Things To Do

ရန်ကုန်တိရစ္ဆာန်ရုံကနေ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံနဲ့ ပန်ဒါနီလေးတွေကို ယာယီမွေးစားနိုင်

 Lion, Elepnat, Bears and Pandas can be adopted From  Yangon Zoo

တိရစ္ဆာန်ချစ်သူတွေအနေနဲ့ ရန်ကုန်တိရစ္ဆာန်ရုံမှာရှိတဲ့ အကောင်ပိစိလေးတွေရော၊ အကောင်အကြီးတွေရော၊ ဖိုက်တာကောင်လေးတွေကိုပါ ယာယီမွေးစားလို့ရမယ့် အစီအစဥ်တစ်ခု ရှိတယ်လို့ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) က သြဂုတ်လ (၁၈) ရက်နေ့မှာ ကြေညာထားပါတယ်။ 

ဒီအစီအစဉ်လေးမှာ ယာယီမွေးစားလို့ရမယ့် ချစ်စရာတိရစ္ဆာန်လေးတွေကတော့ ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံနဲ့ ပန်ဒါနီလေးတွေလိုမျိုး ရှားပါး အကောင်လေးတွေ ပါဝင်ပါတယ်။ 

ယာယီမွေးစားခွင့်အစီအစဉ်ကို ၃လ (သို့) ၆လ ရွေးချယ်နိုင်ပြီး တိရစ္ဆာန်လေးတွေအတွက် အစာအာဟာရ ကျွေးမွေးထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စတာတွေကို ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် မိမိမွေးစားထားတဲ့ အကောင်လေးတွေကို အကြိမ် (၃၀) ထိ သွားရောက် တွေ့ဆုံနိုင်မှာဖြစ်ပြီး ယာယီမွေးစားသူတွေအတွက် ဂုဏ်ပြုလက်မှတ်ကိုပါ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကောင်လေးတွေမွေးဖို့ စိတ်ဝင်စားတဲ့ တိရစ္ဆာန်ချစ်သူတွေအနေနဲ့ ဒီအစီအစဉ်အကြောင်းကို အသေးစိတ်သိရှိလိုတယ်ဆိုရင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့  ဖုန်းနံပါတ် 09682011170 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ 

 

ကိုယ်မွေးစားထားတဲ့ အကောင်လေးတွေကို သွားကြည့်ရင်းနဲ့ ကန်ရေပြင်ကို ဖြတ်သန်းသွားတဲ့ Zipline စီးတာကိုလည်း (၆၀၀၀) ကျပ်ထည်းနဲ့ လုပ်လို့ရသေးတယ်နော်။ Zipline အပြင် Tree Climbing နဲ့ Quick Jump ကိုလည်း တစ်မျိုး (၃,၀၀၀) ကျပ်စီနဲ့ လုပ်နိုင်မှာမို့လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတာပေါ့။

Next ⇒

Read 4283 times