Things To Do

၅၀% အထိ လျှော့စျေးနဲ့ ခရီးစဉ်ဝန်ဆောင်မှုတွေကို ရောင်းချပေးသွားမယ့် ခရီးသွားပြပွဲ

Let's Go - VACS Yangon Travel Fair 2023

ခရီးသွားဖို့ အစီအစဉ်ရှိပေမဲ့ ကမ်းခြေမှာ အပန်းဖြေရမလား? ရှေးဟောင်းမြို့တစ်မြို့ကို သွားလည်ပြီး ဗဟုသုတ ယူမလား? တောင်ပေါ်ဒေသလေးမှာ အေးဆေးအနားယူမလား? သဘာ၀တရားကြီးနဲ့ အနီးကပ်ဆုံး ထိတွေ့ခံစားမလား? ပြည်ပခရီးစဉ်လား? စသဖြင့် ဘယ်နေရာကို သွားလို့ သွားရမှန်းမသိ ဒွိဟတွေ ဖြစ်နေတယ်ဆိုရင်တော့ Let's Go ရဲ့ ခရီးသွားပြပွဲကြီးကိုသာ အားကိုးလိုက်ပါ။ Let's Go ရဲ့ အမိုက်စား ခရီးသွားပြပွဲကြီး ၂၀၂၃ ကို လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ Yangon Convention Center မှာ ကျင်းပသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ 

ဒီပြပွဲမှာ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ၊ ဒေသထွက် ထုတ်ကုန်တွေ၊ Travel Accessories တွေ စတဲ့ လုပ်ငန်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း တွေ့နိုင်မယ့်အပြင် နိုင်ငံတကာပြခန်းကြီးတွေကိုပါ လေ့လာခွင့်ရဦးမှာပါ။ ပွဲမှာ ပျော်စရာရော ဗဟုသုတရော ရမယ့် Activities တွေ ရှိတဲ့အပြင် ခရီးစဉ်ပတ်ကေ့ချ်တွေ၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်တွေ၊ ဗီဇာဝန်ဆောင်မှုတွေ၊ ဟိုတယ်ဘိုကင်တွေ အစရှိတဲ့ ခရီးသွားဝန်ဆောင်မှုတွေကို စျေးတန်တဲ့ ပရိုမိုးရှင်းတွေနဲ့ ဝယ်ယူရရှိနိုင်မယ့် တစ်ခုတည်းသော နေရာလည်း ဖြစ်ပါတယ်။

Let's Go ခရီးသွားပြပွဲကြီးမှာဆိုရင် အဓိက ခရီးသွားဇုံကြီး () ခုကို ခရီးသွားလုပ်ငန်းရှင်တွေက အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

Beach Zone မှာဆိုရင် ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်တဲ့အခါ တည်းလို့ကောင်းတဲ့ ဟိုတယ်တွေ၊ လည်ပတ်စရာကျွန်းတွေ၊ ‌စမ်းလုပ်ကြည့်သင့်တဲ့ Activities တွေအကြောင်း

Ancient Zone မှာဆိုရင်လည်း ရှေးဟောင်းဒေသတွေရဲ့ ထူးခြားမှုနဲ့ ခရီးစဉ်တွေအကြောင်း

Highland Zone မှာကတော့ အေးချမ်းလှတဲ့ တောင်ပေါ်ဒေသခရီးစဉ်တွေအကြောင်း

Camping & Staycation Zone မှာက စိတ်လှုပ်ရှားဖွယ် Adventure အတွေ့အကြုံတွေကို ခံစားနိုင်မယ့်အကြောင်း လေ့လာလို့ရမယ့်အပြင်

International Pavilion Zone မှာဆိုရင် ပြည်ပခရီးစဉ်အကြောင်းအပြင် ပြခန်းတွေပါ ထည့်သွင်းပြသသွားမှာပဲဖြစ်ပါတယ်။​

ပြပွဲ လာရောက်သူ ပရိသတ်တွေအတွက် ပွဲမှာတင် ခရီးထွက်နေသလို ခံစားရစေမယ့် Activities တွေကတော့ -  

