရထားတဲ့အမှတ်တွေက ကျသွားမှာပါ။ ပြုတ်ကျသွားတဲ့ energy လို့ခေါ်တဲ့အမှတ်တွေကို တစ်ဖက်အသင်းက ကောက်လို့ရမှာဖြစ်ပြီး ကိုယ့် Goal ထဲမထည့်နိုင်အောင် ကာကွယ်ရပါမယ်။ 

ပွဲတစ်ပွဲကို အချိန် (၁၀) မိနစ်ကြာမှာဖြစ်ပြီး ပွဲပြီးဖို့ (၂) မိနစ်အလိုမှာတော့ မြေပုံရဲ့ အလယ်မှာ  Zapdos တစ်ကောင်ထွက်လာမှာဖြစ်ပြီး MLBB, LOL တို့ရဲ့ Lord/Baron တို့နဲ့ သဘောတရားတူပါတယ်။ ကိုယ့်အသင်းက အဲ့ဒီ Zapdos ကိုသတ်နိုင်ရင် ကိုယ်ထည့်လိုက်တဲ့ အမှတ်တွေကို အချိန်မစောင့်ရပဲ ချက်ချင်းသွင်းလို့ရမှာဖြစ်တဲ့အတွက် အရမ်းအရေးကြီးတဲ့ Objective တစ်ခုပါ။ (၂) မိနစ်နောက်ပိုင်းမှာ သွင်းတဲ့အမှတ်မှန်သမျှကို (၂) နဲ့မြှောက်ပြီး ရသွားမှာပါ။ Attackers, Speedstars, Allrounders, Defenders, Supporters ဆိုပြီး (၅) ခုပါပါတယ်။ MLBB, LOL မဆော့ဖူးဘူးဆိုရင်တောင် ဒီဂိမ်းလေးကို လွယ်လွယ်ကူကူဆော့နိုင်မှာမလို့ စမ်းဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

⇐ Previous Next

Read 1352 times