ပုဂံရဲ့ Trademark တစ်ခုဖြစ်တဲ့ Hand Painting လက်ပန်းချီကို ဆွဲပေးမှာပါ။ ဒါ့အပြင် ကလောအငွေ့အသက်ကို ခံစားရစေမယ့် Jeep Around Kalaw Cafe အဝါရောင် ကော်ဖီဂျစ်ကားကြီးကလည်း ပြပွဲမှာ ရှိနေဦးမှာဆိုတော့ ကဖီးလေးသောက်ရင်း စိတ်ကြိုက် ဓာတ်ဖမ်းနိုင်ပြီလေ။

ညနေခင်းဆိုရင် Live Band တေးဂီတပွဲရှိတော့ သီချင်းတွေ နားဆင်ရင်း ပွဲမှာ ဧည့်ခံတဲ့ Local Food မုန့်လေးတွေကို မြည်းစမ်းနိုင်ပါတယ်။ ပွဲရဲ့ Activities တွေကို ခံစားရင်း ခရီးသွားရာသီအတွက် သင်မသိသေးတဲ့ နေရာတွေ၊ ပြည်တွင်း၊ ပြည်ပ ခရီးစဥ်တွေ၊ ဗီဇာအကြောင်းတွေရယ်ကို ပွဲထဲမှာပဲ စုံစုံလင်လင် မေးမြန်းနိုင်မယ့် Seminar အစီအစဉ်လေးလည်း ရှိပါတယ်။ ပွဲကို လာချင်ပေမဲ့ နေရာဝေးတဲ့သူတွေအတွက် လာကြိုပေးမယ့် Free Shuttle Bus ဝန်ဆောင်မှုလည်း ရှိပါဦးမယ်။ 

ခရီးသွားပြပွဲသွားရင်း ကိုယ်သွားချင်တဲ့ ခရီးစဥ်တွေကိုလည်း ကံစမ်းလို့ ရပါသေးတယ်။ ဘယ်လို ကံစမ်းရမလဲဆိုရင် - 

၁ - အရင်ဆုံး ပွဲသွားဖို့ Pre Registration လုပ်ပေးပါ။

>> https://forms.gle/wTyAg6hLFXzi35C47

၂ - Activities လေးတွေ လုပ်ဆောင်ဖို့အတွက် ပွဲကောင်တာမှာ Passport အရင်ထုတ်ပါ။

၃ - ပွဲက စိတ်ဝင်စားစရာ ခရီးသွားဇုံကြီးတွေကို လိုက်ကြည့်ရင်း တံဆိပ်တုံး ထုပါ။

၄ - သတ်မှတ်ထားတဲ့ တံဆိပ်တုံး Point လေးတွေကို ထုပြီးရင် ကိုယ်သွားချင်တဲ့နေရာကို ရွေးချယ်ပေးဖို့ Wishing Voucher နဲ့ လဲလှယ်ပါ။

၅ - Wishing Voucher မှာ ကိုယ်သွားချင်တဲ့နေရာ ရွေးချယ်ပြီးရင် သီးသန့်ထားရှိထားတဲ့ Bucket ပြခန်းထဲမှာ Bucket List ကို ထည့်ပေးခဲ့ပြီးရင် ပြီးပါပြီနော်။

အဲ့ထဲကမှ ပြပွဲနောက်ဆုံးရက်ဖြစ်တဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကံထူးရှင်ကို ရွေးချယ်ပြီး ကံထူးရှင် ရေးထားခဲ့တဲ့ Bucket List ထဲကအတိုင်း ခရီးစဉ်လေးကို သွားရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

အချိန် - မနက် ၁၀နာရီမှ ညနေ ၆နာရီအထိ

နေရာ - Yangon Convention Center YCC

Hotline - 09  882 557 474

Facebook - https://www.facebook.com/letsgovacs2023

⇐ Previous Next

Read 809 times